Tuesday 4 October 2011

Microsoft Windows 8 ၌ ယူနီကုတ်စံနှုန်းထားအား လိုက်နာထားသော မြန်မာ Font ပါဝင်မည်

မကြာမီဖြန့်ချိတော့မည့်MicrosoftWindows8၌ယူနီကုတ်စံနှုန်းအားအတိအကျလိုက်နာထားသော မြန်မာဖောင့်များ ပါဝင်လာမည်ဖြစ်ကြောင်း သိရသည်။ Myanmar Text Regularအမည်ရှိအဆိုပါဖောင့်အားဖောင့်အမျိုးအမည်နှင့်
စာစီစာရိုက်စနစ် (Input Method) ကို Microsoft Windows 8 ၌ တရားဝင်ထည့်သွင်းပေးမည်ဖြစ်ကြောင်း သိရသည်။ယူနီကုတ်စံသတ်မှတ်ချက်သည် နိုင်ငံတကာစံသတ်မှတ်ချက်တစ်ခုဖြစ်၍ နိုင်ငံတကာတွင်ရှိသည့်
အိုင်စီတီဆိုင်ရာ စီးပွားရေးလုပ်ငန်းများ၊ အဖွဲ့အစည်းများ၊ အစိုးရနှင့် အစိုးရမဟုတ်သော အဖွဲ့အစည်းများအနေဖြင့် ယူနီကုတ်စံနှုန်းကိုသာ လိုက်နာအသုံးပြုကြမည်ဖြစ်ကြောင်း၊
၎င်းစံသတ်မှတ်ချက်ကြောင့် မြန်မာဘာသာစကားအား ကွန်ပျူတာမှ နားလည်လာခြင်း၊ သတင်းအချက်အလက်များကို စုစည်းထားနိုင်ခြင်း၊ အချက်အလက်ရှာဖွေခြင်းအတွက် လွယ်ကူခြင်း အစရှိသည့် အခြေအနေများကို အထောက်အကူပြုကြောင်း ကွန်ပျူတာသုံး မြန်မာစာစနစ် အကောင်အထည်ဖော်ခြင်း
လုပ်ငန်းအဖွဲ့မှ သိရသည်။ ၂၀၁၁ ခုနှစ်၊ ဇူလိုင်လအတွင်းက ထုတ်ဝေခဲ့သည့် Mac OS Lion ၌ ယူနီကုတ်စံနှုန်းအား အတိအကျလိုက်နာထားသော မြန်မာယူနီကုတ် ဖောင့်ပုံစံနှစ်မျိုးနှင့် စာစီစာရိုက်စနစ်ကို တရားဝင်ထည့်သွင်းပြီးခဲ့သည့်နောက် လာမည့်အချိန်ကာလအတွင်း ထုတ်ဝေဖြန့်ချိတော့မည့် Microsoft Windows 8 ၌လည်း မြန်မာယူနီကုတ် ပါဝင်လာမည်ဖြစ်ကြောင်း၊ အများပြည်သူအသုံးပြုသော အိုင်စီတီဆိုင်ရာဆော့ဖ်ဝဲ၊ Hardware များတွင် ယူနီကုတ်စံနှုန်းကို အတိအကျလိုက်နာထားသော
မြန်မာယူနီကုတ်ဖောင့်များကိုသာ အသုံးပြုကြမည်ဖြစ်ကြောင်း သိရသည်။ မြန်မာဘာသာစကားအား ကွန်ပျူတာစနစ်များပေါ်တွင် အသုံးပြုနိုင်ရန်အတွက် အစိုးရပိုင်းဆိုင်ရာ တာဝန်ရှိသူများ မြန်မာနိုင်ငံ ကွန်ပျူတာအသင်းချုပ်၊ ယူနီကုတ် ကွန်ဆိုဒီယမ်၊ ပြည်တွင်းပြည်ပမှ ပညာရှင်များ ၀ိုင်းဝန်းပူးပေါင်း
ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။
@ မီးပြတိုက်

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်