Monday 26 September 2011

အင်ဒိုနီးရှားတွင် စကတ်တို မ၀တ်ကြရန် ဂျကာတာအုပ်ချုပ်ရေးမှူး၏ တိုက်တွန်းချက်ကို အမျိုးသမီးများ ကန့်ကွက်ဆန္ဒပြ



စက်တင်ဘာလ ၁၈ ရက်နေ့တွင် ဂျကာတာမြို့လယ်ခေါင်တွင် အမျိုးသမီးများ ဆန္ဒပြနေစဉ်
ကမ္ဘာပေါ်တွင် မွတ်စလင်လူဦး ရေအများဆုံးသော အင်ဒိုနီးရှားနိုင်ငံတွင် အမျိုးသမီး ၅၀ ခန့်သည် စကတ်တိုများဝတ်၍ ဂျကာတာအုပ်ချုပ်ရေးမှူးကို ကန့်ကွက် ဆန္ဒပြခဲ့သည်။
အသက် ၂၇ နှစ်အရွယ်အမျိုး သမီးတစ်ဦးသည်ယခုလအစောပိုင်း က အများသုံးမီနီဗင်တစ်စီးပေါ်တွင် တိုက်ခိုက်ခံခဲ့ရပြီးနောက် ဂျကာတာ အုပ်ချုပ်ရေးမှူး ဖာအူဇီဘိုဝိုက ဂျကာတာတွင် အများသုံး သယ်ယူပို့ဆောင်ရေး အသုံးပြုပါက အမျိုးသမီးများကို စကတ်တိုမ၀တ်ကြရန် တိုက်တွန်းပြောကြားခဲ့ပြီးနောက် ဆန္ဒပြမှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။အဓမ္မပြုကျင့်ခံရသော ထိုအမျိုးသမီးသည် ရဲကိုတိုင်ကြားခဲ့သော်လည်း ရဲက မဖမ်းပေးနိုင်ခဲ့သဖြင့် ထိုအမျိုးသမီးသည် အဓမ္မပြုကျင့်ခဲ့သူကို ကိုယ်တိုင် ရှာဖွေဖော်ထုတ် နိုင်ခဲ့သည်။
'' အဓမ္မပြုကျင့်သူတွေကို ပြစ်ဒဏ် ကြီးကြီးမားမား ပေးရမယ့်အစား အမျိုးသမီးတွေရဲ့ ၀တ်စားဆင်ယင်မှုအပေါ်ကို အုပ်ချုပ်ရေးမှူးက အပြစ်တင်ခဲ့ပါတယ်။ ဒါဟာ ခွဲခြားဆက်ဆံမှုပါပဲ''ဟု ဆန္ဒပြမှုကို ညှိနှိုင်း ဆောင်ရွက်ခဲ့သူ ချီကာနိုယာက ပြောကြားခဲ့သည်။  စကတ်တိုများ ၀တ်ဆင်ထားသော အမျိုးသမီးတစ်စုသည် မြို့တော်အဓိက အချက်အချာကျသော နေရာတွင် စုဝေးဆန္ဒပြခဲ့ကြပြီး'' ကျွန်မတို့ကို ဘယ်လိုဝတ်ရမယ်ဆိုတာ မပြောခဲ့ပါ။ သူတို့ကို အဓမ္မမပြုကျင့်ဖို့သာ ပြောပါ''နှင့် ''ကျွန်မရဲ့ စကတ်တိုက ကျွန်မအခွင့်အရေးပါ''ဟူသော စာတမ်းများ ကိုင်ဆောင် ဆန္ဒပြခဲ့ကြသည်။ ဂျကာတာအုပ်ချုပ်ရေးမှူးက သူ၏မှတ်ချက်အတွက် စက်တင်ဘာ ၁၇ ရက်နေ့တွင် တောင်းပန်ခဲ့သည်။ဂျကာတာတွင်  ယခုနှစ် အစောပိုင်း ရှစ်လကျော်အတွင်း အဓမ္မပြုကျင့်မှု ၄၁ ခုရှိခဲ့သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်