Thursday 20 October 2011

တရုတ်လယ်သမားထွင်လိုက်တဲ့ ရေငုပ်သင်္ဘော

တရုတ်နိုင်ငံ ဟူပေ ပြည်နယ်၊ ၀ူဟန်း ဆင်ခြေဖုံး နားက ကျင်းလင်ရွားကလေးက ကျန်းဝူရိ ဆိုတဲ့ လယ်သမားဟာ တီထွင်မှု့ကို စိတ်ဝင်စားသူပါ။ အခုတော့ သူဟာ သူကိုယ်တိုင်ဖန်တီးထားတဲ့
ရေငုပ်သင်္ဘော အငယ်စားလေးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့ပြီးဖြစ်ပါတယ်။ ဒီသင်္ဘောလေးကို “ရှောင်ဂေါင်းဟို” လို့ နာမည်ပေးထားပါသတဲ့။
၃.၆ မီတာရှည်ပြီး ၁.၈ မီတာစောက်နက်နဲ့ ဒီရေငုပ်သင်္ဘောဟာ မီတာ ၂၀ အနက်အထိ ရေငုပ်နိုင်ပြီး တစ်နာရီကို ၂၀ ကီလိုမီတာနှုန်းနဲ့ ၁၀နာရီလောက် ရေထဲမှာ သွားလာနိုင်ပါသတဲ့။
ရေငုပ်သင်္ဘောရဲ့ပုံစံကတော့ လင်းပိုင်နဲ့ ဆင်တူပါတယ်။
ကျန်းဝူရိကတော့“ကျွန်တော်ဒီရေငုပ်သင်္ဘော ကိုရေတပ်မှအသုံးချရန်ရောင်းချဖို့မျှော်လင့်ထားပါတယ်။
တစ်စီးကိုယွမ်၁သိန်းနဲ့သင်္ဘောရဲ့အန္တရာယ်ကင်းရှင်လုံခြုံရေးစစ်ဆေးမှု့တွေပြုလုပ်ပြီးတဲ့အချိန်ကျရင်ရောင်းမှပါ။
ဒီလထဲမှာ ကုန်သည်တစ်ယောက်က ပထမဆုံး တစ်စီးကို ၀ယ်ဖို့ရှိပါတယ်” လို့ ဆိုသွားပါတယ်။


 

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်