Sunday 18 September 2011

ဖောက်ထွင်းဝတ်ဆင်မှု အများဆုံး သတို့သမီး မင်္ဂလာဆောင်ပြီ


၁၅၀၀ သော ပစ္စည်းတွေဟာ သူမ ခနွာကိုယ်ရဲ့ အတွင်းပိုင်းလို့ ပြောပါတယ် ဘယ်နေရာတွေ ဖြစ်နိုင်မလည်း မမဘေဘီလေး ဖတ်မိလို့ က အရူးမ ကြီးဘဲ လို့ ပြောမှာ သေချာပါတယ် ကဲဟုတ်မဟုတ် ဖတ်ကြည့်လိုက်ကြပါဦး

ကမ္ဘာမှာ မျက်နှာနဲ့ ခန္ဓာကိုယ် ကို ဖောက်ထွင်းဝတ်ဆင်မှုအများဆုံး အမျိုးသမီးလို့ စံချိန်တင်ထားသူ ဘရာဇီးသူ အီလိုင်းဒေးဗစ် ဆန်ရဲ့ မင်္ဂလာပွဲကို ပြီးခဲ့တဲ့ အပတ် ဇွန်လ ၉ ရက်နေ့က အေဒင်ဘတ်မှာ ကျင်းပခဲ့ပါတယ်။ ဖောက်ထွင်းဝတ် ဆင်မှုအများဆုံး စံချိန်တင်ထားသူ သတို့သမီးရဲ့မျက်နှာကတော့ မင်္ဂလာပွဲနေ့မှာ မျက်နှာကို မမြင်ရ လောက်အောင် သူ့ရဲ့ မျက်နှာနဲ့ ခန္ဓာကိုယ်မှာ ဝတ်ဆင်ထားမှုများက နေရာအပြည့်ယူထားပါတယ်။ ဒါပေမဲ့ ထူးခြားတာကတော့ အသက် ၆ဝ ရှိ သူရဲ့ သတို့သား ဒေါက်ဂ လပ်စ်ဝပ်ဆန်ကတော့ အသားကို ဖောက်ပြီးဝတ်ထားတာ ဆိုလို့ ဘာတစ်ခုမှ မရှိတဲ့သူဖြစ်လို့ သူတို့ကိုကြည့်လိုက်ရင် တကယ့် ဆန့် ကျင်ဘက်ဖြစ်သူနှစ်ဦးရဲ့ ဖူးစာလို့ဆို ရမှာဖြစ်ပါတယ်။ သတို့သမီးဒေးဗစ်ဆန်ဟာ သူရဲ့ ခန္ဓာကိုယ်နဲ့ မျက်နှာကိုဖောက် ထွင်းခံပြီး အမျိုးမျိုးသော အဆင် တန်ဆာပေါင်း ၇ဝဝဝ နီးပါးကို တပ် ဆင်ထားသူဖြစ်ပါတယ်။ သူ့ရဲ့ အသစ်စက်စက် လက်ထပ် လက်စွပ် ကတော့ သူဝတ်ဆင်ထားသမျှထဲ မှာ အထင်ပေါ်ဆုံးဖြစ်နေမယ်ဆိုတာ ပြောဖို့တောင်လိုမယ် မထင်ပါဘူး။ အသက် ၄၂ နှစ်ရှိပြီဖြစ်တဲ့ သတို့ သမီးဟာ ရိုးရာလက်ထပ်ဝတ်စုံ အဖြူရောင်ကို ဆင်မြန်းထားပေမယ့် အစဉ်အလာကနေခွဲထွက်နေတဲ့ အဆင်အပြင်ကို လည်းလုပ်ထားပါ သေးတယ်။ အဲဒါကတော့ နဂိုကမှ ထောင်ချီနေတဲ့ ဖောက်ထွင်းတပ် ဆင်ထားတဲ့ ကွင်းတွေပစ္စည်းတွေနဲ့ အထင်းသားမြင်ဖို့ ခက်တဲ့သူ့မျက် နှာကို အစိမ်း၊ အပြာ၊ အဝါဆေး တွေထပ်မံခြယ်သထားတာပဲဖြစ်ပါ တယ်။ Dailymail ဝက်ဘ်ဆိုက်ရဲ့ ဖော်ပြချက်အရတော့ ဒေးဗစ်ဆန်ရဲ့ အသားကို ဖောက်ပြီးတပ်ဆင်ထား တဲ့ပစ္စည်းပေါင်းဟာ ၆၉၂၅ ခုရှိပြီး ၁၅ဝဝ လောက်ဟာ သူ့ခန္ဓာကိုယ် ရဲ့ အတွင်းပိုင်းမှာဖြစ်ပါတယ်တဲ့။ သတို့သားဖြစ်သူကတော့ သတို့ သမီးရဲ့ အပေါ်ယံဟာ ကြောက် စရာ၊ အံ့သြစရာတွေရှိပေမယ့် သူကတော့ အံ့ဖွယ်ကောင်းတဲ့ အတွင်းအကျဆုံး ကိုယ်ရည်ကိုယ်သွေး ကိုပဲကြည့်ကြောင်း၊ သူတို့ သိကျွမ်း လာခဲ့တာလည်း အတော် ကြာခဲ့ပြီဖြစ်ကြောင်း ပြောကြားခဲ့ပါသည်။ ဒေးဗစ်ဆန်ဟာ ၂ဝဝဝ ခုနှစ် မှာ အသားကို ဖောက်ပြီးဝတ်ထား တဲ့ပစ္စည်း ၄၆၂ ခုနဲ့ ပထမဆုံး ကမ္ဘာ့စံချိန်တင် လူသား ဖြစ်ခဲ့ပါတယ်။ သူ့ကိုယ်မှာ ဝတ်ဆင်ထားသမျှပစ္စည်း တွေရဲ့အလေးချိန်ပေါင်းဟာ ၃ ကီလိုလောက်ရှိပြီး ဘယ်တုန်းကမှ ဖြုတ် မပစ်ခဲ့ဘူး။ ဒီပစ္စည်းတွေကြောင့် အိပ် မပျော်တာမျိုးမဖြစ်ခဲ့ဘူးလို့ ဒေးဗစ်ဆန်က ပြောခဲ့တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်