Monday 8 August 2011

တရုတ် စာပို့ အမျိုးသမီးက ၄၃ မိုင် ခရီးကို စက်ဘီးစီးပြီး ၁၅ နှစ်တိုင်တိုင် စာပို့

တရုတ်နိုင်ငံ၊ ကျန်ရှီးပြည်နယ်မှ လျိုစီယင်း အမည်ရ အမျိုးသမီး စာပို့ဝန်ထမ်း တစ်ဦးသည် ကျေးလက်ဒေသများကို စာပို့ရန် နှစ်ပေါင်း ၁၅ နှစ် အတွင်း စုစုပေါင်း ကီလိုမီတာ နှစ်သိန်း(၁၂၄၂၇၄ မိုင်)ထက် မနည်း
သွားရောက်ခဲ့သည်။
ကျန်ရှီးပြည်နယ်၊ ချန်ဖန် စာတိုက်ရုံးမှ ၀န်ထမ်းလျိုသည် ကျေးရွာရှစ်ခုမှ လူ ၂၀၀၀၀ အတွက် စာပို့ပေးခဲ့သူ ဖြစ်သည်။ အသက် ၄၃ နှစ် အရွယ်ရှိ လျိုသည် ပြီးခဲ့သည့် ၁၅ နှစ် အတွင်း စာငါးသိန်းကို ပို့ပေးခဲ့ကာ စာတိုက်မှ
ငွေလွှဲပေးခြင်း၊ ပါ ဆယ်များကို ပေးပို့ခြင်း တို့တွင် နှောင့်နှေးမှု(သို့မဟုတ်) ပျက်စီးဆုံးရှုံးမှု မရှိဘဲ ရွာသားများထံသို့ ပေးပို့ခဲ့သည်။

ဝူယီတောင်ခြေအောက်တွင် ရှိသည့် တောင်ထူထပ်သော ချန်ဖန်မြို့တွင် စက်ဘီးစီးရန်မှာ မလွယ်ကူလှသော်လည်း ခုနစ်နှစ်အရွယ် ကလေးတစ်ဦး၏ မိခင်ဖြစ်သူ လျိုသည် ၇၀ ကီလိုမီတာ (၄၃ မိုင်) ခရီးကို စက်ဘီးစီးပြီး ပြန်ခြင်း (သို့မဟုတ်) ၄၀ ကီလိုမီတာ(၂၄ မိုင်)ကို လမ်းလျှောက်ခြင်း အနက် တစ်ခုကို ရွေးချယ်ခဲ့သည်။ ''ဒီအလုပ်ဟာ ခက်ခဲပေမယ့်လည်း ရွာသားတွေက ကျွန်မကို လိုအပ်ပြီး ကျွန်မကလည်း  သူတို့ကို မထားခဲ့နိုင်တဲ့အတွက် ဆက်လုပ်သွားမှာပါ''ဟု ရရှိထားသည့် ဆုတံဆိပ်များကို ပြသရင်း လျှိုက ဆိုသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်