Tuesday 4 October 2011

အထူးအစားအစာ ခရုဥ (snail caviar)

ပြစ်သစ်အမျိုးသားတစ်ယောက်ဟာ အစားအစာ အသစ်တစ်ခုကို တီထွင်ခဲ့ပါတယ်။ တခြားတော့မဟုတ်ဘူး ခရုဥ ပဲဖြစ်ပါတယ်။
လျော့တော့မတွက်နဲ့နော် ကိုယ့်လူ ဈေးကလည်း ကြီးသလို အကောင်းစား အစားအသောက်ထဲက တစ်ခုဖြစ်နေတယ်ဗျ။ ထိုလူနာမည်ကတော့ Dominique Pierru ဖြစ်ပါတယ်။ ဒီလို နူးညံ့ပြီး အလုံးကြီးတဲ့ ခရုဥတွေရဖို့အတွက်ကိုတော့သူဟာအချိန်သုံးနှစ်ယူပြီးခရုအကောင်ရေပေါင်း
တစ်သိန်းရှစ်သောင်းကို သုတေသနလုပ်မွေးမြူခဲ့ရတာပါ။ အခုတော့ သူရဲ့ ခရုဥ စားသောက်ကုန်ဟာ ပြင်သစ်မှာ လူတစ်ယောက်နဲ့တစ်ယောက် စားသောက်ဆိုင်တွေမှာ အထူးအစားအစာ ဖြင့်ဧည့်ခံတဲ့ နာမည်ကြီး စားကုန်တစ်ခုဖြစ်နေပါပြီး။ ၂ဝဝ၈ ခုနှစ်တုန်းက ကီလိုဂရမ် ၂၅ဝ ကို ရောင်းချခဲ့ပြီးဖြစ်ပါတယ်။ အခုနှစ်ကုန်မှာတော့ ကီလိုဂရမ် ၃ဝဝ ကို ရောင်းချပါလိမ့်မယ်။ ဈေးနှုန်းကတော့ ၃ဝ ဂရမ်တစ်ဗူးကို ယူရိုငွေ ၃၉ ယူရိုဖြစ်ပါတယ်။
 ၅ဝ ဂရမ်ဗူးဆိုရင်တော့ ၈၂ ယူရိုဘဲဖြစ်ပါတယ်။ Dominique နဲ့ သူ့ဇနီးဟာ ထူးထူးဆန်းဆန်းအစာကို တီထွင်ဖို့အတွက်လုပ်ခဲ့ပေမဲ့ အခုတော့ သူတို့ တီထွင်လိုက်တဲ့စားသောက်ကုန်ဟာ အောင်မြင်တဲ့ စီးပွားရေးတစ်ခုအသွင်ကို ရောက်ရှိနေပြီဖြစ်ပါတယ်။ အခုဆိုရင် သူတို့ဟာ ဥရောပ အရှေ့ဖက်ပိုင်းမှာရှိတဲ့ ခရုတွေကို တင်သွင်းမှာယူနေပြီး ဥတွေကို လေ့လာနေပြီဖြစ်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်