Thursday 25 August 2011

Male တားဆေး ဆိုပါလား

အမျိုးသားများအတွက်သီးသန့် ပဋိသန္ဓောတားဆေးများမကြာမှီထုတ်လုပ်ဖြန့် ဖြူးရောင်းချနိုင်တော့ မှာဖြစ်ပါ
တယ်....
အမေရိကန်နိုင်ငံ၊ ကိုလံဘီယာတက္ကသိုလ်မှ သိပ္ပံပညာရှင်များက ၎င်းတို့ အနေနှင့် အမျိုးသားများ မျိုးပွားမှုကိုရေရှည်မထိခိုက်နိုင်သည့် ယာယီအားဖြင့် သန္ဓေပိုးများအားတားဆီးနိုင်မည့်ဆေးဝါးတစ်မျိုးကို စမ်းသပ်နိုင်ခဲ့ ပြီဟု အခိုင်အမာပြောဆိုခဲ့ ပါတယ်...
သိပ္ပံပညာရှင်များအနေနှင့်အမျိုးသမီးပဋိသန္ဓေတားဆေးကဲ့ သို့ အမျိုးသားများသောက်သုံးနိုင်မည့် တားဆေး
မျိုးကိုတီထွင်စမ်းသပ်နေခဲ့ ကြသည်မှာ နှစ်ပေါင်းများစွာကြာမြင့် ခဲ့ ပြီဖြစ်ပေမယ့် မအောင်မြင်နိုင်ခဲ့ သေးပါဘူး..
ယခုစမ်းသပ်နိုင်ခဲ့ သည့် ဆေးအသစ်များကအမျိုးသားများ၏ခန္ဓာကိုယ်တွင်သန္ဓေပိုး၊သုတ်ပိုးများထုတ်လုပ်ရာ
တွင် အဓိကခွန်အားဓါတ်ဖြစ်သည့် ဗိုက်တာမင် အေ ဓါတ်အား(အခိုက်အတန့် အားဖြင့် ) စွမ်းဆောင်ရည်ယုတ်လျော့ ၊ ရပ်တန့် စေမှာဖြစ်ပါတယ်...
ယခုအချိန်အထိတော့  ထိုဆေးဝါးကို သိပ္ပံစမ်းသပ်ခမ်းမှ ကြွက်များဖြင့် သာစမ်းသပ်နိုင်ခဲ့ ခြင်းဖြစ်ပြီး သိပံ္ပပညာရှင်များအနေနှင့် လာမည့် နှစ်အနည်းငယ်အတွင်းလူသားများတွင် ရေရှည်အကျိုးသက်ရောက်နိုင်မှုရှိခြင်းအ
ပေါ် စမ်းသပ်နိုင်လိမ့် မည်ဟု သတင်းကြေငြာချက်တွင်ဖော်ပြထားပါတယ်...
ထိုကဲ့သို့ အလားတူမကြာခင်ကအောင်မြင်စွာစမ်းသပ်နိုင်ခဲ့ သည့် အမျိုးသားများအတွက်တားဆေးတစ်မျိုးက
တော့ သောက်ဆေးလုံးမဟုတ်ပဲထိုးဆေးဖြစ်ပြီး စတီးရွိုက်ဓါတ်များ အများအပြားပါဝင်ပါတယ်...
ယခုစမ်းသပ်အောင်မြင်ခဲ့ သည့် သောက်ဆေးကတော့စတီးရွိုက်များမပါဝင်ရုံသာမက တစ်ခြားမည်သည့် ဘေးထွက်ဆိုးကျိုးမျှ မတွေ့ ရှိ၊ မပြသခဲ့ ပါဘူးလို့ ဆိုပါတယ်...
" ယခုအချိန်အထိ မည်သည့် ဘေးထွက်ဆိုးကျိုးမှမတွေ့ ရှိရသေးပါဘူး...စမ်းသပ်နေသည့်ကြွက်(ထီး)များဟာ
လည်း ပျော်ရွှင်စွာ မိတ်လိုက်နေကြပါတယ်..." ဟု အဆိုပါ တက္ကသိုလ်ဆေးသိပ္ပံဌာနရဲ့ သုတေသနအဖွဲ့ ခေါင်း
ဆောင် ဒီဘရာဝူလ်ဂီမွတ် က ဒေလီမေးလ် သတင်းဌာနကိုပြောကြားခဲ့ ပါတယ်...
ယခုစမ်းသပ်အောင်မြင်သည့် ဆေးဝါးဟာထုတ်လုပ်နိုင်ဖို့ အတွက် စောနေသေးပေမယ့် ဈေးကွက်ကိုရောက်ရှိ
သည့်အခါမှာတော့ တစ်နေ့ လျှင်တစ်ကြိမ်သာ သောက်ရမှာဖြစ်ပါတယ် လို့ သူမကဆက်ပြောပြခဲ့ ပါတယ်...

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်