Tuesday 4 October 2011

US စစ်တပ်မှာ ရေဒါကိုရှောင်ကွင်းနိုင်တဲ့ ရဟတ်ယာဉ်ရှိပြီလား

အိုစမာဘင်လာဒင်အားသတ်ဖြတ်မှုစစ်ဆင်ရေးအတွင်းအမေရိကန်အထူး ရေတပ်(SEAL)အသုံးပြုသည့်ရဟတ်ယာဉ်သည်၎င်းတို့ပိုင်ဆိုင်သောအများသိရဟတ်ယာဉ်မျိုးနှင့်မတူကြောင်းကျွမ်းကျင်သူများက ပြောဆိုလိုက်သဖြင့် ရေဒါဖမ်းမမိသည့် ရဟတ်ယာဉ် ကောလာဟလများ ထွက်ပေါ်လာသည်။ စစ်ဘက်ဆိုင်ရာ လေကြောင်း ကျွမ်း ကျင်သူများက အိုစမာဘင်လာဒင်အား အောင်မြင်စွာ သုတ်သင် နိုင်ခဲ့ခြင်း၏ တစ်စိတ်တစ်ပိုင်းသည် လူမသိသေး သော ရေဒါလွတ် ရဟတ်ယာဉ်များ ကြောင့်လည်းဖြစ်သည်ဟု ခန့်မှန်းနေ ကြသည်။ ယင်းရဟတ်ယာဉ်တစ်စင်း သည် ပျက်စီးသွားခဲ့ကာ ပါကစ္စတန် တွင် ကျန်ရစ်ခဲ့သည်။ ဘင်လာဒင်၏နေအိမ်ဝင်းအတွင်းပျက်ကျခဲ့သည့်ရဟတ်ယာဉ်အားအမေရိကန်တပ်ကဖျက်ဆီးပစ်ခဲ့သော်လည်း
ရဟတ် ယာဉ်အမြီးပိုင်းသည် အုတ်နံရံ၏ အခြားတစ်ဖက်တွင် ကျန်ရစ်ခဲ့ခြင်း ဖြစ်သည်။
ကျန်ရှိနေသော အမြီးပိုင်းပုံများအားကြည့်ရှုကာ လေကြောင်းကျွမ်းကျင် သူများက ရဟတ်ယာဉ်သည် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်အမျိုးအစားနှင့်ရေဒါလွတ် တိုက်လေယာဉ်နှစ်မျိုးရောနေသည့် အမှတ် လက္ခဏာများကို တွေ့ရှိရသည်ဟုဆိုသည်။

အမေရိကန်စစ်တပ်တွင် ရေဒါလွတ် ရဟတ်ယာဉ်အမျိုးအစား ရှိသည်ဟုအများက သိရှိမထားသော်လည်း ပါကစ္စတန်နိုင်ငံ အဘိုတာ ဘတ်မြို့ရှိ ဘင်လာဒင်၏ အိမ်ဝင်းရှိရာသို့ ရေဒါများ တွင် မဖမ်းမိစေဘဲ အမေရိကန်စစ်သား များအား ဆောင်ကြဉ်းခဲ့သည့် ရဟတ် ယာဉ်များမှာမူ ရေဒါလွတ်ရဟတ်ယာဉ် အမျိုးအစားလက္ခဏာများ ရှိနေသည်။

"ဒါ တွေ့နေကျ ဘလက်ခ်ဟော့ခ် မျိုးမဟုတ်ဘူး။ ဒီရဟတ်ယာဉ်က အက်ဖ်-၁၁၇ ရေဒါလွတ် တိုက်လေ ယာဉ်တွေမှာတွေ့ရတဲ့ ထောင့်ချိုးတွေ အနားစောင်းတွေ ပါနေတယ်" ဟု အငြိမ်းစား အထူးစစ်ဆင်ရေးလေယာဉ် မှူးတစ်ဦးကပြောသည်။

ရေဒါလွတ်ရဟတ်ယာဉ်နှင့် ရေဒါ လွတ်တိုက်လေယာဉ်တို့သည် တူညီမှု များ ရှိလင့်ကစား ဦးတည်ချက်မတူညီ သည့် ဒီဇိုင်းများရှိ သည်။ ရေဒါလွတ် လေယာဉ်သည် ရေဒါတွင် ဖမ်းမမိစေ ရန်ရည်ရွယ်ပြီး ရေဒါလွတ်ရဟတ် ယာဉ်မှာ အသံတိတ်ဆိတ်ရန် ဦးတည် ထားသည်။ ရဟတ်ယာဉ်များသည် ရေဒါ၏အောက်မှ ပျံသန်းနိုင်သည့်စွမ်းရည်ရှိထားပြီးဖြစ်ကာ ၎င်းတို့တွင်လှုပ်ရှားနေသည့် အစိတ် အပိုင်းများများစွာပါရှိသည့်အတွက် ရေဒါတွင်ဖမ်းမမိစေရေးမှာ များစွာခက်ခဲလှသည်။

ကျင့်သားမရသည့် နားများအတွက် ရေဒါလွတ်ရဟတ်ယာဉ်သံသည် အမေရိကန်ဒေါ်လာသန်း ၁၅၀ တန်စစ်ရဟတ်ယာဉ်တစ်စင်း ဆိုခြင်းထက်သာမန်မြက်ရိတ်စက်သံနှင့် ပိုတူလေသည်။ အမေရိကန်စစ်တပ်၏ နောက်ဆုံးသိရသော ရေဒါလွတ်ရဟတ်ယာဉ်
စီမံကိန်း RAH-66 Comanche သည် မည်သည့်စစ်ဆင်ရေးမျှ မလုပ်မီ ၂၀၀၄ ခုနှစ်အတွင်း ဖျက်သိမ်းခဲ့သည်။ ဖျက် သိမ်းခဲ့စဉ်က ဒေါ်လာ ခုနစ်ဘီလျံနီးပါး သုံးစွဲခဲ့သည့် ယင်းအစီအစဉ်သည် အနာဂတ် ရေဒါလွတ်ယာဉ်များတွင် ဆက်လက်အသုံးချသွားမည်ဟု စစ်ဘက်ဆိုင်ရာ အရာရှိများကပြောသည်။

ပျက်စီးသွားသည့် ရဟတ်ယာဉ်နှင့် စပ်လျဉ်း၍ ပင်တဂွန်သည် ရေငုံနှုတ် ပိတ်ရှိနေပြီး စီအိုင်အေဒါရိုက်တာ လီယွန်ပနက်နာက ဘင်လာဒင်စစ်ဆင် ရေးတွင် ဘလက်ခ်ဟော့ခ် ရဟတ်ယာဉ်များကို သုံးစွဲခဲ့သည်ဟုသာဆိုသည်။ ပါကစ္စတန်အရာရှိများက ရဟတ် ယာဉ်ပျက် အပိုင်းအစများအား ကုန်တင်ကားများပေါ်တင်ဆောင်ကာ မိုးကာများ ဖုံးအုပ်လျက် သယ်ဆောင်သွား ကြသည်။ ပါကစ္စတန်သည် တရုတ်နိုင်ငံနှင့် ရင်းနှီးသော ဆက်ဆံရေးရှိနေ သဖြင့် အမေရိကန်တို့ဘက်မှ ရဟတ် ယာဉ်အပျက်များ မည်သို့အဆုံးသတ် မည်ဆိုသည့်ကိစ္စအား စိုးရိမ်မကင်းဖြစ် သွားရသည်။

@ mdsng

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်