Friday 23 September 2011

အစားအစာနှင့် ဓာတ်မတည့်ခြင်း



အစားအစာနှင့် ဓာတ်မတည့်ခြင်း ဆိုသည်မှာ အစားအစာနှင့် ဓာတ်မတည့်ခြင်း (Food Allergies) ဆိုတာဟာ အစား အစာ တစ်ခုစား လိုက်ပြီး မကြာခင်မှာ ဖြစ်ပေါ်လာတဲ့ ခန္ဓာကိုယ်ခုခံ အားစနစ်မှာ တုံ့ပြန်မှု ဖြစ်ပေါ်တဲ့ An immune system reaction တစ်ခုဖြစ်ပါတယ်။ အစား အစာနှင့် ဓာတ်မတည့်ခြင်း ဖြစ်ပေါ်တဲ့အခါ လက္ခဏာရပ်တွေ အနေနဲ့ ယားယံခြင်း၊ အင်ပျဉ်ထခြင်း၊ လေပြွန် ရောင်ရမ်းခြင်း၊ပျို့အန်ခြင်း စသည်တို့ ခံစားရနိုင် ပါတယ်။ အချို့လူတွေမှာ ဝေဒနာ လက္ခဏာရပ်တွေ အ လွန်ပြင်းထန်စွာ ခံစားရပြီး အသက် ကိုသေစေနိုင်တဲ့ Anaphyloxis လို့ ခေါ်တဲ့ ခုခံအားတုံ့ ပြန်မှုအထိ ခံစားရနိုင်ပါ တယ်။ အသက် ၅ နှစ်အောက် ကလေးတွေရဲ့ ၆-၈ ရာခိုင်နှုန်း နဲ့အရွယ်ရောက် သူတွေရဲ့ ၃-၄ ရာခိုင်နှုန်းလောက် ဟာ အစား အစာ ဓာတ်မတည့်ခြင်းကို ခံစားရလေ့ရှိတယ်။

အမေရိကန်နိုင်ငံ မှာ ကလေးတွေနဲ့ လူပျို အပျိုဖော် ဝင်စ အရွယ်တွေ အစားအစာ ဓာတ်မတည့် ခြင်းကြောင့် Anaphyloxis ခံစားရပြီး သေဆုံးရမှု တွေဟာ အင်းဆက်ပိုးမွှား အကိုက်ခံရလို့ သေဆုံးရမှု တွေထက် များပြား နေပါတယ်။ အဲဒီသေဆုံးရမှု တွေရဲ့ အများစု ကတော့ မြေပဲနဲ့ အခွံအမာ အစေ့အဆန် တွေကို ဓာတ်မတည့် ခြင်းနှင့် အစားအစာ ဓာတ်မတည့် ခြင်းကြောင့် ဖြစ်ပွားတဲ့ ပန်းနာ ရင်ကျပ် ရောဂါ ခံစားရခြင်း တို့ကြောင့် ဖြစ်ပါတယ်။

