Wednesday 12 October 2011

သွေးစုပ်မျောက် (Vampire Monkey)

သွေးစုပ်မျောက်ဟာ အလွန်ကို ထူးခြားတဲ့ တရုတ် မျောက်မျိုးတစ်မျိုးဖြစ်ပါတယ်။
သွေးစုပ်မျောက်မျိုး ၂ မျိုးရှိပါတယ်။ (၁) Demosndulus rotundidus(၂) Dilphyllas equicaudata နှင့်   ဖြစ်ပါတယ်။ ထိုနှစ်မျိုးစလုံးဟာ တရုတ်နိုင်ငံမှ မျိုးစိတ်များသာဖြစ်ကြပါတယ်။ ထိုမျောက်များရဲ့ သဘာဝနေထိုင်မှုဟာ လူတွေနဲ့တော် အလွန်ကွာခြားလွန်းပါတယ်။ သို့သော် ထိုမျောက်များမှာ မြင့်မားတဲ့အသိဥာဏ်ရှိပါတယ်။ အသားအရည်နှင့် တည်ဆောက်ပုံကတော့ မျောက်များကဲ့သို့သာဖြစ်ပါတယ်။ သွေးစုပ်မျောက် များဟာ သွေးစုပ်သလို အသားစား မျောက်တစ်မျိုးလည်းဖြစ်ပါတယ်။
သွေးစုပ်မျောက် နှစ်မျိုးစလုံးရဲ့ အမူအကျင့်တွေကတော့ တော်တော်များများ တူညီကြပါတယ်။ ထိုမျောက်များဟာ အသိုက်များကို သစ်ပင်များအပေါ်၌ သဲဖြင့် ဆောက်ကြပါတယ်။ သူတို့ရဲ့ အသိုက်များကတော့ စာဘူးတောင်းငှက်အသိုက်များနဲ့ တုတာကိုတွေ့ရပါတယ်။
 ထိုမျောက်များဟာ တရိစ္ဘာန်များနှင့် ငှက်များရဲ့ သွေးကိုသာ အဓိကစုတ်ယူအသက်ရှင်ကြပါတယ်။ များသောအားဖြင့်တော့ နို့တိုက်သတ္တဝါများ ရဲ့သွေးကို စုတ်ယူစားသောက်ကြပါတယ်။ ထိုမျောက်များဟာ တစ်ပါတ်ကို အနည်းဆုံးတစ်ကြိမ် သွေးစုတ်ရမှ အသက်ရှင်နေနိုင်တာဖြစ်ပါတယ်။
သွေးစုတ်စရာမရှိတော့ဘူးဆိုရင်တော့ မျိုးတူ မျောက်အချင်းချင်း တစ်ကောင်နဲ့တစ်ကောင်သွေးကို မျှဝေ အသက်ရှင်ပါတယ်။ မျှဝေပုံကတော့ ပါးစပ်မှဆင့်ထုတ်ပေးတဲ့သွေးကို သွေးဆာနေတဲ့မျောက်က ပါးစပ်နဲ့ စုတ်ယူပါတယ်။ ထိုသို့မျှဝေနေစဉ် အချိန်မှာတော့ ကြည့်ရတာ တစ်ကောင်နှင့်တစ်ကောင် နမ်းနေတယ်လို့ ထင်မှတ်ရပါတယ်။ သွေးစုတ်မျောက်များရဲ့ သက်တမ်းဟာ ၂၂ နှစ်မှ ၃၈ နှစ်အထိ သက်တမ်းရှည်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်