Friday 14 October 2011

သေဆုံးသွားတဲ့ချစ်သူနဲ့ လက်ထပ်တဲ့ အမျိုးသမီး

ပြင်သစ်က အမျိုးသမီးတစ်ယောက်ဟာ လွန်ခဲ့တဲ့ တစ်နှစ်လောက်က သေဆုံးသွားတဲ့ချစ်သူနဲ့ ၆နှစ် သက်တမ်း လက်ထပ်ပွဲ တစ်ခုကို ပြုလုပ်ခဲ့ပါတယ်။ မက်ဂါလီဂျစကီဝှဇ် နှင့် ဂျော့ရှ် တို့ဟာ သူတို့နေတိုင်တဲ့ မြို့ရဲ့ ခမ်းမလေးတစ်ခုမှာ မင်္ဂလာဆောင်ဖို့ စီစဉ်ထား ကြသူတွေဖြစ်ပါတယ်။ ဒါပေမဲ့ ဂျော့ရှ် ဟာ မင်္ဂလာဆောင်ဖို့ နှစ်ရက်အလိုမှာ ဆိုင်ကယ် မတော်တဆ ဖြစ်မှု့ကြောင့် ကွယ်လွန်သွား ခဲ့ရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ ဂျစကီဝှဇ် ဟာ မြို့နယ်ရဲ့ ခွင့်ပြုချက် ဥပဒေအရ သေသွားတဲ့သူနဲ့ မင်္ဂလာဆောင်ပွဲ တစ်ခုကို ပြုခဲ့ပါတယ်။ သူမနှင့် ဂျော့ရှ် တို့ဟာ ၂ဝဝ၄ ခုနှစ်ကတည်းက အတူတကွ ပေါင်းသင်းနေထိုင်ခဲ့ပြီ ဘဏ်စာရင်း ကိုလဲ ရှယ်ယာ လုပ်ထားတာကို တရားဝင်သက်သေပြခဲ့ပါတယ်။ ခန်းမရဲ့ အလယ်လမ်းပေါ်မှာ တစ်ယောက်ထဲ မက်တပ်ရပ်ပြီးချစ်သူ ဂျော့ရှ် နဲ့လက်ထပ်ခဲ့ပါတယ်။ သူမရဲ့ မင်္ဂလာပွဲကိုတော့ ပြင်သစ်နိုင်ငံ အရှေ့ဖက်ပိုင်းမှာတည်ရှိတဲ့ Dommary-Baroncourt ကျေးရွာမှ သူငယ်ချင်းမိတ်ဆွေနဲ့ မိသားစုဝင်ပေါင်း ၃ဝ ကျော်တက်ရောက်ချီးမြှင့်ခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ ထို့ကဲ့သို့ သေဆုံးသူနှင့်လက်ထပ် တဲ့ပွဲကို ပြုလုပ်တာ တစ်နှစ်တစ်နှစ်ကို ၁ဝ ပွဲခန့်ရှိတယ်လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ အရာရှိတစ်ယောက် ကပြောပြခဲ့ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်