Friday 5 August 2011

လေကြောင်းပြပွဲတွင် တိုက်လေယာဉ်နှစ်စင်းတိုက်မိခြင်း

ဒတ်ဖို့ဒ်ရှိ စစ်သမိုင်းပြတိုက်မှ ကျင်းပသော လေကြောင်းပြပွဲတွင် လေယာဉ်နှစ်စင်း လေထဲတွင် တိုက်မိကြသည်။ အင်္ဂလန်အရှေ့ပိုင်း ကိန်းဘရစ်ရှိုင်းယာ (Cambridgeshire) ခရိုင်တွင် ကျင်းပသော လေကြောင်းပြပွဲတွင် ဒုတိယကမ္ဘာစစ် အတွင်းတွင် အသုံးပြုခဲ့သော လေယာဉ်အမျိုးအစား တိုက်လေယာဉ် နှစ်စင်း လေထဲတွင် ပျံသန်းစဉ် တိုက်မိကြသည်။
နှစ်စင်းစလုံးမှာ အမေရိကန်ပြည်ထောင်စုမှ ထုတ်လုပ်သော လေယာဉ်အမျိုးအစား ဖြစ်သည်။
တိုက်မိကြသော လေယာဉ်နှစ်စင်းမှ ပီ-၅၁ မာ့စ်တဲန်း (P-51 Mustang) လေယာဉ်မှာ လေယာဉ်အတောင်ပံချင်း တိုက်မိပြီးသည်နှင့် မြေပေါ်သို့ ထိုးကျသွားသဖြင့် လေယာဉ်မှူးမှာ လေထီးဖြင့် ခုန်ဆင်းခဲ့ရသည်။
အခြားတိုက်လေယာဉ်မှာ စကိုင်းရိဒ်ဒါ (Skyraider) အမျိုးအစားဖြစ်ပြီး လေယာဉ်မှူးက လေယာဉ်အား ကွင်းတွင် ပြန်လည်ဆင်းသက်နိုင်ခဲ့သည်။
ဒတ်ဖို့ဒ် (Duxford) မြို့အနီးရှိ စစ်သမိုင်းပြတိုက် (Imperial War Museum) ၏ အစီအစဉ်ဖြစ်သော ဂန္တဝင်လေယာဉ်များအားပျံသန်းပြသည့် Flying Legends လေကြောင်းပြပွဲတွင် တိုက်လေယာဉ်နှစ်စင်းတိုက်မိကြခြင်းဖြစ်သည်။ ယခုမတော်တဆ ဖြစ်မှုတွင် ထိခိုက်ဒဏ်ရာရသူမရှိခဲ့ပါဟု ယခုလေကြောင်းပြပွဲအား စီစဉ်ခဲ့သောအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူက ပြောသည်။
ယခုအဖြစ်အပျက်အား လေကြောင်း မတော်တဆဖြစ်မှုများအား စုံစမ်းစစ်ဆေးသော Air Accident Investigation Branch (AAIB) မှ စစ်ဆေးမည်ဖြစ်သဖြင့် စစ်သမိုင်းပြတိုက်မှ လေယာဉ်တိုက်ခိုက်မှုနှင့် ပတ်သက်၍ အကြောင်းရင်းမည်သို့ ဖြစ်နိုင်သည်ကို ထုတ်ဖော် ပြောဆိုခြင်း မရှိပါ။

North American Aviation ကုမ္ပဏီမှ ထုတ်လုပ်သော ပီ - ၅၁ မာ့စ်တဲန်း (P-51 Mustang) အမျိုးအစား တိုက်လေယာဉ်တစ်စင်းအား တွေ့ရပုံ



  ဒေါဂလာ့စ် ကုမ္ပဏီမှ ထုတ်လုပ်သော အမေရိကန်ပြည်ထောင်စု ရေတပ်၏ စကိုင်းရိဒ်ဒါ (Douglas A-1 Skyraider) အမျိုးအစား လေယာဉ်အား ၁၉၆၆ ခုနှစ်က ဗီယက်နမ်တွင် တွေ့ရစဉ်
                                         

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်