Friday 21 October 2011

ကမ္ဘာ့ တန်ဖိုးအကြီးဆုံး သင်္ဘောပျက်

ဒုတိယကမ္ဘာစစ်အတွင်းက နစ်မြုပ်ခဲ့တဲ့ ဒီသင်္ဘောကြီးကို အတ္တလန်းတစ်သမုဒ္ဒယာရဲ့ ရေအောက်ကြမ်းပြင်မှာ
ပြန်လည်တွေ့ရှိခဲ့ပါတယ်။ ထို့အတူ ကမ္ဘာပေါ်မှာ တန်ဖိုးအရှိဆုံးသတ္တုတွေဟာ ဒီသင်္ဘောပျက်ကြီးနှင့်အတူ
တွေ့ရှိခဲ့တယ်လို့ ဆိုပါတယ်။
SSGairsoppaလို့ခေါ်တဲ့ဒီနစ်မြုပ်ခဲ့တဲ့သင်္ဘောဟာ ငွေသတ္တု အောင်စပေါင်း ၇ သန်းကို
တင်ဆောင်ခုတ်မောင်းနေရင်းနှင့် နစ်မြုပ်ခဲ့တာဖြစ်ပြီး ကာလပေါက်ဈေးအရဆိုရင် အင်္ဂလန် ပေါင် ၁၅၅ သန်းတန်ကြေးရှိနေပြီဖြစ်ပါတယ်။ ဒီသင်္ဘောပျက်ကြီးကို မြောက်အတ္တလန်းတစ် သမုဒ္ဒယာရဲ့ မီတာပေါင်း ၄၇၀၀အနက်၊အိုင်ယာလန်ကျွန်းစုရဲ့မိုင်၃၀၀အကွာအပြည်ပြည်ဆိုင်ရာ ရေပိုင်နက်မှာ တွေ့ရှိခဲ့တာဖြစ်ပါတယ်။
ဒီသင်္ဘောဟာ ၄၁၂ ပေရှည်လျှားပြီး ဒုတိယကမ္ဘာစစ်တုန်းက တိုပီတို ဒုံးကျည်ထိမှန်ပြီး နစ်မြုပ်ခဲ့တာဖြစ်ပါတယ်။ ရှာဖွေရေးကုမ္မဏီရဲ့ အဆိုအရတော့ “ဒီသင်္ဘောမှာ နစ်မြုပ်တဲ့အချိန်က ပေါင် ၆ သိန်းဖိုးတန်ဖိုးရှိတဲ့ ငွေသတ္တု အောင်စ ၇ သန်းတင်ဆောင်ခဲ့ပြီး အဲ့ဒီအထဲက ငွေသတ္တု အောင်စ ၃ သန်းဟာ အင်္ဂလန်နိုင်ငံအတွက် ငွေကြေးသွန်းလောင်းဖို့ အာမခံထားတဲ့ သတ္တုတွေဖြစ်ပါသတဲ့။ ဒါဟာ နစ်မြုပ်သွားတဲ့ သင်္ဘောတွေထဲက တန်ဖိုးအရှိဆုံး ကုန်စည်တစ်ခုလည်းဖြစ်ပါတယ်”

၂၀၁၀ခုနှစ်မှာ ဗြိတိန် ပို့ဆောင်ရေး ဋ္ဌာန ကနေပြီးတော့ အဆိုပါ Odyssey Marine Exploration ကုမ္မဏီကို ဒီသင်္ဘောပျက်ရှာဖွေရန်အတွက် ငှားရမ်းခဲ့တာပါ။ စာချုပ်အရတော့ ဒီ Odyssey ကုမ္မဏီဟာ ၈၀%နှုန်းသော ငွေသတ္တုတွေကို ဗြိတိန်ကို ပြန်ပေးရမှာဖြစ်ပါတယ်။
ကုမ္မဏီဟာ (ROV – Remotely operated vehicle) တွေကို သုံးပြီးတော့ ဒီသင်္ဘောပျက်ရှိနိုင်တဲ့နေရာတွေကို လေ့လာစစ်ဆေးခဲ့တယ်လို့ ဆိုပါတယ်။ ကုမ္မဏီရဲ့ အကြီးအကဲ Mark Gordon က “ကျွန်တော်တို့ဟာ Side-scan sonar (အသံဖြင့် ထောက်လှမ်းနိုင်သော ကိရိယာ) ကို အရင်သုံးပြီးတော့ သင်္ဘောရဲ့ တည်နေရာကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ လွန်ခဲ့တဲ့ ၂ လလောက်ထဲက ROV တွေသုံးပြီး သင်္ဘောကို အနီးကပ် စစ်ဆေးခဲ့တာပါ” လို့ ဆိုပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်