Monday 10 October 2011

အမွှေးပါတဲ့ ထူးဆန်းသော Trout ငါး

 အမွှေးအမျှင်တွေပါတဲ့ ထူးဆန်းသော ထရောက်ငါးကို မြောက်အမေရိက အထူးသဖြင့် Canada , Montana , Wyoming , Colorado နဲ့ Great lakes တို့မှာ တွေ့နိုင်ပါတယ် ။ ဒီငါးတွေဟာ စိတ်ကူးယဉ် ပုံပြင်ဆန်တဲ့ ငါးတစ်မျိုးလည်း ဖြစ်ပါတယ် ။ ပုံပြင်တွေအရဆိုရင်တော့ သူတို့ နေထိုင်ကျက်စားရာ ရေပြင်တွေ ကန်တွေနဲ့ ပင်လယ်တွေဟာ အရမ်းကို အေးလွန်းတဲ့အတွက် ဒီငါးတွေဟာ သူတို့ကို သူတို့ အနွေးဓါတ်ရစေရန်အတွက် အမွှေးအမျှင်တွေ ထွက်ပေါ်လာရခြင်းဖြစ်တယ်လို့ ဆိုပါတယ် ။ နောက်ပုံပြင်တစ်ခုကတော့ အမွှေးအမျှင်တွေ အပြည့်ပါတဲ့ ခရားအိုး လေးလုံးဟာ Arkansas မြစ်ထဲကို မျောပါလာတဲ့အတွက် အဲဒီငါးတွေဟာ အမွှေးတွေပေါက်လာရခြင်းဖြစ်တယ်လို့ဆိုပါတယ် ။

တကယ့် တကယ်မှာတော့ ဒါဟာ နားလည်မှုလွဲနေတာပဲဖြစ်ပါတော့တယ် ။ ၁၇ ရာစု စကော့တလန် လူမျိုးစုတွေရဲ့ ရေးသားထားတဲ့ စာတမ်းတွေအရ ဒီလို အမွှေးပါတဲ့ ငါးတွေများပြားလာခြင်းဟာ ကမ္ဘာသစ်မှာ သူတို့ အမွှေးတွေနဲ့ တင် မြို့တည်လို့ရလောက်အောင်များပြားလာလိမ့်မယ်တဲ့ ။ တကယ်တော့ မှိုတစ်မျိုးဖြစ်တဲ့ Cotton mold-Saprolegnia ဟာ ဒီငါးတွေကို ကူးစက်သွားတာ ဖြစ်ပါတယ် ။ အဲဒီမှိုပိုးဟာ ငါးတွေရဲ့ ခန္တာကိုယ်မှာ အမွှေးသဏ္ဍာန် ပရိုတိန်းတစ်မျိုးကို ပွားများလာစေခြင်းဖြစ်ပါတယ် ။ဒါဟာ ရောဂါပိုးတစ်မျိုးဖြစ်ပြီး ပိုးကူးစက်တာများသွားရင်တော့ ငါးတွေကို သေစေနိုင်ပါတယ် ။ ငါးတွေသေသွားပေမယ့်လည်း အမွှေးတွေကို ပွားများစေတဲ့ မှိုရောဂါပိုးက ဆက်လက်ပွားများလာတဲ့အတွက် ကမ်းခြေတွေမှာ အမွှေးဖြူတွေ ဖုံးအုပ်နေတဲ့ ငါးတွေကိုတွေ့ရလေ့ရှိပါတယ် ။







@ သက်တန့်ချို

1 comment:

  1. အဲဒီ့လိုငါးမျိုးအပြင်မှာရှိလို့လား........

    ReplyDelete

အပြင်းပြေ Drum တီးရအောင်