Monday 12 September 2011

(Protein) ပရိုတိန်း ဆိုတာ.....


အာဟာရလို့ပြောတဲ့နေရာမှာ ကာဗိုဟိုက်ဒရိတ် (ကစီဓါတ်) ၊ပရိုတိန်း ( အသားဓါတ်) နဲ့ အဆီဓါတ်တို့ ပါဝင်ကြောင်း ကို ကျွန်တော်တို့ သိရှိခဲ့ကြပြီးဖြစ်ပါတယ် ။  ပရိုတိန်းဆိုတာ peptide အစည်းတွေက တဆင့် တွယ်နှောင်ထားတဲ့ အမိုင်နို အက်ဆစ်တွေ နဲ့ပြုလုပ်ထားတဲ့ Polymer Chain တွေဖြစ်ကြပါတယ် ။ အမိုင်နိုအက်ဆစ်တွေကို Essential amino acid နဲ့ Non- essential amino acid ဆိုပြီး နှစ်မျိုးခွဲနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ကာဗိုဟိုက်ဒရိတ်တွေမှာ အာဟာရ တန်ဖိုး 4kcal/gram ပါဝင်ပြီး Lipid လို့ခေါ်တဲ့အဆီမှာတော့ 9kcal/gram ပါဝင်ပါတယ် ။ အစား အသောက်တွေကနေရရှိတဲ့ မရှိမဖြစ်လိုအပ်တဲ့ အမိုင်နိုအက်ဆစ်တွေကတော့ Leucine , Isolucine, Valine , Lysine , Threonine, Tryptophan, Methionine, Phenylalanine နဲ့ Histidine တို့ဖြစ်ကြပါတယ် ။ Non essential amino acid တွေကတော့ တခြားအမိုင်နိုအက်ဆစ်တွေမှတဆင့် ခန္ဓာကိုယ်ကနေ ထုတ်လုပ်ပါတယ် ။ Non-essential amino acid တွေကတော့ Arginine, Alanine, Asparagine , Aspartic Acids, Cysteine, Glutamine, Glutamic acid, Glycine, Proline, Serine နဲ့ Tyrasine တို့ဖြစ်ကြပါတယ် ။
အာဟာရ ရှုထောင့်ကနေကြည့်မယ်ဆိုရင် အစာချေဖျက်ချိန်မှာ Protease လို့ခေါ်တဲ့ အင်ဇိုင်းရဲ့အကူအညီနဲ့ ပရိုတိန်းတွေဟာ အစာအိမ်ထဲမှာ ကျေပျက်ပါတယ် ။ ပြီးတော့ သေးငယ်တဲ့ Polypeptides တွေအဖြစ်ပြောင်းပြီး ခန္ဓာကိုယ်အတွက် အမိုင်နိုအက်ဆစ်တွေကကိုထောက်ပံ့ပေးပါတယ် ။ ဒါကြောင့်လူတစ်ယောက် ရဲ့အစား အသောက် မှတဆင့်ပရိုတိန်းဟာ Protein synthesis အတွက် Essential amino acid ရော Non essential amino acid ရော နှစ်မျိုးစလုံကိုထောက်ပံ့ပေးပါတယ် ။ အသားအများစုနဲ့ အချို့သောဟင်းသီး ဟင်း၇ွက်တွေ မှာပါတဲ့ ပရိုတိန်းဟာ Essentail amino acid တွေ အချိုးတူညီစွာပါဝင်တဲ့ Complete protein တွေဖြစ်တယ်လို့ ယူဆရ ပါတယ် ။ ကျန်းမာရေးကြောင့်ဖြစ်စေ ဘာသာရေးကြောင့်ဖြစ်စေ အကြောင်းတစ်စုံတစ်ခုကြောင့်ဖြစ်စေ အသားရှောင်တဲ့သူတွေဟာ သူတို့ရဲ့အစားအသောက်တွေကတဆင့် Essential amino acid တွေရရှိအောင် ပရိုတိန်းဓါတ်တွေရရှိအောင် ဘယ်လိုစားသုံးရမယ်ဆိုတာဟာလည်း အရေးကြီးလွန်းလှပါတယ် ။ 
ပရိုတိန်းတွေက ခန္ဓာကိုယ်ထဲမှာဘာလုပ်ပေးသလဲ ??
