Wednesday 5 October 2011

Windows 8 ကို ၂၀၁၂ ခုနှစ်တွင် ​ရောင်း​ချမည်

Microsoft က Windows 8ကို လာမည့်​နှစ်တွင် ​ရောင်း​ချသွား​မည်ဖြစ်​ကြောင်း​ အတည်ပြု ​ပြောကြား​လိုက်သည်။
ကမ္ဘာ ​ပေါ်တွင် လူသုံး​အများ​ဆုံး​ OS တစ်ခု ဖြစ်​နေ​သော Window ၏ အဌမ​မြောက် Versionကို ၂၀၁၂ တွင် ​ရောင်း​ချမည်ဟု ဂျပန်နိုင်ငံ၊​ တိုကျိုမြို့​တွင် ပြုလုပ်​သော Microsoft ၏ Developer ဖိုရမ်တွင် ကုမ္ပဏီ အကြီး​အကဲ စတိ​ဘောမား​က Windows 8 ထုတ်လုပ်မည့်​ ကိစ္စကို အတည်ပြုခဲ့​သော်လည်း​ အ​သေး​စိတ် အချက်အလက်များ​ကိုမူ မ​ပြောဆိုသွား​ချေ။
သို့ ​သော် Tablet ကွန်ပျူတာများ​ကို အဓိက ရည်ရွယ်ထုတ်လုပ်ဖွယ် ရှိ​နေ​ ကြောင်း​ PC မဂ္ဂဇင်း​က ​ဖော်ပြခဲ့​သည်။ ​ဘောမား​ကို သတင်း​ထောက်များ​က OS အသစ်နှင့်​ ပတ်သက်၍ ​မေး​မြန်း​ခဲ့​ရာ ၎င်းက မ​ဖြေဆိုလို​ကြောင်း​သာ ​ပြောကြား​ခဲ့​သည်။
သို့ ​သော် တိုး​ တက်လာသည့်​ခေတ်တွင် ကွန်ပျူတာ တစ်လုံး​ထက် ဖုန်း​တစ်လုံး​၊​ Tablet ကွန်ပျူတာ တစ်လုံး​ကိုသာ လူအများ​က ပိုမို​တောင့်​တာလာ​ကြောင်း​ ​ဘောမား​က အရိပ်အမြွက် ​ ပြောဆိုသွား​ခဲ့​သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်