Monday 24 October 2011

အလျှော်အစား နဲ့ မိတ်လိုက်တဲ့ပင့်ကူ (Black widow spider)

Black Widow ပင့်ကူဟာ သေးငယ်တဲ့ ပိုးမွှားအုပ်စုထဲမှာပါဝင်တဲ့ သတ္တဝါတစ်ကောင်ဖြစ်ပါတယ်။ ထိုပင့်ကူမှာ ကျောရိုးမရှိပါဘူး။ ဘာကြောင့် Black Widow (မုဆိုးမနက်) လို့ခေါ်ရသလဲဆိုတာကတော့ ထိုပင့်ကူမျိုးမှ အမတွေဟာ အထီးတွေကို သူတို့နဲ့ မိတ်လိုက်
ပြီးသွားပြီဆိုရင် ကိုက်ဖြတ်စားသောက်လိုက်ကြလို့ဘဲ ဖြစ်ပါတယ်။
(အထီးတွေကလဲ မနေနိုင်တော့သေတာပေါ့ ဟီးဟီး)။ Widow ပင့်ကူတွေမှာ အမျိုးကွဲ ၅ မျိုးရှိပြီး အနီရောင် Widow ပင့်ကူအနီဟာလဲ ထိုအမျိုးထဲမှ တစ်မျိုးအပါအဝင်ဖြစ်ပါတယ်။ ထို ပင့်ကူတွေဟာ အဆိပ်ပြင်းတဲ့ ပင်ကူမျိုး ဖြစ်ပြီး ခလောက်မြွေထက် ၁၅ ဆ အဆိပ်ပိုပြင်းတယ်လို့သိရပါတယ်။ Black Widow တွေဟာ အမေရိကန်နိုင်ငံမှာတော့ အဆိပ်အပြင်းဆုံးနဲ့ အလွန်အန္တရာယ် ရှိတဲ့ ပင့်ကူမျိုးဘဲဖြစ်ပါတယ်။ ထိုပင့်ကူမျိုးရဲ့ အမတွေဟာ အရွယ်အစားအနေဖြင့် တစ်လက်မခွဲလောက်သောက်ရှိသော်လည်း အထီးတွေက အမတွေထက် ပိုပြီး ကြီးပါတယ်။ ထိုပင့်ကူအမများ ဟာ ဥပေါင်း ၂ဝဝ မှ ၉ဝဝ အထိဥတတ်ကြပြီး အချိန် ၁ဝ ရက်နဲ့ ရက်ပေါင်း ၃ဝ အတွင်းမှာ အကောင်ပေါက်ပွားလာပါတယ်။ ပေါက်လာတဲ့ ပင်ကူများဟာလဲ အချင်းချင်း ကိုက်ဖြတ်စားသောက်ပြီးကြီလာက ကိုယ်ပိုင် အိမ်ကိုပြုလုပ်ပါတယ်။ မိခင်ပင့်ကူမမှ ဥလိုက်တဲ့ရာကျော်ဥတွေဟာ နောက်ဆုံးမှာ တော့ ၂၅ လောက်သောက်အသက်ရှင်ကျန်ရစ်ပါတော့တယ်။ ထိုပင့်ကူသားပေါက်များဟာ နှစ်လနှုင့် သုံးလအတွင်းမှာ အရွယ်ရောက်တဲ့ ပင့်ကူကြီးများဖြစ်လာကြပါတော့တယ်။ အညိုရောင် Widow ပင့်ကူများနဲ့ အနီရောင် Widow ပင့်ကူများကို Florida ပြည်နယ်မှာတွေ့ရှိနိုင်ပါတယ်။ အရောင်ကွာသော်လည်း အနက်ရောင် Widow ပင့်ကူမျိုးကွဲများသာဖြစ်ပါတယ်။ ထိုပင့်ကူများကိုတော့ ကျောက်တုန်းများအောက်၊ သစ်ကိုင်းများ၊ ကျောက်နံရံများနှင့်ပူနွေးတဲ့ရာသီဥတုရှိတဲ့နေရာတော်တော်များများမှာ
တွေ့ရတတ်ပါသေးတယ်။
ကလေးများထက် အထူးသဖြင့်လူကြီးများဟာ ထိုပင့်ကူအမ အကိုက်ခံရပါက အသည်းရောင်အသားဝါဖြစ်ခြင်း၊ အော့အန်ခြင်း၊ တခြားရောဂါဆိုးများဖြစ်ပွားတတ်ပါတယ်။ အနက်ရောင် Widow ပင့်ကူမတွေဟာ မိတ်လိုက်ပြီးရင် အထီးကို ပြန်စားတတ်ပါတယ်။ သို့သော် တချို့းအထီးများဟာ အမများစားဖို့ ပိုးကောင် လေးများယူလာတတ်ကြပါတယ်။ ထိုကဲ့သို့ယူဆောင်လာတဲ့ ပင်ကူများကတော့ အစားခံရခြင်းမှကင်းလွတ်ပါတယ်။ အနက်ရောင် Widow အထီးတွေနဲ့ ကျောဖက်မျာ အဝါရောင်အမှတ်အသား ရှိပြီး အမများကတော့ အနီရောင် ဖြစ်ပါတယ်။ ထိုအမှတ်အသား ပုံသဏ္ဍာန် ကတော့ ဖားစည်ကိုထောင်ထားတဲ့ပုံသဏ္ဍာန်ဖြစ်ပါတယ်။ 
@ myanmarmysteriestour.co.cc/

2 comments:

  1. အထာနပ်တဲ့ကောင်တော့ လွတ်တာပေါ့ ပာုတ်ဘူးလား။

    ReplyDelete
  2. ဟုတ်ပါ့....လွတ်တဲ့ကောင်က တော်တော်ပါးနပ်လို့ပဲဖြစ်မယ် :D

    ReplyDelete

အပြင်းပြေ Drum တီးရအောင်