ပရိုတိန်းဟာ ခန္ဓာကိုယ်ရဲ့ကြီးထွားမှု ဖွံ့ဖြိုးဖို့အတွက် လိုအပ်တဲ့အာဟာရဓါတ်တစ်မျိုးဖြစ်ပါတယ် ။ ရေမှလွဲပြီး ပရိုတိန်း ဟာ ခန္ဓာကိုယ်ထဲမှာ ပေါများစွာတွေ့ရတဲ့ မော်လီကျူးတွေဖြစ်ပါတယ် ။ ခန္ဓာကိုယ်ရှိ ဆဲလ်အားလုံးမှာ ပရိုတိန်း ကိုတွေ့ရှိနိုင်ပြီး ဆဲလ်အားလုံးရဲ့အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ (အထူးသဖြင့် ကြွက် သား များ) ပရိုတိန်းလို့ ဆိုလိုက်တာနဲ့ ခန္ဓာကိုယ်ရဲ့အတွင်းကလီစာ အစိတ်အပိုင်းတွေ ၊ ဆံပင်တွေ နဲ့ အရေပြားတွေ ကအစပါဝင်ပါတယ် ။ Membranes တွေကနေပြီး (အထူးသဖြင့် Glycoprotiens) ပရိုတိန်း ကိုသုံး စွဲကြပါတယ် ။ အမိုင်နိုအက်ဆစ်အဖြစ်ပြိုကွဲပျက်ဆီးသွားတဲ့အခါမှာတော့ သူတို့ဟာ nucleic acid နဲ့ ဗီတာ မင်တွေရဲ့ precursor အဖြစ် အသုံးပြုခြင်းခံရပါတယ် ။ အမိုင်နိုအက် ဆစ်တွေ ကနေတ ဆင့်ဖြစ်ပေါ်လာတဲ့ ဟော်မုန်းတွေနဲ့ အင်ဇိုင်းတွေဟာ ဇီဝဖြစ်ပျက်မှု ( metabolism) ကိုပုံမှန်အ တိုင်း ဖြစ်အောင်ဆောင်ရွက်ပေးပါတယ် ။ နောက်ဆုံးမှာတော့ သွေးဆဲလ်တွေပြုလုပ်ဖို့အတွက် ပရိုတိန်း ကိုလိုအပ် ပါတယ် ။
ပရိုတိန်းနှင့်လေ့ကျင့်ခန်း
အားကစားတွေမှာ အောင်မြင်ဖို့ဆိုတာဟာလည်း ပရိုတိန်းကအ ဓိက Key nutrient အနေနဲ့ ပါဝင်ဆောင်ရွက်ပေးပြန်တယ် ။ ပရိုတိန်းရဲ့အစိတ်အပိုင်းတွေဖြစ်တဲ့အ မိုင်နိုအက်ဆစ်တွေကို တစ်ရှူးအသစ်တွေဖြစ်ပေါ်ဖို့ ၊ ပျက်ဆီးသွားတဲ့တစ်ရှူးတွေကိုပြန်လည်ပြုပြင်ဖို့ အသုံးပြုကြပါတယ် ။ ပရိုတိန်းတွေဟာ ကြွက်သားလေ့ကျင့်ခန်းအတွက် Fuel ( လောင်စာ) ကိုအနည်းငယ်သာ ထောက်ပံ့ပေးသော်လည်း ကာဗိုဟိုက်ဒရိတ်နဲ့ lipid တွေနည်းနေတဲ့အခြေအနေမျိုးမှာ သူတို့ကို အဓိက fuel အဖြစ်သုံးကြရပါတယ် ။
ပရိုတိန်းတွေကို ဘယ်ကနေရရှိသလဲ
