Tuesday 4 October 2011

အဆုတ်ရောဂါကာကွယ်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးသင့်

အစိမ်းရောင်ပန်းဂေါ်ဖီစားသုံးခြင်းသည်အဆုတ်အတွက်အထောက်အကူပြုကြောင်းသိရှိရသည်။ နောက်ဆုံးတွေ့ရှိသောသုတေသနရလဒ်များအရအစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါရှိသောဓာတ်တစ်မျိုးမှာအဆုတ်၏ခံနိုင်ရည်အားကိုတိုးမြှင့်ပေးသည်ဟု ဖော်ပြလျက်ရှိသည်။ ဗြိတိန်နိုင်ငံတွင် နှစ်စဉ်လူ(၃၀၀၀၀)ခန့်မှာ စီးကရက်အလွန်အမင်း သောက်သုံးမှုကြောင့် အဆုတ်ရောဂါများဖြစ်ပွားပြီး သေဆုံးလျက်ရှိနေသည်။ အမေရိကန်နိုင်ငံမှ သိပ္ပံပညာရှင်များက ဆာလ်ဖိုရာပိန်းခေါ် ဓာတ်တစ်မျိုးမှာ အဆုတ်အတွင်းရှိ ရောဂါကာကွယ်သောဆဲလ်များကို ပိုမိုလှုပ်ရှားအသက်ဝင်စေသည်ဟု တွေ့ရှိခဲ့သည်။ ထိုဓာတ်မှာ အစိမ်းရောင် ပန်းဂေါ်ဖီတွင် ကြွယ်ဝစွာပါရှိသည်။ NRF2ဟုခေါ်သော မျိုးဗီဇဆဲလ်မှာ အဆုတ်အတွင်း အဆိပ်အတောက် ဖြစ်ပွားစေနိုင်သော ပမာဏကို လျော့ကျစေနိုင်ပြီး ထိုဆဲလ်များကို နိုးကြားစေမည့် လှုံ့ဆော်မှုမျိုးအား အစိမ်းရောင်ပန်းဂေါ်ဖီတွင်ပါဝင်သည့် ဆာလ်ဖိုရာပိန်းက လုပ်ဆာင်ပေးနိုင်ကြောင်း ဂျွန်ဟော့ပ်ကင်းတက္ကသိုလ်မှ သုတေသနအဖွဲ့တစ်ဖွဲ့က တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံထုတ် Respiratory and Critical Care ဆေးပညာဂျာနယ်တွင် ရေးသားဖော်ပြထားမှုအရ အဆုတ်တွင်းညစ်ညမ်းမှုများနှင့် အဆုတ်ကင်ဆာရောဂါများအား ကာကွယ်နိုင်ရန်အတွက် အစိမ်းရောင်ပန်းဂေါ်ဖီအား များများစားသုံးရန် တိုက်တွန်းထားကြောင်း ပါရှိသည်။ သိပ္ပံပညာရှင်များအနေနှင့် အစိမ်းရောင်ပန်းဂေါ်ဖီဖြင့် အဆုတ်ရောဂါများ၏ ခြိမ်းခြောက်လာမှုအား တွန်းလှန်သွားနိုင်မည်ဟုယုံကြည်မျှော်လင့်နေကြသည်။ဗြိတိန်နိုင်ငံအဆုတ်ကျန်းမာရေးဌာန ပြောရေးဆိုခွင့်ရ
ပုဂ္ဂိုလ်တစ်ဦးက ယခုတွေ့ရှိမှုမှာ အလွန်အရေးပါသော စွမ်းဆောင်မှုတစ်ခုဟု ပြောဆိုသွားသည်။ ၎င်းက အစိမ်းရောင်ပန်းဂေါ်ဖီတွင် လူသားတို့၏ကျန်းမာရေးအား အထောက်အကူပြုစေနိုင်သော သဘာဝဒြပ်ပေါင်းများ ပါရှိသည်ကို ယျေဘူယသိရှိပြီးဖြစ်သော်လည်း အဆုပ်ရောဂါများအတွက် အလွန်အစွမ်းထက်သည့်အခြေအနေတစ်ရပ်ဖန်တီးနိုင်မည်ဟုသဘောမပေါက်ခဲ့ကြောင်း ပြောကြားသွားသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်