Monday 22 August 2011

နာဆရီကို ယခု သီတင်းပတ် အတွင်း ခေါ်ယူနိုင်ရန် မန်စီနီ မျှော်လင့်နေ

မန်ချက်စတာ စီးတီး အနေနှင့် ဆမ်မီ နာဆရီကို ယခု သီတင်းပတ် အတွင်း အပြီးသတ်
ခေါ်ယူနိုင်ရန် မျှော်လင့်နေကြောင်း စီးတီး မန်နေဂျာ ရောဘတ်တို မန်စီနီကထုတ်ဖော်
ပြောကြားလိုက်သည်။
အာဆင်နယ် အသင်း၏ ပြင်သစ် လက်ရွေးစင် ကွင်းလယ်လူသည် လီဗာပူးလ်အား အိမ်ကွင်းတွင် အရေးနိမ့်သော ပွဲစဉ်တွင် အသင်းအတွက် ပါဝင် ကစားခဲ့သော်လည်း အာဆင်နယ်မှ ထွက်ခွာမည်ဟု သတင်းကြီးနေဆဲ ဖြစ်သည်။ ယခုအခါ မန်စီနီက ၎င်းတို့ အဓိက ပစ်မှတ် ထားနေသော အသက်(၂၄)နှစ်ရှိ နာဆရီအား လာမည့် ရက်ပိုင်းအတွင်း ခေါ်ယူနိုင်ရန် ယုံကြည်ကြောင်း ဖွင့်ဟ ပြောကြားလာခဲ့သည်။ ၀က်စ်လေ ရှနိုက်ဒါကို ခေါ်ယူရေး လက်လွှတ်လိုက်သည့် အင်္ဂလန် ချန်ပီယံ မန်ချက်စတာ ယူနိုက်တက်ကလည်း နာဆရီကို တစ်ကျော့ပြန် စိတ်ဝင်စားလာကြောင်း သတင်းအချို့ ထွက်ပေါ်လာသည့်တိုင် နာဆရီ မိမိတို့ အသင်းသာ ရောက်ရှိမည်ဟု မန်စီနီက ယုံကြည်လျက် ရှိသည်။
မန်စီးတီးသို့ ရောက်ရှိဖွယ် ရှိသည့် နာဆရီ                
 “ကျွန်တော်တို့ သူ့ကို နောက်ထပ် ရက်နည်းနည်းလောက် အကြာမှာ ခေါ်ယူနိုင်မယ်လို့ ထင်ပါတယ်”ဟု မန်စီနီက ဘော်လ်တန်အား အနိုင် ရရှိသည့် ပွဲစဉ်အပြီးတွင် Sky Sports သို့ ပြောကြားသွားသည်။ နောက်ထပ် (၂၄)နာရီအတွင်း နာဆရီအား စာချုပ်နိုင်မည် ဟုတ်မဟုတ် မေးမြန်းမှုကို အီတလီသား မန်နေဂျာက “ဖြစ်နိုင်ပါတယ်” ဟု ဖြေဆို သွားကြောင်းလည်း သိရှိရသည်။ “ဘာပြဿနာတွေ ရှိမလဲတော့ မသိဘူး။ ကျွန်တော်ကတော့ ဒီတစ်ပတ်ထဲမှာ နာဆရီကို ခေါ်နိုင်ဖို့ မျှော်လင့်ပါတယ်။ ဒါပေမဲ့ ဘယ်အချိန်လဲ ဆိုတာကိုတော့ အတိအကျ မသိပါဘူး။ ကျွန်တော်တို့ အပြောင်းအရွှေ့ ဈေးကွက် မပိတ်မချင်း အချိန် ရှိနေပါသေးတယ်” ဟု မန်စီနီက ပြောဆို သွားခဲ့သည်။
၎င်းက ယခု နွေရာသီတွင် အသင်း အနေနှင့် ကစားသမား အချို့ကို ရောင်းထုတ်သွားဖွယ် ရှိနေကြောင်းလည်း ၀န်ခံ ပြောကြားခဲ့သည်။ “ကျွန်တော်တို့ တချို့ကစားသမားတွေကို ရောင်းထုတ်ဖို့ လိုပါတယ်။ ဒါမှသာ ကျစ်လစ် ပြည့်စုံတဲ့ အသင်း တစ်ခုကို ကျွန်တော်တို့ တည်ဆောက် နိုင်မှာပါ” ဟု မန်စီနီက သုံးသပ် ပြောဆိုသွားသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်