Friday 7 October 2011

ငရုပ်သီးစိမ်းကြိုက်တဲ့ ကလေးလေး

မြို့တော် Nablus မှ ပါလက်စတိုင်းလူမျိုးဖြစ်ပြီး အသက်ကတော့ (၁) နှစ်နဲ့ (၈)လ သာရှိသေးတဲ့ Naaman Amer ကတော့ ငရုတ်သီးစိမ်း ကို စားရတာ အလွန်ကို ကြိုက်နှစ်သက်ပျော်ရွှင် ပါတယ်။ ကမ္ဘာပေါ်မှာတော့ ကမ္ဘာ့အသက်အငယ်ဆုံး ငရုပ်သီးစိမ်း ကြိုက်သူ ဖြစ်နိုင်တယ်လို့ ယုံကြည်ရပါတယ်။ Naaman Amer ဟာ အသက် ၁၄ လ သားအရွယ်ကတည်းက ငရုပ်သီးစိမ်းများကို လောဘတကြီးစားတတ်ခဲ့တာဖြစ်ပါတယ်။ မိဘနှစ်ပါးကတော့ လူများအတွက် ပူစပ်တဲ့ ငရုပ်သီးမျိုးကို သူတို့ သားငယ်လေးကထမင်းစားသလို စားနေတဲ့အတွက်ကိုတော့ ဂုဏ်ယူနေကြပါတယ်။ ကျန်းမာရေးနဲ့ ပါတ်သက်ပြီးတော့လည်း ဘာမှ ထူးခြားလာတာ မရှိဘူးလို့သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်