ပရိုတိန်းတွေကို အမျိုးမျိုးသော အစားအသောက်တွေကနေတဆင့်ရရှိနိုင်ပါတယ် ။ ပရိုတိန်းအ များဆုံးပါ ၀င်တဲ့အစား အစာတွေဖြစ်တဲ့ နို့ ၊ သား ၊ ငါး ၊ ဥများနဲ့အသီးအရွက်များ ၊ ပရိုတိန်း powders တွေပါဝင်တဲ့ ( ဆန် ၊ ပဲပုပ် ၊ ဂျုံ) စသည်တို့မှ တဆင့်လည်း ရရှိနိုင်ပါတယ် ။ ပရိုတိန်းနဲ့ ပင်ရင်းဇစ်မြစ်ကို အဆင့် ဆင့်ပြောင်း လဲထုတ် လုပ်ရင် ပရိုတိန်းပေါင်ဒါကိုရရှိပါတယ် ။ Protein Powders ဟာ လှုပ်ရှားနေတဲ့ကြွက်သားတွေအတွက် လိုအပ် တဲ့ ပရိုတိန်းတွေကို ဖြည့်စွက်ထောက်ပံ့ပေးပါတယ် ။ ကြွက်သားတွေရဲ့ လေ့ကျင့်ခန်းလုပ်ဆောင်မှု Performance ကတော့ ဘယ်လို ပရိုတိန်းအမျိုးအစားလဲ ဆိုတဲ့အပေါ်မူတည်ပါတယ် ။ မတူညီတဲ့ Physical နဲ့ Chemical ဂုဏ် သတ္တိတွေက Protein digestion နှုန်းကို သက်ရောက်မှု ရှိစေပါတယ် ။
ပရိုတိန်းများအား ချေဖျက်ခြင်း
ပရိုတိန်းအများစုဟာ ချေဖျက်ခြင်း ( Digestion) မှတဆင့် အမိုင်နိုအက်ဆစ်တွေရတယ်လို့ အထက်မှာ တင်ပြခဲ့ ပြီးဖြစ် ပါတယ် ။ Digestion ဆိုတဲ့ဖြစ်စဉ်ကို အစာအိမ်ထဲမှာ အစပျိုးစေခဲ့တာကတော့ Hydrocloric acid တွေရဲ့ အ ကူအညီနဲ့ Pepsinogen တွေဟာ Pepsin အဖြစ်ပြောင်းသွားခြင်းမှ စတင်ပါတယ် ။ ပြီးတဲ့အခါ အူလမ်းကြောင်းမှာ Trypsin နဲ့ Chymotrypsin စသဖြင့် အမျိုးမျိုးပြောင်းလဲဖြစ်ပေါ်ပါတယ် ။ အူအသေး ထဲကနေ စုပ်ယူခြင်းမပြုခင် ပရိုတိန်းအများစုဟာ အမိုင်နိုအက်ဆစ်တစ်ခု ဒါမှမဟုတ် များစွာ သော အမိုင်နိုအက် ဆစ်တွေရဲ့ Peptides တွေအဖြစ်ပြောင်းကြရပါတယ် ။ အမိုင်နိုအက်ဆစ်လေးခုထက်ပိုတဲ့ Peptides တွေ ကိုတော့ စုပ် ယူခြင်းမပြုနိုင်ပါဘူး ။ အမိုင်နိုအက်ဆစ်တစ်ခုခြင်းစီရဲ့ စုပ်ယူမှုနှုန်းကတော့ Protein source အပေါ် မူတည်ပါတယ် ။
အစားအစာများအား အလာ့ဂျစ်ဖြစ်ခြင်း