ဖြစ်ပွားရသည့် အကြောင်းရင်း
အစားအစာ ဓာတ်မတည့်မှု ဖြစ်ပွားရခြင်း အကြောင်းရင်း ကတော့ ခန္ဓာ ကိုယ်ရဲ့ခုခံအား စနစ်ဟာ အစားအစာထဲက ဓာတ်ပစ္စည်း တစ်မျိုးကို အန္တရာယ် ရှိတဲ့ ပစ္စည်းအဖြစ် မှားယွင်းတုံ့ပြန် တိုက်ခိုက်ခြင်း ကြောင့်ဖြစ်ပါတယ်။ ခန္ဓာကိုယ် ခုခံအားစနစ်ဟာ ပဋိပစ္စည်း Antibody ဖြစ်တဲ့ IgE ကို ထုတ်ပေးပြီး ဓာတ်မတည့် မှုကို ဖြစ်စေတဲ့ပစ္စည်း (Allergen) ကို တိုက်ထုတ် စေတယ်။ နောက်တစ်ကြိမ် အဲဒီအစားအစာကို စားမိတဲ့ အချိန်မှာ IgEက ဟစ်တမင်း လို့ခေါ်တဲ့ ဓာတုပစ္စည်း ကို ထုတ်ပေးဖို့ ခန္ဓာကိုယ် ခုခံအား စနစ်ကို အချက်ပြ ပါတယ်။ အဲဒီ ဟစ်တမင်း (Histamine) ဆိုသော ဓာတုပစ္စည်းကြောင့် အမျိုးမျိုးသော လက္ခဏာရပ် များကို ခံစားရခြင်း ဖြစ်ပါတယ်။
ဓာတ်မတည့်မှု အများဆုံး ဖြစ်ပွားစေသည့် အစားအစာများ
ဓာတ်မတည့် ခြင်းကို ဖြစ်စေ အောင် မောင်းခလုတ် ဖြုတ်ပေးနိုင်တဲ့ ပရိုတင်းများဟာ အောက်ပါ အစား အစာများထဲမှာ ပါဝင်ပါတယ်- – ယောက်သွား၊ ခုံးကောင်၊ ပုစွန် တုတ်၊ ကင်းမွန်၊ ကဏန်း – မြေပဲ – အပင်ကြီးမှ သီးသည့် အခွံမာ သစ်သီးအစေ့အဆန် များ – ငါး – ဥအမျိုးမျိုး ကလေးများတွင် ဓာတ်မတည့်မှု ပိုမိုဖြစ်ပွားစေသည့် အစားအစာများ – ဥအမျိုးမျိုး – နို့ – မြေပဲ – အခွံမာသီး အစေ့အဆန်များ – ဂျုံ မျိုးရိုးထဲမှာ မိဘနှစ်ပါးစလုံးက အစားအစာနဲ့ ဓာတ်မတည့်ခြင်းဖြစ် ပွားခဲ့ရင် သားသမီးဟာ အစားအစာ နဲ့ ဓာတ်မတည့်မှု ပိုမိုခံစားရနိုင်ပါ တယ်။ ဓာတ်မတည့်မှု လက္ခဏာများ စတင်ခံစားရတဲ့ အချိန်ဟာ ဓာတ်မတည့် သော အစားအစာ စတင်စားပြီး မိနစ် အနည်းငယ် အတွင်းမှ အစာစားပြီး ၂ နာရီခန့် အကြာမှာ ဖြစ်ပါတယ်။ စားမိ တဲ့ ပမာဏအားဖြင့် ဆိုလျှင်လည်း အနည်းငယ် စားမိသည်မှ စ၍ ချက်ပြုတ် သည့် အနံ့ကို ရှူရှိုက်မိလျှင် တောင်မှ ခံစားရနိုင်ပါတယ်။ ဓာတ်မတည့်မှုကို စတင် ခံစားရချိန်မှာ နှုတ်ခမ်းတစ်ဝိုက် မှာ ယားယံပြီး အစာမျို ချခြင်းနှင့် အသက်ရှူခြင်း ခက်ခဲလာပါတယ်။ အစာအိမ်ထဲမှာ အဲဒီအစာကို ခြေဖျက် နေစဉ်မှာ ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်း၊ ဗိုက်နာခြင်းများ စတင် ခံစားလာရပါ တယ်။ အဲဒီအချိန်မှာ ၎င်းကို Food Intolerance နဲ့ မှားယွင်းတတ်ပါတယ်။
Food allergles ရဲ့အတွေ့ ရများတဲ့ လက္ခဏာများကတော့- – နှုတ်ခမ်း ထူအမ်းအမ်း ဖြစ်ခြင်း၊ ယားယံခြင်း၊ – အနီစက်၊ အဖုအပိမ့်၊ အယားဖု များ၊ နှင်းခူ၊လျှာ၊ မျက်နှာ၊ လည်ချောင်းနှင့် ခန္ဓာကိုယ် အခြားအစိတ်အပိုင်း မှာ ရောင်ရမ်းခြင်း၊ – အသက်ရှူစဉ် တရွှီရွှီမြည်ခြင်း၊ နှာခေါင်းပိတ်ခြင်း၊ အသက်ရှူရ ခက်ခဲခြင်း၊ – ဗိုက်နာခြင်း၊ ဝမ်းလျှောခြင်း၊ ပျို့ အန်ခြင်း၊ – ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ အစားအစာ ဓာတ်မတည့်ခြင်း ဖြစ်တဲ့ ပြင်းထန်တဲ့ လက္ခဏာရပ်ဖြစ် တဲ့ Anaphylaxis ဖြစ်ပေါ်ခံစားရ လျှင် ကြုံတွေ့ရသော လက္ခဏာရပ် များကတော့- – လေပြွန် ကျဉ်းမြောင်းခြင်း၊အသက် ရှူကျပ်ခြင်း၊ – လည်ချောင်းယောင်ခြင်း သို့မ ဟုတ် လည်ချောင်းထဲတွင် တစ် ဆို့ဆို့ဖြစ်ပြီး အသက်ရှူရ ခက်ခဲခြင်း၊ – သွေးဖိအား အလွန်အမင်းကျ ဆင်းပြီး သွေးလန့်ခြင်း (Snock) – သွေးခုန်နှုန်းမြန်ခြင်း၊ – ခေါင်းချာချာလည် မူးခြင်း၊ ခေါင်းကိုက်ခြင်း၊ သတိလစ်မေ့မျော ခြင်း။ Anaphylaxis လက္ခဏာရပ် တွေဖြစ်ပွားခဲ့ရင် အရေးပေါ် ကုသမှု ခံယူရပါမယ်။ မကုသရင် သတိလစ် မေ့မျောနေခြင်း (Coma) နဲ့ သေဆုံး ခြင်းတို့ ဖြစ်နိုင်ပါတယ်။
အစားအစာ ဓာတ်မတည့်မှု အမျိုးအစားများ
(၁) ကာယလေ့ကျင့်ခန်းနဲ့အတူ ယှဉ်တွဲဖြစ်သော ဓာတ်မတည့်ခြင်း (exerclse-Induced food allergy) အချို့လူတွေဟာ အစားအစာ အချို့ကိုစားပြီး ကာယ လေ့ကျင့်ခန်း လုပ်တဲ့အခါ Food allergy ဖြစ်ပွား ကြောင်း တွေ့ရပါတယ်။ လေ့ကျင့် ခန်းလုပ်လို့ ခန္ဓာကိုယ် အပူချိန်တက် လာတာနဲ့အမျှ ယားယံခြင်း၊ ခေါင်း ကိုက်ခြင်းများ မှသည် အင်ပျဉ်ထခြင်း၊ ပန်းနာရင်ကျပ်၊ ဝမ်းဗိုက်ပိုင်းဆိုင်ရာ ပြဿနာများနှင့် anaphylaxis ကိုပင် ခံစားရတတ် ပါတယ်။ ဒါကို အစား အစာနှင့် ကာယ လေ့ကျင့်ခန်းကြောင့် ဖြစ်သော ဓာတ်မတည့်မှု (Food dependent,exercise-induced anaphylaxis(FDEIA)) လို့ခေါ်ပါတယ်။ FDEIA ကို ဆယ်ကျော်သက် များနဲ့ ငယ်ရွယ်တဲ့ အရွယ်ရောက်ပြီး သူများ ခံစားရ တတ်ပါတယ်။ ကာယ လေ့ကျင့်ခန်း ကြောင့်ဖြစ်တဲ့ Food allergy ကို ကာကွယ်ရန်ကတော့ ရိုးရှင်းပါတယ်။ ကာယလေ့ကျင့်ခန်း မလုပ်မီ အနည်းဆုံး နှစ်နာရီအတွင်း အစာမစားပါနှင့်။ အထူးသဖြင့် မိမိနှင့် ဓာတ်မတည့်ဟု ထင်ရသော အစာများ မစားပါနှင့်။

