Sunday 30 October 2011

ကမ္ဘာ့ ပထမဆုံး အာကာသ Beer

ဘီယာလို့ပြောလိုက်ရင် လူလတ်ပိုင်းတွေ အများစု အနှစ်သက်ဆုံး အရည်တစ်ခုဖြစ်ပါတယ်။ အချို့သောဘုန်းကြီးတွေဆိုလဲ ဘီယာသောက်ပြီး အစာရှောင်ရင် (အဖတ်မစား) ပုံမှန်ထက် အချိန်ကြာကြာပိုပြီး နေနိုင်ကြလို့ ဘုန်းကြီးတွေအတွက်လဲ အဆင်ပြေသပေါ့။ သင်္ဘောသားတွေ အတွက်ကျတော့ လနဲ့ချီပြီး ပင်လယ်ထဲမှာ နေရတဲ့အတွက် ဟင်းသီးဟင်းရွက်တွေ မစားရလို့ ဖြစ်တတ်တဲ့ရောဂါတွေဆိုရင်လဲ ဘီယာလေးသာသောက်လိုက် ဖြစ်ပါဆိုရင်တောင်မဖြစ်တော့ဘူး။ တရက်ကို နှစ်ခွက်လောက်သောက်ရင်လဲ သွေးလေလည်ပါတ်မှု့ကလည်း ကောင်းပြန်ရော။ နောက်ပြီးတော့ မက်ဂနီဆီယမ်၊ ပိုတက်ဆီယမ်၊ ဗီတာမင် ၆ (B6)၊ ဗီတာမင် ၁၂ (B12) အပြင်အခြား ဗီတာမင်ဓါတ်တွေကိုလည်း ဘီယာသောက်ခြင်းဖြင့် ရရှိနိုင်ပါတယ်။ ထို့အပြင် အသက်ကြီးလာလို့ ဦးနှောက်မှတ်ဥာဏ်တွေကျဆင်းမှု့ကိုလည်း ၄ဝ ရာခိုင်နှုန်းလောက်ကို ကာကွယ်ပေးတယ်လို့ Clinical & Experimental သုတေသနအဖွဲ့ကြီးက ၂ဝဝ၁ ဒီဇင်ဘာလမှာ ဖော်ပြခဲ့ဘူးပါတယ်။ အသဲလုပ်ဆောင်မှုကို ကောင်းစေသလို Insomnia ဆိုတဲ့ အိပ်မရတဲ့ ရောဂါကိုလည်း ကုသနိုင်တယ်လို့သိရပါတယ်။ နယူးကာဆယ် တက္ကသိုလ်ကပါမောက္ခကြီးOliverJamesကလည်းဘီယာသောက်ခြင်းအားဖြစ်ဆီးအိမ်မှာကျောက်တည်ခြင်းနှင့်
ကျောက်ကပ်မှာ ကျောက်တည်ခြင်းများကို ကာကွယ်စေနိုင်ပါတယ်တဲ့ဗျာ။

အခုတော့ ဘီယာကိုလူတွေဘယ်လောက် ရူးမူးတန်ဖိုးထားကြလဲဆိုရင်တော့ 4 Pines စားသောက်ကုန် ကုမ္ပဏီက သြစတေးလျမှ Saber အာကာသယာဉ်မှူးများနဲ့ ပူးပေါင်း အကာသထဲမှာထုပ်လုပ်လိုက်တဲ့ ကမ္ဘာပထမဆုံး အာကာသဘီယာ ကို ထုတ်လိုက်ပြီးဖြစ်ပါတယ်။
ဒီမှာလာဖတ်တဲ့သူတွေထဲမှာလည်း အိမ်ရှင်မတွေ ပါမှာပါ။ ကိုယ်ခင်ပွန်းသယ်ယောက်ျားကို ချစ်တယ် ဆိုရင် ကိုယ့်ခင်ပွန်းသယ်ဘီယာသောက်တာ ကျန်းမာရေးအတွက်သောက်တာလို့ နားလည်ပေးလိုက်ပြီး မကန့်ကွက်ကြနဲ့ပေါ့နော်.. :D

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်