Tuesday 4 October 2011

ဟန်းနီးမွန်းထွက်တဲ့ ဇနီးမောင်နှံ အပြန်ခရီးမှာ သမီးတစ်ယောက်နှင့်အတူပြန်လာ

စုံတွဲတစ်တွဲဟာ လွန်ခဲ့တဲ့ လေးနှစ်က မင်္ဂလာဆောင်ပြီး ရွက်လွင့်ကာ ကမ္ဘာပါတ် ဟန်နီးမွန်းထွက်ခဲ့ပါတယ်။ နောက် အိမ်ပြန်တဲ့အချိန်မှာတော့ ထိုခရီးအတွင်းမှာရခဲ့တဲ့ နှစ် နှစ်သမီးလေးတစ်ယောက်နှင့်အတူး ၃ ယောက်ပြန်လာခဲ့ပါတယ်။ Dave နဲ့ Hazel McCabe မောင်နှံဟာ ၂ဝဝ၅ ခုနှစ်မှာ ဗြိတိန်နိုင်ငံမှာ မင်္ဂလာဆောင်ပြီး စိတ်လှုပ်ရှားဖွယ်ကောင်းတဲ့ မိုင်ပေါင်း ၁၄ဝဝဝ ရှည်တဲ့ ခရီးတစ်ခုကို ထွက်ခွာခဲ့ကြတာဖြစ်ပါတယ်။ သူတို့ရဲ့ခရီးစဉ်ဟာ ဥရောပမှ မြောက်အာဖရိက ကမ်းရိုးတမ်းတစ်လျှောက် ရွက်လွင့်ခဲ့ခြင်းဖြစ်ပြီး ကာရေဘီယံသို့ အတ္တလန်တိတ်သုမုဒ္ဒရာမှ မဖြတ်ခင် ရွက်လှေကို ပြင်ဆင်မှု့များပြုလုပ်ခြင်းလဲပါဝင်ပါတယ်။

ခရီးထွက်လို့ ၂ နှစ်အကြာမှာ Hazel ဟာကိုယ်ဝန်ရှိလာပြီး လေယာဉ်ဖြင့်ပြန်လာကာ ဗြိတိန်နိုင်ငံရဲ့ ကျွန်းတစ်ကျွန်းဖြစ်တဲ့ စိန့်မာတင် ကျွန်းမှာ သမီးလေး Katie ကိုမွေးဖွားခဲ့ပါတယ်။ Katie ကိုမွေးဖွားအပြီးမှာတော့ အမေရိကန်နိုင်ငံနယူးယောက်ကမ်းရိုးတမ်းမှသင်္ဘောသားအသစ်ခလေး
နှင့်အတူပြန်လည်ခရီးဆက်ထွက်ခွာခဲ့ပါတယ်။
သမီးလေး Katie ဟာ သဘောင်္ပေါ်မှာ ပျော်ရွင်တက်ကြွတဲ့ခလေးတစ်ယောက်ပါလိုက် အသက် ၃၇ နှစ်ရှိပြီဖြစ်တဲ့မိခင် Dave ကပြောပြပါတယ်။ ရေကြောင်းခရီတလျှောက် မြောက်အာဖရိကတိုက် ဟာရီကိန်း မုန်တိုင်းဒဏ်ကိုလည်း တော်တော်ခံစားခဲ့ရပါတယ်။ အသက် ၄၂ နှစ် McCabe ကတော့ ခရီးစဉ်တလျှောက် အပျော်ရွင်ဆုံးအချိန်တွေကတော့ အတ္တလန်တိတ် သမုဒ္ဒရာ အလယ်ကို ဖြတ်ခဲ့တဲ့နေများနှင့် လင်းပိုင်များ ရုတ်တရက် သင်္ဘောဘေးရောက်လာတဲ့အချိန်တွေဘဲဖြစ်ပါတယ်။ ပြောပြလို့ မရနိုင်အောင်ကို အလွန်အတွေ့အကြုံအများကြီး ရခဲ့တယ်ခရီစဉ်တစ်ခုဖြစ်ပါတယ်။ အခုတော့ထိုမောင်နှံဟာ Devon ရှိတဲ့သူတို့အိမ်ကို ပြန်လည်ရောက်ရှိပြီဖြစ်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်