
ရှုရှားနိုင်ငံ၊ ဘဏ္ဍာရေးဝန်ကြီး အလက်ဆီကူဒရင်က ၎င်း၏နိုင်ငံသားများကို ဆေးလိပ်နှင့် အရက်များပိုမို
သောက်သုံးခြင်းဟာ နိုင်ငံတော်အတွက်ဝင်ငွေအခွန်များ တိုးမြှင့် ရရှိကာ လူမှုဖူလုံရေး၊ ပြည်သူ့ အကျိုးပြုလုပ်ငန်းများအတွက် ဘဏ္ဍာငွေများတိုးတက်လာစေမှာမို့  သောက်သောက်စားစားလူမင်းသား များလုပ်ကြဖို့ တိုက်တွန်းပြောဆိုခဲ့ ပါတယ်...
" သင့် အနေနဲ့ စီးကရက်တစ်ဗူးသောက်သုံးတယ်ဆိုပါစို့ ...ဒါဆိုသင်ဟာ လူမှုဖူလုံရေးလုပ်ငန်းတွေကို ကူညီရာရောက်ပါတယ်...
ဘာဖြစ်လို့ လည်းဆိုတော့ သင်သုံးလိုက်တဲ့ ငွေကြောင့် စီးပွားရေးဆိုင်ရာညွှန်းကိန်း
များမြင့် တက်လာပြီး အလုပ်အကိုင်အခွင့် အလမ်းကဲ့ သို့ လူမှုရေးဆိုင်ရာကိစ္စရပ်များမြင့် မားလာကာ က
လေးမွေးဖွားနှုံးကိုလည်း ထိန်းသိမ်းထောက်ကူပေးနိုင်မှာဖြစ်ပါတယ်..." လို့ မစ္စတာ ကူဒရင်က လွန်ခဲ့ တဲ့ 
ဗုဒ္ဓဟူးနေ့ က ရုရှားနိုင်ငံ၊ အင်တာဖက်စ် သတင်းဌာနကိုပြောကြားခဲ့ တယ်လို့ ဆိုပါတယ်...
" ဆေးလိပ်၊ အရက်တွေများများသောက်လေ နိုင်ငံတော်ကို ကူညီရာရောက်လေပဲဆိုတာ လူတွေသိထား
ဖို့ လိုပါတယ်..." လို့ သူကဆိုခဲ့ ပါတယ်...
ရုရှားအစိုးရက အရက်နဲ့ စီးကရက်များအတွက် အခွန်အခများတိုးမြှင့် ကောက်ခံဖို့ စီစဉ်နေတယ်လို့ ကြေ
ငြာခဲ့ ပါတယ်...
ရုရှားနိုင်ငံသား ( အမျိုးသားများ၏) ၆၅ ရာခိုင်နှုံးကဆေးလိပ်သောက်သုံးကြပြီး ရုရှားလူမျိုးတစ်ယောက်
ဟာ ပျမ်းမျှအားဖြင့် တစ်နှစ်လျှင် အရက် ၁၈ လီတာ ခန့် သောက်သုံးကြလို့ သူတို့ နိုင်ငံရဲ့ ဆေးလိပ်နဲ့ အ
ရက်သုံးစွဲမှုဟာ အလွန်မြင့် မားနေခဲ့ ပါတယ်...
ရုရှားတံဆိပ်စီးကရက်များကို တစ်ဗူးလျှင် ၁.၃၀ ဒေါ်လာခန့် ဖြင့် ရောင်းချနေပြီး အစီခံမပါသည့် စီးကရက်
များဆိုလျှင်ထိုထက် ဈေးသက်သာစွာဖြင့်ရောင်းချကြပါတယ်...
စီးကရက်အတွက်အခွန်အခများကတော့ ရုရှားနိုင်ငံဟာ ဥရောပမှာ အနည်းဆုံးကောက်ခံတဲ့ နိုင်ငံဖြစ်ပါ
တယ်...
အရက်အလွန်အကျွံသောက်သုံးခြင်းဟာ အမျိုးသားများရဲ့ သက်တမ်းကိုလျော့ နည်းစေပြီး ဖွံ့ ဖြိုးဆဲနိုင်ငံတွေ
ဖြစ်တဲ့ ဘင်္ဂလားဒေ့ ရှ်နှင့် ဟွန်ဒူရပ်နိုင်ငံများနှင့် ယှဉ်လျှင်တောင် ရုရှားများက သက်တမ်းပိုတိုပါတယ်...
အရက်ကြောင့် ရုရှားနိုင်ငံမှာ နှစ်စဉ်လူပေါင်း ၅ သိန်း အသက်ဆုံးရှုံးကြရပါတယ်...
No comments:
Post a Comment