Thursday 13 October 2011

ရုရှားတို့၏ Glonass ဂြိုလ်တု လမ်းညွှန်စံနစ်အကြောင်း

ရုရှားနိုင်ငံဟာ နိုင်ငံရဲ့ ကမ္ဘာလုံး ဆိုင်ရာ တည်နေရာပြစနစ်ရဲ့ ဂြိုဟ်တု အုပ်စုဖြစ်တဲ့ ဂလိုးနက်စ်ဂြိုဟ် တုတွေ အာကာသတွင်း နေရာချထားခြင်းကို အပြီးသတ် ဆောင်ရွက် ပြီးစီးပြီ ဖြစ်ကြောင်း ရုရှား အာကာသ အေဂျင်စီ ရို့စ်ကိုစ်မို့စ် အကြီးအကဲ ဗလာဒီမာ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။ အဆိုပါ ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ စနစ်ဟာ အမေရိကန်
ပြည်ထောင်စုရဲ့ GPS စနစ်နဲ့ တူညီပြီး စစ်ဘက်ရော အရပ်ဖက်ကပါ အသုံးပြုနိုင်အောင် ဒီဇိုင်း ထုတ်ထားပါတယ်။
Glonass စံနစ်သုံး လမ်းညွှန်ကရိယာတစ်ခုပုံ
 အဆိုပါ ရုရှား လမ်းညွှန် တည်နေရာပြစနစ်မှာတစ်ကမ္ဘာလုံးကိုလွှမ်းခြုံပြီးလုပ်ငန်းလုပ်ဆောင်နိုင်ဖို့အတွက်
လုပ်ငန်း လည်ပတ်မှု ဆိုင်ရာ ဂြိုဟ်တု (၂၄)ခုနဲ့ သီးသန့် ဂြိုဟ်တု (၂)ခုမှ (၃)ခုအထိ လိုအပ်ပါတယ်။
လေကြောင်းချီစစ်သည်တော်တစ်ဦးတွင် တပ်ဆင်ထားသော glonass equipment တစ်ခု

ရုရှား နိုင်ငံဟာ အခု အောက်တိုဘာလ အစောပိုင်းမှာ ဂလိုးနက်စ် အမ် ဂြိုဟ်တုကို အာကာသ အတွင်း အောင်မြင်စွာ လွှတ်တင် နိုင်ခဲ့ တဲ့အတွက် ပတ်လမ်းအတွင်း ဂြိုဟ်တုတွေ ချထားခြင်း ပြီးဆုံးပြီ ဖြစ်ကြောင်း ဂလိုးနက်စ် လမ်းညွှန် တည်နေရာပြ ဂြိုဟ်တုတွေဟာ အချိန် အနည်းငယ် အတွင်းမှာ အသုံးပြုနိုင် တော့မှာ ဖြစ်ကြောင်း ရို့စ်ကို့စ်မို့စ် အကြီးအကဲ ပိုပေါ့ကင်က ပြောကြား ခဲ့ပါတယ်။

အခုလက်ရှိ အချိန်မှာ ကမ္ဘာ့ ပတ်လမ်းအတွင်း ဂလိုးနက်စ် ဂြိုဟ်တု (၂၈) လုံးရှိနေပြီး (၂၃)လုံးဟာ လုပ်ငန်း လုပ်ဆောင်လျက် ရှိပါတယ်။ (၂)လုံး ကိုတော့ လုပ်ငန်း လုပ်ဆောင်ဖို့ ပြင်ဆင်နေပြီ ဖြစ်ပြီး ကျန် (၃)လုံးကတော့ ပြုပြင် ထိန်းသိမ်းရေး လုပ်ဆောင်လျက် ရှိပါတယ်။ ပိုပေါ့ကင်ရဲ့ အဆိုအရ ရုရှားနိုင်ငံဟာ လာမယ့် နှစ်အနည်းငယ် အတွင်းမှာ မိုးလေ၀သနဲ့ ဆက်သွယ်ရေး ဆိုင်ရာ ဂြိုဟ်တုတွေကို လွှတ်တင်သွားဖို့ စီစဉ် နေတယ်လို့လည်း သိရပါတယ်။
@ mdsng

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်