Saturday 29 October 2011

အဝေးထိန်းစနစ်ဖြင့် မောင်းနှင်နိုင်သောကား

Tomorrow Never Dies ဇာတ်ကား ထဲမှာ ဂျိန်းစဘွန်း အခက်အခဲတွေကို ကျော်ခဲ့တာတွေကို မှတ်မိကြသေးလား၊ သူ့ရဲ့ကားကို အဝေးထိန်း စက်ခလုပ် (remote-controlled)နဲ့ ထိန်းချူပ်သွားတာကိုလေ၊ ကဲ့အခုတော့ ရုပ်ရှင်မဟုတ်တော့ဘူး စိတ်ကူးယဉ်ပြီး ရိုက်ကူးခဲ့တဲ့ အကြောင်းတရားတွေဟာ ယနေ့တော့ကမ္ဘာပေါ်မှာ လက်တွေ့တွေရှိလာကြတာကိုအားလုံးအသိဘဲဖြစ် ပါတယ်။ ဂျာမဏီနိုင်ငံက ကွန်ပြူတာ သိပ္ပံပညာရှင်တစ်ယောက်ဟာ iPhone ကို smartphone အဖြစ်သို့ပြောင်းလဲက မိမိကိုယ်တိုင်တီထွင်ထားတဲ့ ကားကို အဝေးမှ ထိန်းချူပ်နိုင်တဲ့ နည်းပညာတစ်ခုကို ထည့်သွင်းတီထွင်ခဲ့ပါတယ်။ ထိုကားကို အဝေးထိန်း စနစ်ဖြင့် စီယာတိုင် နှင့်လီဗာ တို့ကို iPhone ရဲ့
ခလုပ်များနှင့် ကားအနှေးအမြန်နှင့် ကွေ့ဝိုက်မှု့များကို ထိန်းချူပ်နိုင်မှာ ဖြစ်ပါတယ်။ ထိန်းချူပ်ထားတဲ့ iPhone ရဲ့ မျက်နှာပြင် (screen) မှာတော့ ကားရဲ့ အရှေ့မှာ ရှိတဲ့အရာဝတ္တုများ ကို
တွေ့မြင်နိုင်သလို ရေဒီယို လဲဖွင့်လို့ရပါတယ်။
 
ပါကင်ထိုးဖို့အတွက်လဲ မြေညီထပ်မှစပြီး လေးထပ်အကွာအဝေးအထိ ပါကင်ထိုးခြင်းကို ထိန်းချူပ်နိုင်မှာဖြစ်ပါတယ်။ ထိုအဝေးထိန်းခလုပ်နှင့် ထိန်းချူပ်မောင်နှင်နိုင်တဲ့ကားကို ဘာလင်မြို့ရဲ့
ဝိဥာဉ်(Spirit of Berlin) လို့ အမည်ပေးထားတာဖြစ်ပြီး ArtificialIntelligenceအဖွဲ့ကဘာလင်မြို့မှာရှိတဲ့ 
Freie တက္ကသိုလ်မှာ တီထွင်ခဲ့တာဖြစ်ပါတယ်။ ထိုအဖွဲ့ဟာ နောင်လာမဲ့အနာဂါတ်မှာ ဘယ်လို အဆင့်မြင့်တီထွင်လို့ရမလဲ ဆိုတာကို ဆက်လက် ရှာဖွေ လျှက်ရှိပါတယ်။ အဖွဲ့မှာ ဒါရိုက်တာ ပရော်ဖက်ဆာ Raúl Rojas က နောင်ဆိုရင် မောင်းသူမဲ့အငှား ကား တွေ ကိုတွေ့မြင်လာရမှာဖြစ်သလို ကားပိုင်ရှင်များအနေဖြင့်လည်း မိမိတို့ကားများကို အဝေထိန်းစနစ်ဖြင့် ထိန်းချူပ်နိုင်တော့မှာဖြစ်တယ်လို့
ပြောကြားခဲ့ပါတယ်။ 

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်