အချို့သော အစားအစာတွေမှာ ပါဝင်တဲ့ အချို့သော ပရိုတိန်းတွေဟာ အလာ့ဂျစ်နဲ့ ဓါတ်မတည့် ခြင်းဖြစ်စဉ်တွေ ကို ဖြစ်စေပါတယ် ။ ဒါဟာ ဘာကြောင့်လည်းဆိုရင် ပရိုတိန်းတစ်ခုစီရဲ့ တည်ဆောက်ပုံဟာ ကွဲပြားခြားနား တာကြောင့်ဖြစ်ပြီး တချို့ ခန္ဓာကိုယ်ခုခံအားကို ဆန့်ကျင်နေချိန်မှာ တချို့ကတော့ အန္တရာယ်မဖြစ်စေပါဘူး ။ လူအများစုဟာ နို့ထဲမှာ ပါတဲ့ ပရိုတိန်းတစ်မျိုးဖြစ်တဲ့ Casein ကိုအလာ့ဂျစ်ဖြစ်ကြပြီး ဂျုံနဲ့တခြားအစား အစာတွေမှာပါဝင်တဲ့ Gluten ကိုလည်း အလာ့ဂျစ်ဖြစ်ကြပါတယ် ။ ပင်လယ်စာတွေနဲ့ မြေပဲ ၊ ပင်လယ်ငါးတ ချို့ကို လူတွေ အလာ့ဂျစ်ဖြစ်ကြတာကို သင်ကြားဖူးမှာပါ ။
ဖွံ့ဖြိုးဆဲတိုင်းပြည်များနှင့် ပရိုတိန်းဓါတ်ချို့တဲ့မှု
ဖွံ့ဖြိုးဆဲတိုင်းပြည်တွေမှာပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ သေဆုံးမှုများစွာသော ရောဂါတို့ကိုဖြစ်စေတဲ့အကြောင်း
အရင်း တစ်ခုဖြစ်နေလို့ပါ ။ ပရိုတိန်းဓါတ်ချို့တဲ့ခြင်းဟာ Kwashiorkor ( ကွာရှာကော) လို့ခေါ် တဲ့ ရော ဂါဖြစ်စေခြင်းရဲ့ အဓိက အစိတ်အပိုင်းတစ်ခုလည်းဖြစ်ပါတယ် ။ လူဦးရေထူထပ်ခြင်းနဲ့ တခြားအကြောင်း အရာများ စွာဟာ အာဟာရချို့တဲ့ခြင်း (malnutrition) နဲ့ Protein Deficiency တို့ကိုများစေပါတယ် ။ ပရိုတိန်း ဓါတ် ချို့တဲ့ရင် ဥာဏ်ရည်ဥာဏ်သွေးနိမ့်ပြီး ဥာဏ်မမှီခြင်း ( Mental Retardation) ကိုလည်းဖြစ်စေပါတယ် ။ ပရိုတိန်းချို့တဲ့တဲ့ တိုင်းပြည်တွေကို လေ့လာကြည့်မယ်ဆိုရင် အသီးအရွက်စားတာကများပြီး အဲဒါတွေက သင့်တင့် မျှတဲ့ စွမ်းအင်နဲ့ ပရိုတိန်းဓါတ်ရရှိအောင် စွမ်းဆောင်ဖို့ ခဲယဉ်းလှပါတယ် ။ ကွာရှာကော ရဲ့လက္ခဏာတွေ ကတော့ ၀မ်းသွားခြင်း ၊ လှုပ်ရှားမှုနည်းခြင်း ၊ ခန္ဓာကိုယ်မကြီးထွားခြင်း ၊ အရေပြားမွဲခြောက်ပြီး အသည်း အဆီဖုံးခြင်း ၊ ၀မ်းဗိုက်သားနဲ့ ခြေလက်တွေမှာ ဖောယောင်ခြင်းစသည်တို့ ဖြစ်ကြပါတယ် ။
ဒါကြောင့် ပရိုတိန်းဓါတ်တွေမချို့တဲ့အောင် အသားနဲ့ သစ်သီးသစ်ရွက်တွေကို သင့်တင့်မျှတစွာ စားသုံးကြပါလို့ ...

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်