Thursday 25 August 2011

အပေါ့ သွားယင်း ဆော့ ကစားနိုင်မည့် ဗီဒီယိုဂိမ်း

အပေါ့ သွားယင်းဆော့ကစားနိုင်မည့် ဆီဂါဗီဒီယိုဂိမ်းစနစ်တစ်မျိုးကိုဂျပန်နိုင်ငံမှဆီဂါကော်ပိုရေးရှင်းကတီထွင်ဖန်တီးထုတ်လုပ်ခဲ့ ပါတယ်...အထူးအဆန်းတွေကိုမှလုပ်တတ်တဲ့ ကိုရွှေဂျပန်တွေအတွက်ကတော့ တစ်မျိုးပြီးတစ်မျိုးမ၇ိုးနိုင်ရလောက်
အောင်ပါပဲမဟုတ်လား ....( ယခင်ကလည်း အိမ်သာတက်နေစဉ် မနှစ်မြို့ ဖွယ်အသံများကိုဖုံးလွှမ်းသွားစေ
နိုင်ရန် အိမ်သာအတွင်း တေးဂီတသံစဉ်များပေါ်ထွက်နေမည့် နည်းစနစ်တစ်မျိုးလည်း တီထွင်ခဲ့ ပါသေး
တယ်...)

သမားရိုးကျ ဗီဒီယိုဂိမ်းကစားနည်းတွေကိုလူကြိုက်များအားပေးနေကြတာမို့ ဂျပန်နိုင်ငံမှ ဗီဒီယိုဂိမ်းအဓိက
တီထွင်သည့် ကုမ္ပဏီကြီးအနေနှင့် မည်သူမျှမကြံစည်နိုင်သေးသည့် ရေအိမ်သုံး ကစားနည်းကို
တီထွင်ကြံဆခဲ့ ခြင်းဖြစ်ပါတယ်...
တစ်ချို့ သူများကအပေါ့ အပါးသွားယင်းစိတ်ကူးတည့် ရာဟိုဟိုသည်သည် ရွှေပြွန်ကရေသွန်တတ်ကြသလို
တစ်ချို့ စိတ်ကောင်းစေတနာရှိသူများကလည်း ခဲတစ်လုံးဖြင့် ငှက်နှစ်ကောင်ဆိုသလို အပေါ့ သွားယင် အိမ်
သာကြွေအိုး၊ အပေါ့ စွန့် ကြွေအိုးတစ်ဝိုက်မှပေကျံနေသည်များကို ပက်ဖြန်းသန့် စင်ပေးတတ်ကြတာမို့ ယခု
ကဲ့ သို့ ထိုအမူအကျင့် များကိုအခြေခံပြီး ဗီဒီယိုဂိမ်းတစ်မျိုးတီထွင်နိုင်ခဲ့ ခြင်းဟာ မိုက်မဲမှုတစ်ခုတော့ 
မဟုတ်နိုင်ပါဘူး...
ဆီဂါ အပေါ့ သွား၊ ဆော့ ကစားတဲ့ ဗီဒီယိုဂိမ်းဟာ အပေါ့ စွန့် ကြွေအိုးတွင် ဖိအားတန်ပြန်အာရုံခံကိရိယာ
တစ်ခု အချက်ကျစွာတတ်ဆင်ထားပြီး ထိုအာရုံခံကိရိယာမှတစ်ဆင့် ဗီဒီယိုဂိမ်းဆီသို့ 
အချက်အလက်များပေးပို့ ပြသနိုင်ရန်စီစဉ်ထားပါတယ်...
ထိုနည်းပညာတွင် အပေါ့ သွားယင်းအပျင်းပြေဆော့ ကစားနိုင်ရန် ကစားနည်းလေးမျိုးပါဝင်ပါတယ်...
အပေါ့ သွားယင်းအပျင်းပြေ အရုပ်ကလေးတွေ ဖျက်လို့ ရတယ်နော်
Graffiti eraserး ဒီကစားနည်းကတော့ ရွှေပန်းကရေဖြန်းသူဟာ၎င်း၏ရေပန်းဖြင့် ဖန်သားပြင်ပေါ်မှ ပုံရိပ်
ယောင်များ ( ရုပ်ပုံလေးများ ) ကိုဖျက်နေသလိုဖြစ်မှာမို့ လိုရာစေညွှန်းနိုင်ဖို့ ရွှေပန်းနဲ့ ရေဖြန်းမှုကိုထိန်းချူပ်
