Friday 30 September 2011

လကမ္ဘာအကြောင်း သိကောင်းစရာ

လဟာဘယ် လောက်ကြီးပြီးတော့ ဘယ်လောက်ဝေးသလဲ ဆိုတာကို ကျွန်တော်တို့  အရင် လေ့လာကြည့်ကြရအောင်။
တကယ်တော့ လဟာ ကမ္ဘာ့ အရွယ်အစားထက် လေးပုံပုံ တစ်ပုံလောက်ပဲရှိတယ်..၊ လဟာ (ကျွန်တော်တို့ ကမ္ဘာကနေ ) မိုင်ပေါင်း ၂၃၀,၀၀၀ လောက် အကွာမှာ ရှိပြီး ကျွန်တော်တို့ ရဲ့  အနီးဆုံးမှာရှိတဲ့ အရာဖြစ်ပါတယ်..၊ အာကာသ ဝေါဟာရ သတ်မှတ်ချက်များအရ ဒီ အကွာဝေးကို ( အရမ်းကို) လုံးဝ နီးကပ်တယ်လို့ သုံးသပ်သတ်မှတ်ရပါတယ်..။

လရဲ့ မျက်နှာပြင်ဟာ ဘာနဲ့ တူတာလဲဆိုတာကိုကော ကျွန်တော်တို့  လေ့လာကြည့်ကြမယ်။


၁၉၆၉ ခုနှစ်မှာ လူသားတွေဟာ လရဲ့  မျက်နှာပြင်ပေါ်ကို ပထမဦးဆုံးအကြိမ်ဆင်းသက်ခဲ့တယ်...။ဒီတော့ လဟာ
ဘာနဲ့  တူသလဲဆိုတာ ကို ကျွန်တော်တို့  သိခဲ့ကြရတယ်..၊လမှာ ကရိတ်တာ(ဥက္ကာခဲကျလို့  ဖြစ်သွားတဲ့ချိုင့်ကြီး) တွေလို့ ခေါ်တဲ့ ချိုင့်ခွက် ထောင်ပေါင်းများစွာ ဖုံလွမ်းနေပြီး...ကျောက်ဆောင်ထူထပ်ကြမ်းတမ်းတဲ့ မျက်နှာပြင်ရှိတယ်..။
သိပံပညာရှင် တွေကတော့ လရဲ့ ချိုင့်ခွက်ကြီးတွေဟာ ဥက္ကာပျံ တွေနဲ့  အာကာသမှ အခြားအစအန တွေ လပေါ်ပြုတ်ကျလို့  ဖြစ်ပေါ်ခဲ့တာလို့  ယုံကြည်ယူဆကြတယ်.။ လပေါ်မှာ ကျယ်ဝန်း ချောမွတ် ပြေပြစ်တဲ့နေရာ အချို့ လည်းရှိပါသေးတယ်..။အဲ့ဒီညီညာတဲ့နေရာတွေကို သမုဒ္ဒရာတွေ..၊ပင်လယ်တွေ၊ ရေကန်ကြီးတွေ လို့ေ ခ်ါဝေါ်ကြတယ်..။သူတို့ အရွယ်အစား ဘယ်လောက်ကြီးသလဲဆိုတဲ့ အပေါ်မူတည်ပြီး ခေါ်ဝေါ်တာဖြစ်ပါတယ်..။ သူတို့  ထဲ မှာ ကျောက်ဆောင်တွေနဲ့  မြေကြီးတွေသာပါဝင်ပါတယ်..။ ဒါပေမယ့် ရေတော့မရှိဘူး...။


လဟာ ကမ္ဘာနဲ့  ဘယ်ပုံဘယ်နည်းတွေ ကွာခြားသလဲဆိုတာကိုလည်း ထပ်မံလေ့လာကြည့်ကြရအောင်။

လဟာကမ္ဘာထက်အများကြီး ပိုသေးတယ်ဆိုတဲ့ အချက်ပြင် ကမ္ဘာနဲ့  လအကြား အခြားများစွာသော ကွဲ ပြားခြားနားချက်တွေ ရှိ(သေး)တယ်၊ ပထမဦးဆုံး အချက်က လမှာ ရေမရှိဘူး ၊တိမ်တွေ မရှိဘူး ၊ ဘယ်လို အာကာသလေထုအမျိုးအစား မှမရှိဘူး၊(လပေါ်မှာ) သက်ရှိသတ္တ၀ါတွေမရှိဘူး.၊ လပေါ်မှာ ဆွဲအားကလည်း အများကြီးပိုမိုနည်းပါးတယ်..၊ ကမ္ဘာ့ ဆွဲအားရဲ့  ခြောက်ပုံတစ်ပုံပဲ ရှိတယ်..လို့ ပြောကြပါတယ်..။
နောက်ပြီးတော့ လဟာပုံသဏ္ဍန်ပြောင်းလဲတယ်လို့ ထင်ရတဲ့ အချက်.. လသာတာကို ကျွနုပ်တို့  တွေ့ မြင်ရတယ် ၊ ဘာကြောင့် ဆို နေရဲ့ အလင်းရောင်က လမျက်နှာပြင်ပေါ် ကျရောက်ကန်ထွက်ပြီး ကမ္ဘာဆီသို့  အလင်းပြန်(ရောင်ပြန်ဟပ်)လို့ ဖြစ်ပါတယ်..။ လက ကမ္ဘာကိုပတ်ပြီ ၊ကမ္ဘာက နေကို ပတ်နေတဲ့အတွက် လရဲ့  ထွန်းတောက်တဲ့ မျက်နှာပြင် အစိတ်အပိုင်း အမျိုးမျိုး ကို ကျွန်တော်တို့ တွေ့ မြင်နေရတာဖြစ်ပါတယ်..။
ဒါဘာကြောင့် လရဲ့ ပုံပန်းသဏ္ဍန်ဟာ သေးငယ်ပါလွှာတဲ့ လခြမ်းကွေးလေတစ်ခုကနေ ပြည့်၀၀ိုင်းစက်နေတဲ့ လပြည့်ဝန်းကြီးတစ်ခုအဖြစ် ပြောင်းလဲ သွားတယ်လို့  ထင်ရတဲ့ အချက်ပါပဲ။ အဲ့ဒီပုံ သဏ္ဍန်တွေကို (လကွယ်မှ လပြည့်ထိ အဆင့်ဆင့် ပြောင်းလဲသော) လသဏ္ဍန် အဆင့်ဆင့် လို့ ခေါ်ပါတယ်...။
 @ mdsng

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်