(၂) ပန်းဝတ်မှုန် အစားအစာ ဓာတ်မတည့်မှု လက္ခဏာစု (Pollen food allergy syndrome) ပန်းဝတ်မှုန် အစားအစာ ဓာတ် မတည့်မှု လက္ခဏာစကို The oral allergy syndrome လို့လည်းခေါ်ပါတယ်။ ဒါက ကြက်ခြေခတ် ဓာတ် တုံ့ပြန်မှု (Cross-reactivity) တစ်မျိုး လည်း ဖြစ်ပါတယ်။ ဥပမာအားဖြင့် ragweed ဒါမှမဟုတ် blrlch လို့ ခေါ်တဲ့ ပန်းကို ဓာတ်မတည့်တဲ့သူ ဟာ အဲဒီပန်းတွေ ဝတ်မှုန်ကူးတဲ့ ရာသီ မှာ သီးတဲ့ ဖရဲသီးမဟုတ် ပန်းသီးကို စားတဲ့အခါ အလားတူ ဓာတ်မတည့် မှု လက္ခဏာရပ် တွေကို ခံစားရခြင်း ဖြစ်ပါတယ်။ ရောင်ရမ်းယားယံခြင်း စတင်မှုဟာ အလွန်လျင်မြန်ပြီး နှုတ် ခမ်းနဲ့ လည်ချောင်းမှာ ထူအမ်းလာ ကာ အသီးကို ဆက်ပြီးစားလို့ မရတော့ ပါဘူး။ ဓာတ်မတည့်ခြင်းကို ဖြစ်ပွား စေတဲ့ ပန်းဝတ်မှုန်ထဲက ပရိုတင်းဓာတ် နဲ့ အစားအစာထဲမှာ ပါဝင်တဲ့ ပရိုတင်း နှစ်ခုရဲ့ ဖွဲ့စည်းပုံ တူညီနေမှုကြောင့် ဖြစ်ပါတယ်။ ပန်းဝတ်မှုန်နဲ့ ဓာတ်မ တည့်သူတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော် ဟာ ဒီအစားအစာ ဓာတ်မတည့်မှုလက္ခ ဏာတွေကို ခံစားရတာကို တွေ့ရပါ တယ်။ ချက်ပြုတ်ထားတဲ့ သစ်သီးများ နဲ့ ဟင်းသီးဟင်းရွက် များမှာတော့ ဒီ လက္ခဏာရပ်များ မဖြစ်ပေါ်စေပါဘူး။ ဖြစ်ပေါ်ခံစားရတဲ့ လက္ခဏာရပ်များ ဟာ မိနစ်ပိုင်းကြာလျှင် ပျောက်သွား လေ့ရှိပြီး ၁၀ ရာခိုင်နှုန်းလောက် ကသာ ခန္ဓာကိုယ်တွင်း စနစ်မှာ ပျံ့နှံ့ရောက်ရှိ ခံစားရပါတယ်။ ၂-၇ ရာခိုင်နှုန်း လောက်ကသာ သွေးလန့်ခြင်း (anaphylatic shock) ဖြစ်ပွားပါ တယ်။ အပင်ကြီးတွေက သီးတဲ့ အခွံမာ သစ်သီးအဆန်နဲ့ မြေပဲတို့ကတော့ ပိုပြီး ပြင်းထန်တဲ့ ဓာတ်မတည့်မှုတွေ ကို ခံစားရ စေပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်