စေစားနိုင်ရမှာဖြစ်ပါတယ်...
ဒီထက် ပြင်းပြင်းလေး မမှုတ်နိုင်တော့ဘူးလားဟင်
 The North Wing and Herး ဒီကစားနည်းကတော့ သင့် ရဲ့ ရေဖြန်းအားအကြီးအသေး၊ အပြင်းအပျော့ ပေါ် မူတည်ပြီး သင့် ရှေ့ ဖန်သားမျက်နှာပြင်ပေါ်က ဂါဝန်ဝတ်ကောင်မလေးရဲ့ 
ဂါဝန်ကို ပင့် တင်ကာ သင့် ကိုအသက်ရှူမားစေမှာဖြစ်ပါတယ်...
                          မီးသတ်ပိုက်လား သင်္ကြန်ရေပြွတ်လားဆိုတာ သိရမယ်
Milk from Noseး  ဒီကစားနည်းမှာဆိုယင် ကစားသူတစ်ဦးထက်မကပိုမိုပါဝင်နိုင်ပြီး သင့် ရှေ့ ကအသုံးပြု
သွားသူရဲ့ ရေဖြန်းအားနှင့် သင့် ရဲ့ စွမ်းပကားရေဖြန်းအားတို့ ယှဉ်ပြိုင်နိုင်မှာဖြစ်ပါတယ်...
ပုံထဲမှာတော့ လူနှစ်ယောက် ၎င်းတို့ ရဲ့ နှာခေါင်းပေါက်ထဲမထွက်လာတဲ့ နွားနို့ များနဲ့ ကွင်းတစ်ခုကို သူနိုင်
ကိုယ်နိုင်အပြိုင်ကြဲကာတွန်းနေပုံကိုမြင်တွေ့ ရှုစားယှဉ်ပြိုင်ရမှာဖြစ်ပါတယ်...
များများသောက်ယင်တော့ များများပေါက်မှာပေါ့ 
 Mannekin Pisး ဒီကစားနည်းကတော့ ဘရပ်ဆယ်မြို့ ကနာမည်ကျော် ရွှေပြွန်ကရေသွန်နေတဲ့ ကောင်က
လေးရုပ်ထု ရဲ့ အမည်ပေးထားတာဖြစ်ပါတယ်...
သင့် ရဲ့ ဘီယာသောက်ပြီးရှူရှူပေါက်နိုင်တဲ့ ပမာဏ အနည်းအများကို တိုင်းတာသတ်မှတ်ကစားနိုင်မှာဖြစ်
ပါတယ်...
ဆီဂါ ရေအိမ်သုံးဗီဒီယိုဂိမ်းများကို ဇန်န၀ါရီလ ၃၁ ရက်နေ့ အထိ ဂျပန်နိုင်ငံရဲ့ သတ်မှတ်ထားသည့် ဆိုင်များ
မှာဝယ်ယူရရှိနိုင်ပါသေးတယ်...
ဂျပန်နိုင်ငံမှတီထွင်ထုတ်လုပ်သူကတော့ ပျော်ရွင်ဖွယ်ရာရေအိမ်သုံးအဆိုပါ ဗီဒီယိုဂိမ်းများကို အမြောက်အ
များထုတ်လုပ်ဖို့ အစီအစဉ်မရှိသးပါဘူးလို့ ထုတ်ပြန်ကြေငြာခဲ့ ပေမယ့် ဂျပန်ဆိုတာကလည်း လူကြိုက်များ
ယင်ဘာမဆိုလုပ်တတ်တာမို့  ဆက်လုပ်ထုတ်လုပ်မယ်၊ မလုပ်ဘူးဆိုတာကတော့ အသေအချာပြောလို့ မရ
နိုင်ပါဘူး...စိတ်မကောင်းစရာတစ်ခုကတော့ ယခုကစားနည်းဟာ အမျိုးသားများအတွက်သာဖြစ်ပြီး
အမျိုးသမီးများ ပါဝင်ယှဉ်ပြိုင်လို့ မရပါဘူး...
                                     ကြံကြံဖန်ဖန်လည်းတီထွင်တတ်တဲ့ ဂျပန်များပါပဲ...

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်