Tuesday, 6 September 2011

အပျိုစင်များအခမဲ့ ဝင်ခွင့် ပြုမည့် တရုတ်ပြည်ကပန်းမန်ပွဲတော်


တရုတ်နိုင်ငံ၊ ချန်ရှားမြို့ တွင်ကျင်းပမည့် ကျိုးလူ သဘာဝတောရိုင်းပန်းမန်ပွဲတော်သို့ ၁၉၈၉ ခုနှစ်၊ စက်
တင်ဘာလ ၁၇ ရက်နေ့ မတိုင်မှ မွေးဖွားခဲ့ သည့် ( အသက် ၁၂ အထက် ) အပျိုစင်မိန်းကလေးများအားဝင်ကြေးကောက်ခံခြင်းမရှိပဲ
အခမဲ့ ပေးဝင်မှာဖြစ်တယ်လို့ ဆိုပါတယ်...အဆိုပါပွဲတော်ကို
စက်တာဘာလ ၁၇ ရက်နေ့ မှ ၂၅ ရက်နေ့ အထိ တရုတ်နိုင်ငံတောင်ပိုင်း၊ဟူနန်ပြည်နယ်၊ လျူယန်းအရပ်ရှိ
ကျိုးလူရှုခင်းသာအပန်းဖြေစခန်းတွင်ကျင်းပပြုလုပ်မှာဖြစ်ပါတယ်...
အခမဲ့ ဝင်ရောက်ခွင့် နှင့် လက်ဆောင်ရရှိရန်အတွက် မိန်းကလေးများဟာ ခိုင်လုံတဲ့ သက်သေပြချက်တစ်ခုတော့ ယူဆောင်လာရမှာဖြစ်ပါတယ်...
လက်မှတ်စစ်ဆေးသည့် ကောင်တာအနေဖြင့် အဆိုပါမိန်းကလေးများ အပျိုစင်ဟုတ်မဟုတ်ကို မည်ကဲ့ 
သို့ စစ်ဆေးသည့် ရှိနိုင်မည်ဆိုသည်ကတော့ စိတ်ဝင်စားစရာကောင်းလှပါတယ်...
ခရီးသွားလာရေးလုပ်ငန်းဌာနဆိုင်ရာတာဝန်ရှိသူတစ်ဦးရဲ့ အဆိုအရတော့  ၎င်းတို့ အနေနှင့် ကိုယ်ကျင့် သီ
လသိက္ခာဆိုင်ရာ ရိုးစားမှုစနစ်ဖြင့် သာမေးမြန်းစစ်ဆေးသွားမှာဖြစ်တယ်လို့ သိရပါတယ်...
" ကျွန်တော် တို့ ကတော့ သူတို့ ( ထိုမိန်းကလေးများ ) ရဲ့ ရိုးသားဖြောင့် မတ်မှုကို ယုံကြည်လိုက်ပါမယ်.."
လို့ ထိုသက်ဆိုင်ရာတာဝန်ရှိသူကဆိုပါတယ်....

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်