Tuesday 4 October 2011

ပျောက်ဆုံးနေတဲ့ အတ္တလန်တာ မြို့တော်ကြီး

ရှေးခေတ် က အဆောက်အအုံ လူ့အသုံးအဆောင် သင်္ချိုင်း စတဲ့ ပစ္စည်းများကို လိုက်လံရှာဖွေတဲ့ အဖွဲ့တစ်ဖွဲ့ဟာပျောက်ဆုံးနေတဲ့
မြို့တော်ကြီးဖြစ်တဲ့ အတ္တလန္တာ မြို့ကြီးရှာဖွေတွေ့ရှိတယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပါတယ်။ သိပ္ပံပညာရှင်တွေကတော့ ထိုကဲ့သို့ တိကျခိုင်လုံတဲ့ ထောက်အထားမရှိဘဲ ထုတ်ဖော်ပြခဲ့တဲ့ ကာရေဘီယံ ပင်လယ်အောက်က ဓါတ်ပုံတွေကိုတော့ သူတို့အချင်းချင်း အငြင်းပွားနေကြပါတယ်။ ထို ဓါတ်ပုံတွေကတော့ ယိုယွင်းပျက်စီးနေတဲ့ ဘီစီ ၂၆ဝဝ လောက်က အီဂျစ်က ပီရမစ် တွေဖြစ်တယ်လို့ သူတို့ဖက်တော့ အခိုင်အမာပြောဆိုနေပါတယ်။ ပြင်သစ်နိုင်ငံက သတင်းစာတစ်ခုကတော့ထိုအထဲမှအဆောက်အအုံတစ်ခုဟာပီရမစ်နှင့်တူတာကို မြင်ရတယ်လို့ ဖော်ပြထားပါတယ်။ အမည်အမသိအဖွဲ့ အတစ်ခုကလည်း ရန်ပုံငွေ စုကာ လျိုဝှက် လွန်းတဲ့ ဓါတ်ပုံ များမှာပါရှိတဲ့ ထိုနေရာက မြို့ကို ဖော်ထုတ်ခြင်နေကြပါတယ်။ ဒါပေမဲ့ ထုတ်ဖော်ပြသခဲ့တဲ့ ဓါတ်ပုံတွေက ဘယ်နေရာမှာလဲ ဆိုတာ အတိအကျ မသိရှိကြသေးပါဘူး ကာရေဘီယံ ပင်လယ်အောက်က တနေရာရာ လို့ဘဲ ဖော်ပြထားပါတယ်။ ထိုသတင်းကို အင်တာနက်ထဲမှာ ဖော်ထုတ်ခဲ့တဲ့အတွက်ကြောင့် ဟုတ်ပါ့မလားဆိုတဲ့ သံသယ စိတ်တွေနဲ့ အံ့သြကြရပါတယ်။

ဒဏ္ဍာရီထဲက ပင်လယ်ရေအောင်ထဲကို နှစ်မြှုတ်သွားတဲ့ အတ္တလန္တာမြို့ကြီးဟာ အင်မတန်အံ့သြဖို့ကောင်းအောင် ချမ်းသာပြီး ခေတ်မှီဖွင့်ဖြို့တိုးတက်သော နိုင်ငံကြီး (စိတ်ကူးထဲက မြန်မာနိုင်ငံကြီး) တစ်ခုဖြစ် ဖမ်းစားစွဲမက် စေခဲ့ပါတယ်။ ထိုကဲ့သို့ တွေ့ပြီလို့ပြောလိုက်တဲ့အဖွဲ့တွေကလည်း မနည်းလှပါဘူး။ ၁၉၉၇ ခုနှစ်တုန်းကလည်း ရုရှားက သိပ္ပံပညာရှင်တွေအဖွဲ့ကလည်း အတ္တလန္တာ မြို့အစွန်ကို တွေ့ပြီဆိုပြီးကျေငြာခဲ့ဘူးပါတယ်။ ၂ဝဝဝ ခုနှစ်မှာတော့ တူရကီ ပင်လယ်နက် ကမ်းရိုးတမ်းက ရေအောက် ပေ ၃ဝဝ အနက်မှာ တွေ့တယ်လို့လဲ ကျေငြာကြပြန်ပါတယ်။ ထိုဧရိယာ ပျောက်ဆုံးသွားတဲ့ အကြောင်းအရင်းကတော့ ဘီစီ ၅ဝဝဝ လောက်က ခရစ်ယာန်တို့ရဲ့ ဓမ္မဟောင်းကျမ်းစာမှာပါရှိတဲ့ ရေလွှမ်းမိုးမှု့ကြောင့် ဖြစ်နိုင်တယ်လို့ အားလုံးက တွေထင်ထားကြပါတယ်။ ၂ဝဝ၄ ခုနှစ်တုန်းကလည်း အမေရိကန်ကလူတစ်ယောက် ကလည်း အတ္တလန္တာ မြို့ကြီးဟာ Cyprus နှင့် Syria ကြားမှာ နစ်မြှုပ်ခဲ့တယ်လို့ပြောခဲ့ပြီး ၂ဝဝ၇ နှစ်မှာလဲ ဆွီဒင်သုတေသီများက မြောက်ဖက်ပင်လယ်က Dogger သဲသောင်ပြင်နားမှာ မြှုပ်ခဲ့တယ်လို့လည်းဆိုပါတယ်။ ယခုနှစ် ဖေဖော်ဝါရီလတုန်းကတော့ Google Earth ကတော့ အာဖရိက ကမ်းရိုးတမ်းမှာ နစ်မြှုပ်ခဲ့တဲ့ပုံစံမျိုးဆိုထားသော်ငြားလဲ နောက်ဆုံးမဟုတ်ခဲ့ပါဘူး။ 


No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်