Friday 21 October 2011

အမှိုက်ကားထဲ ရောက်သွားသည့် တီဗက်ဇ် အင်္ကျီများ

ကားလို့စ် တီဗက်ဇ် တစ်ယောက် မန်ချက်စတာ မြို့တွင် လူမုန်း အများဆုံး ပုဂ္ဂိုလ် ဖြစ်မှန်းမသိ ဖြစ်လာခဲ့ကြောင်း သတင်းများက ဆိုသည်။
၎င်းအား မနှစ်မြို့ကြောင်း ပြသသည့် အနေနှင့် မဟာပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက်နှင့် မန်ချက်စတာ စီးတီး ပရိသတ်များသည် တီဗက်ဇ် အမည်ပါ ဂျာစီများကို စုပေါင်းကာ အမှိုက် စွန့်သကဲ့သို့ လွှင့်ပစ်ခဲ့ကြသည်။ တနင်္ဂနွေ နေ့တွင် ကစားမည့် ဒါဘီ ပွဲစဉ် မတိုင်မီ တီဗက်ဇ်၏ အင်္ကျီများကို နှစ်ဖက် ပရိသတ်များ စုပေါင်း လွှင့်ပစ်ကြပြီး အထည်(၇၀၀၀၀)ခန့် ရရှိမည်ဟု မျှော်လင့်ရသည်။ တီဗက်ဇ်သည် မန်ယူတွင်ရော၊ မန်စီးတီးတွင်ပါ ကိုယ်စားပြု  ကစားခဲ့ဖူးသူ တစ်ဦးဖြစ်ပြီး ယခုအခါ နှစ်သင်းလုံး၏ ပရိသတ်များက မုန်းတီးမှုကို ခံနေရသည်။
 ၎င်းသည် မန်ယူကို စွန့်ခွာပြီး ခါးသီးသော မြို့ခံ ပြိုင်ဘက်ထံ ပြောင်းရွှေ့ သွားသဖြင့် မန်ယူ ပရိသတ်၏ အမုန်း ခံနေရသလို အသင်းအတွက် လူစား ၀င်ကစားရန် ငြင်းဆိုသောကြောင့် မန်စီးတီး ပရိသတ်၏ မကြည်မလင် ဖြစ်ခြင်းနှင့်လည်း ကြုံနေရသည်။ ယခုကဲ့သို့ ဂျာစီ အင်္ကျီများ လွှင့်ပစ်မှုကို Campaign တစ်ခု အနေနှင့် လုပ်ဆောင်ခဲ့ပြီး သီးသန့် ငှားရမ်းထားသည့် အမှိုက် ကားကြီးများတွင် အနီတစ်ခြမ်း၊ အပြာနု တစ်ခြမ်း ဆေးခြယ်ကာ အင်္ကျီများ လှည့်လည် ကောက်ခံ ခဲ့ကြခြင်း ဖြစ်သည်။
ယခု Campaign ကို ဦးဆောင်သည့် Betfair မှ တာဝန်ရှိသူ တစ်ဦးက “တီဗက်ဇ်ကို ထောက်ခံတဲ့ သူတွေ တစ်စထက်တစ်စ လျော့လာကြပါတယ်။ သူ့ကို ထောက်ခံတဲ့ ပရိသတ်တွေ ၀ယ်ထားတဲ့ ဂျာစီတွေကို ခုချိန်မှာ လွှင့်ပစ်ဖို့ အသင့်လျော်ဆုံးပါ” ဟု ပြောကြားခဲ့သည်။ အဆိုပါ အင်္ကျီများကို ဆင်းရဲနွမ်းပါးသော ကမ္ဘာ့ နိုင်ငံများသို့ ပေးပို့ လှူဒါန်းသွားရန် စီစဉ်ထားသည်။ Trash your Tevez shirt! ဟု အမည် ပေးထားသည့် အဆိုပါ Campaign အတွက် ငှားရမ်းထားသည့် အမှိုက်ကားများကို တနင်္ဂနွေနေ့ မန်ယူနှင့် မန်စီးတီး ကစားမည့် ပရီးမီးယားလိဂ် ပွဲစဉ် မတိုင်မီကတည်းက အိုးလ်ထရက်ဖို့ဒ် ကွင်းရှေ့တွင် ရပ်ပေးထားပြီး လာပစ်သော အင်္ကျီများကို လက်ခံ ပေးသွားမည်ဟု သိရှိရသည်။
@ soccermyanmar

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်