Sunday 28 August 2011

အဝတ်လဲခန်းထဲက လျှို့ဝှက် ကင်မရာ ရှာဖွေနည်း

အဝတ်လဲခန်းထဲမှာ လျှို့ဝှက်ကင်မရာတပ်ဆင်ထားမထား ဆိုတာသိနိုင်မယ့် အချက်တွေကို အမျိုးသမီးစာဖတ်ပရိတ်သတ်တွေ သိထားသင့်မယ်ထင်လို့ ဖော်ပြပေးလိုက်ပါတယ်။
လျှို့ဝှက်ကင်မရာတွေက သေးလွန်းတာကြောင့် ဘယ်နားမှာ တပ်ဆင်ထားလဲဆိုတာ တော်ရုံတန်ရုံမသိနိုင်ပါဘူး။ဒီပြဿနာတွေကို ဖြေရှင်းဖို့ အလွယ်ကူဆုံးနည်းလမ်းက -

                                              မိမိမှာပါလာတဲ့ ဖုန်းနဲ့ စမ်းသပ်နည်း
(၁) အဝတ်လဲခန်းထဲကိုမဝင်မှီ် မိမိဖုန်းနှင့် ဖုန်းခေါ်ဆိုမှု လုပ်လို့ ရ မရ စစ်ဆေးကြည့်ပါ။
(၂) အဝတ်လဲခန်းထဲကိုရောက်သွားတဲ့အခါ ဖုန်းခေါ်ဆိုမှု ထပ်မံ၍ လုပ်ကြည့်ပါ။
(၃) ဖုန်းခေါ်ဆိုမှုမရဘူးဆိုရင် အဲဒီအဝတ်လဲခန်းထဲမှာ spy cam ရှိဖို့ များသွားပါပြီ။     ဖုန်းခေါ်ဆိုလို့မရတဲ့အကြောင်းရင်းကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေဘယ်က မိုဘိုင်းဖုန်းလိုင်းကို အနှောက်အယှက်ပေးလို့ပဲဖြစ်ပါတယ်။

                              နှစ်ဘက်မြင်မှန်နဲ့ ရိုးရိုးမှန် ဘယ်လိုခွဲခြားမလဲ။
ဟိုတယ်ကြီးတွေရဲ့ သန့်စင်ခန်းတွေ၊စတိုးဆိုင်ကြီးတွေက အဝတ်လဲခန်းတွေ၊ဟိုတယ်အိပ်ခန်းတွေမှာတပ်ဆင်ထားတဲ့မှန်တွေက တစ်ကယ့်ကြေးမုံမှန် အစစ်တွေလား ၊ဒါမှမဟုတ် နှစ်ဘက်မြင်မှန် (Two way mirror) တွေလားဆိုတာ အမျိုးသမီးလေးတွေ သံသယ ဝင်ခဲ့ဖူးတာရှိလား Two way mirror ဆိုတာကတော့ ကိုယ့်ဘက်ကကြည့်ရင် ကြေးမုံပြင်အနေနဲ့ ပုံရိပ်ကိုပြန်မြင်နေရပေမယ့် အခြားတစ်ဘက်ကကြည့်ရင် ကိုယ်လုပ်သမျှကို တစ်ဘက်လူက အကုန်မြင်နေရမှာပါ ။အပေါ်ယံကြည့်ရုံနဲ့ ကြေးမုံမှန်အစစ်လား ၊ နှစ်ဘက်မြင်မှန်လားဆိုတာ သိနိုင်ဖို့ အင်မတန်ခဲယဉ်းပါတယ်။နှစ်ဘက်မြင်မှန်တွေကိုသိနိုင်နဲ့ လွယ်ကူရိုးရှင်းတဲ့ စမ်းသပ်နည်းတစ်ခုရှိပါတယ်။
(၁) ကိုယ့်ရဲ့ လက်ချောင်းကိုမှန်ရဲ့မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။
(၂) ကိုယ့်လက်ချောင်းထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့    လက်ချောင်းလက်သည်းခွံနှစ်ခုကြားမှာ အနည်းငယ်ကွာဟနေတယ်ဆိုရင် ဒါဟာ သာမန်ကြေးမုံပြင်ပါ။
(၃) ကိုယ့်လက်ချောင်းလက်သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုဟာ တိုက်ရိုက်ထိစပ်နေသလိုဖြစ်နေမယ် ကြားထဲမှာ အကွာအဝေးမရှိဘူးဆိုရင်တော့ ဒါဟာ နှစ်ဘက်မြင်မှန် (Two way mirror) ပါပဲ။
ဒီလိုဖြစ်ခြင်းအကြောင်းရင်းက သာမန်ကြေးမုံပြင်တွေမှာ မှန်ရဲ့တစ်ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်းထားပြီး မှန်ကြည့်သူဘက်က မျက်နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထားခြင်းမရှိပါဘူး။
ဒါကြောင့် ကိုယ့်လက်ချောင်းထိပ်နဲ့ မှန်ထဲက ပုံရိပ်ရဲ့လက်ချောင်းထိပ် ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေတာဖြစ်ပါတယ်။ နှစ်ဘက်မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူဘက်က မျက်နှာပြင်မှာ သုတ်လိမ်းထားတာမို့ လက်ချောင်းနဲ့ မှန်ထဲက လက်ချောင်းကြားမှာ ကွာဟမှုမရှိတော့တာပါ ။
ဒါကြောင့် ဘယ်နေရာမှာပဲဖြစ်ဖြစ် မှန်ရှေ့ရောက်ရင် မှန်မျက်နှာပြင်ကို လက်သည်းထိပ်လေးနဲ့ ထိကြည့်ဖို့မမေ့ပါနဲ့။ မိမိရဲ့ပေါ့ဆမှုက ကိုယ့်ရဲ့အရှက်သိက္ခာကို အင်တာနက်ပေါ်မှာ ကိုယ်ကိုယ်တိုင်ချပြခဲ့သလိုဖြစ်နေခဲ့တာတွေ အများကြီးပါ။
ဒီစာလေးကိုဖတ်ရှုမျှဝေလိုက်ခြင်းအားဖြင့် အမျိုးသမီးများစွာရဲ့ အရှက်နဲ့ သိက္ခာကို ကယ်တင်နိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်