Wednesday 21 September 2011

အထင်ကရ တက္ကသိုလ်ကြီးများ Gmail အသုံးပြုမှု စွန့်လွှတ်

UC Davis ကဲ့သို့ပင် Gmail အသုံးပြုမှု ရပ်ဆိုင်းလိုက်သော Yale University
အမေရိကန်ပြည်ထောင်စု၏ အထင်ကရ တက္ကသိုလ်ကြီးများတွင် တစ်ခုအပါအဝင်ဖြစ်သော University of California, Davis (ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်/ ဒေးဗိစ့်နယ်မြေ) သည် ဝန်ထမ်းများနှင့် မဟာဌာနများရှိ ဆရာ/ဆရာမများ အတွက်အသုံးပြုသော Gmail အကောင့်ပေါင်း ၃၀,၀၀၀ ကို ရပ်ဆိုင်းလိုက်ပြီ ဖြစ်သည်။ ထိုပြင် ဝန်ထမ်းများနှင့် ဆရာ/ဆရာမများ သာမက တက္ကသိုလ် ပရိဝုဏ် တစ်ခုလုံးအတွက်ပါ Gmail သုံးစွဲမှု ရပ်ဆိုင်းရန် ကြိုးပမ်းနေပြီဖြစ်သည်။ ကျောင်း အာဏာပိုင်များက ထို အီးမေးလ် စနစ်သည် ၎င်းတို့၏ ကိုယ်ရေးအချက်အလက် နှင့် လုံခြုံရေး ဆိုင်ရာ စံချိန်စံညွန်းများကို ပြည့်မှီမှုမရှိဟု ဆိုသည်။

CIO (သတင်းအချက်အလက်ဆိုင်ရာ အရာရှိချုပ်) Peter Siegel နှင့် တက္ကသိုလ် ပညာရေးအဖွဲ့ သဘာပတိ Niels Jensen တို့က ပြောကြားရာတွင် Gmail အသုံးပြုမှု ရပ်ဆိုင်းရခြင်းမှာ သင်ကြားရေး ဌာနများရှိ ဆရာ/ဆရာမများက သူတို့အတွက် လိုအပ်သော ကိုယ်ရေးအချက်အလက် လုံခြုံရေး ကို Gmail က ပြည့်မှီအောင် မထိမ်းသိမ်းနိုင်ဟု စိုးရိမ်နေကြသောကြောင့် ဟုသိရသည်။ ကျွမ်းကျင်သူများက ပြောကြားရတွင် Gmail ၏ အသစ်ပါရှိသော လူမှုကွန်ရက် လုပ်ဆောင်ချက် Google Buzz သည် ကိုယ်ရေးအချက်အလက် နှင့် လုံခြုံရေး ဆိုင်ရာ ပျော့ကွက်များ၏ အထောက်အထား ဖြစ်သည်ဟု ဆိုသည်။
University of California, Davis (ကယ်လီဖိုးနီးယား ပြည်နယ် တက္ကသိုလ်/ ဒေးဗိစ့်နယ်မြေ)
 ကျောင်း အာဏာပိုင်များက “ပြင်ပ အီးမေးလ်စနစ်တစ်ခုကို အသုံးပြုခြင်းသည် University of California ၏ အီလက်ထရွန်းနစ် နှင့် ဆက်သွယ်ရေးဆိုင်ရာ စည်းမျဉ်း မူဝါဒများနှင့် ကိုက်ညီမှု မရှိ” ဟူ၍လည်း ဖော်ပြခဲ့ကြသည်။

လွန်ခဲ့သော တစ်လခန့်ကလည်း နာမည်ကျော် Yale University (ရေးလ် တက္ကသိုလ်) သည်လည်း အလားတူ ဆုံးဖြတ်ချက်မျိုး ချခဲ့ပြီးဖြစ်သည်။ Yale University က အဓိက စိုးရိမ်သည်မှာ Google သည် အချက်အလက်များကို Cloud Computing (အင်တာနက်ကို အခြခံ၍ အချက်အလက်များ တွက်ချက်မျှဝေသည့် စနစ်) ပေါ်တွင် စီမံခန့်ခွဲခြင်းကြောင့် ဖြစ်ပေါ်လာနိုင်သော နည်းပညာ အန္တရယ်များကို ဖြစ်သည်။

သို့သော် အခြားတစ်ဘက်တွင်လည်း များစွာသော ကျောင်းမှားနှင့် အစိုးရဌာနများည် IT ကုန်ကျစရိတ်များ လျော့ချရန် Gmail နှင့် Google Apps (အဖွဲ့အစည်းသုံး Gmail စနစ်တစ်မျိုး) တို့ကို အသုံးပြုလျှက် ရှိကြသည်။ လွန်ခဲ့သောနှစ်ကပင် လော့စ်အိန်ဂျယ်လိစ် မြို့တော်ကောင်စီက “went Google” ဟူသော စီမံချက် ကို တစ်ညီတစ်ညွှတ်တည်း ထောက်ခံခဲ့ကြသေးသည်။ ထို့အပြင် ဝါရှင်တန် ဒီစီ ကလည်း Gmail အပါအဝင် Google Application များကို သုံးဆွဲနေကြသည် ဟုသိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်