Sunday 21 August 2011

ဥရောပ၏ ကုန်းရေနှစ်သွယ်သွား ကားများ စုဝေးမောင်းနှင်ပွဲ ဆွစ်ဇာလန်တွင် ပြုလုပ်

ဥရောပ၏ ကုန်းရေနှစ်သွယ်သွားကားများ စုဝေးမောင်းနှင်ပွဲကို ဆွစ်ဇာလန်နိုင်ငံ စိန့်ဘလေဆီတွင် ကျင်းပခဲ့ရာ ကားပိုင်ရှင် ၅၀ ခန့်သည် ၎င်းတို့၏ ဒုတိယကမ္ဘာစစ်ကာလက ရေပန်းစားခဲ့သောပုံစံ စစ်ဘက်ပို့ဆောင်ရေး၊
ဂျစ်နှင့်တင့်ကားပုံစံကားများကို သယ်ယူ မောင်းနှင်ခဲ့ကြကြောင်း သိရသည်။
ရောင်စုံထီးများ၊ အလံများ ထိုးစိုက်ထားသည့်ကားများဖြင့် ကလေးငယ်များ၊ ခွေးများအပါအ၀င် မိသားစုဝင်များကို သယ်ဆောင်ကာ Neuchatel ကန်အတွင်း မောင်းနှင်ခဲ့ကြသည်။
''ဂန္ထ၀င်ကားဖြစ်ရုံသာမက ဂန္ထ၀င်လှေလို့လည်း ပြောလို့ရပါတယ်။ ကျွန်တော်ကား ပိုကြိုက်သလို လှေတွေပါတွေ မကြိုက်ပါဘူး။ ဒါပေမဲ့ ဒီကားနဲ့ကြတော့ ရေထဲမှာပါသုံးလို့ရလို အရမ်းအဆင်ပြေပါတယ်''ဟု လာရောက်မောင်းနှင်သူ ဗြိတိန်နိုင်ငံသား ပေါလ်ဖိုလေးက ပြောကြားခဲ့သည်။
ဖိုလေးသည် ၁၉၆၀ ပြည့်နှစ်က ဂျာမနီက အရပ်ဘက်သုံး အတွက် အမြောက်အမြား ထုတ်လုပ်ခဲ့သည့် တစ်ခုတည်းသော ကာဘရီယိုလက် အမျိုးအစားကို မောင်းနှင်သူ ဖြစ်သည်။ ယင်းကားအမျိုးအစား အစီးရေ ၃၀၀၀ ကျော်သာ ထုတ်လုပ်ခဲ့သည်။
amphicar ဟုခေါ်သော ယင်းကား အမျိုးအစားနှင့်အတူ ဂျာမန်တို့သည် amphiranger ဟု ခေါ်သော လေးဘီးယက် ကားအမျိုးအစားကိုလည်း ထုတ်လုပ်ခဲ့သည်။ ပြင်သစ်ကမူ ၁၉၉၀ ပြည့်နှစ်များတွင် hobbycar ဟုခေါ်သော ကုန်းရေနှစ်သွယ်သွား ကားကို ထုတ်လုပ်ခဲ့သည်။
ယခုစုဝေးပွဲတွင် ယင်းကားအမျိုးအစားများသာမက အမေရိကန်ထုတ် စစ်ဘက်သုံး ကုန်းရေသွား ကားအမျိုးအစားဖြစ်သည့် Dukw အမျိုးအစားကို မောင်းနှင်သူလည်း ပါဝင်ခဲ့သည်။ ကုန်းရေနှစ်သွယ်သွား ကားပိုင်ရှင်များသည် ၁၉၈၇ ခုနှစ်က စတင်ပြီး ကမ္ဘာတစ်လွှား စုဝေးမောင်းနှင်မှုများကို နှစ်စဉ် ပြုလုပ်ခဲ့ကြပြီး လာမည့်နှစ်တွင် နော်ဝေနိုင်ငံ၌ စုဝေးကြမည် ဖြစ်သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်