Sunday 28 August 2011

ထိုင်းနိုင်ငံမှ ကမ္ဘာ့ အမွှေးအမျှင်အထူဆုံးမိန်းကလေး

သူမအားခေါ်ဆိုကြသည့် နာမည်ပြောင်များတွင် "၀ံပုလွေမလေး"နှင့် "မျောက်မျက်နှာ" တို့ ပါဝင်နိုင်ပါတယ်။သို့ သော် အသက် ၁၁ နှစ်အရွယ်ရှိ ထိုင်းနိုင်ငံသူလေး ဆူပထရာဆာဆူဖန် ကတော့  သူမကို ကမ္ဘာ့ အမွှေးအမျှင်အများဆုံးမိန်းကလေးအဖြစ်တရားဝင်အသိအမှတ်ပြုလိုက်ကြပြီဖြစ်ကြောင်း ယနေ့ အခိုင်အမာပြောကြားလိုက်ပါတယ်...ဘန်ကောက်မြို့ တော်မှ ကျောင်းသူလေးဟာ ကျောင်းနေဖက်သူငယ်ချင်းများရဲ့ အဆက်မပြတ်သနားညှာတာခြင်းကင်းစွာ အစအနောက်ခံနေခဲ့ ရပေမယ့် သူမအနေနှင့် ယခုကဲ့ သို့ ကမ္ဘာ့ ထူးဆန်းမှတ်တမ်း၊ ဂင်းနစ်အဖွဲ့ ကြီး၏ သူမ၏အမွှေးအမျှင်များအတွက်တရားဝင်အသိအမှတ်ပြုခံရမှုကြောင့် အထူးတစ်လည်လူသိထင်ရှားလာခဲ့ ရပါတယ်လို့ ပြောကြားခဲ့ ပါတယ်...

" သမီးအနေနဲ့ ကမ္ဘာ့ ထူးဆန်းမှတ်တမ်းမှာ ဖော်ပြခံရတာကိုအလွန်ပဲဝမ်းသာပျော်ရွှင်မိပါတယ်...လူအများ
စုက အဲဒီလိုဖော်ပြခံရဖို့ အလွန်ကြိုးစားလေ့ ကျင့် လုပ်ဆောင်ရတာပါ...သမီးကတော့ သူတို့ မေးတဲ့ မေး
ခွန်းလေးတွေဖြေလိုက်ရုံနဲ့ ပဲ မှတ်တမ်းတင်ခံရတော့ တာပါပဲ..." လို့ သူမကပြောကြားခဲ့ ပါတယ်...
ဆူပထရာလေးဟာ ထိုကဲ့ သို့ အမ်ဘ၇ာဆန်ဒရုန်းဟုခေါ်သော မွေးရာပါဗီဇချွတ်ယွင်းမှုကြောင်းဖြစ်ပွားရ
သည့် အဖြစ်ဆန်းမျိုးဖြစ်ပွားသူ တစ်ကမ္ဘာလုံးတွင် အယောက် ၅၀ မျှထဲမှတစ်ယောက်အပါအ၀င်ဖြစ်ပြီး ထို
ကဲ့ သို့ ဖြစ်ရပ်မျိုးဟာ ရှေးယခင်ခေတ်ကတည်းက ( အလယ်ခေတ် ) ရှိခဲ့ ပြီး ထိုရောဂါအကြောင်းသိရှိနား
လည်ခြင်းမရှိသေးခဲ့ စဉ်က ထိုသူများကို "သမန်းဝံပုလွေ " (မကောင်းဆိုဝါးဝံပုလွေကလူယောင်ဆောင်သူ)
ဟုခေါ်ဆိုခဲ့ ကြပါတယ်...
သူမရဲ့ မျက်နှာ၊ နား၊ လက်မောင်း၊လက်ဖျံများ၊ ခြေထောက်များနှင့် ကျောဘက်တို့ တွင် အမွှေးအမျှင်များထူ
ထပ်စွာပေါက်ရောက်နေကြခြင်းဖြစ်ပါတယ်...
လေဆာကုထုံးဖြင့် အမွှေးအမျှင်များဖယ်ရှားကုသခြင်းပင်လျှင် အောင်မြင်ခြင်းမရှိပါဘူး...
တစ်ခြားသောထိုသို့ အမွှေးအမျှင်များပေါက်သူတွေအနေနှင့် လူတောမတိုးဝံ့ ပဲ အထီးကျန်သီးခြားနေလေ့ 
ရှိပေမယ့် ဆူပထရာကလေးကိုတော့ သူမရဲ့ ပါတ်ဝန်းကျင်အသိုင်းအ၀န်းက တဖြည်းဖြည်းနားလည်လက်ခံ
လာခဲ့ ကြလို့ ယခုဆိုလျှင်တော့ သူမဟာ နာမည်ကျော်ကြားလူသိများနေပြီး ပြင်ပသို့ ထွက်သွားထွက်လာပြု
လုပ်နေသည့် ကလေးတစ်ဦးဖြစ်လာနေခဲ့ ပါပြီ....
သမီးတို့ ကျောင်းရဲ့ နာမည်အကြီးဆုံး၊ လူကြိုက်အများဆုံးကျောင်းသူလေးပေါ့ ...
ရတ်ချာဘိုဖစ် ကျောင်းမှာတော့ ကမ္ဘာ့ အမွှေးအမျှင်အများဆုံးမိန်းကလေးဆိုတဲ့ ဂုဏ်ပုဒ်ကြောင့် ကိုပဲ
သူမမှာ သူငယ်ချင်းတွေတိုးပွားလာနေခဲ့ရပါပြီ
အခုတော့ သူတို့ သမီးကို မစကြတော့ ပါဘူး...
လေဆာရောင်ခြည်ကုထုံးနဲ့ ကုပေမယ့် လည်းအမွှေးတွေကတော့ ပေါက်စမြဲပေါက်လာနေဆဲပါပဲ
" အရင်တုန်းကလည်း လူနည်းနည်းကပဲသမီးကို မျောက်မျက်နှာနှင့် လူလို့ ခေါ်ပြီးစခဲ့ ကြတာဖြစ်ပြီး အခုဆို
ယင်တော့ ဘယ်သူမှ မစကြတော့ ပါဘူး...
သမီးအနေနဲ့ အခုလိုအခြေအနေကိုကျင့် သားရနေခဲ့ ပါပြီ...အမွှေးအမျှင်တွေနဲ့ တစ်ချိန်လုံးရှိနေခဲ့ တာမို့ အ
ခုဆိုဘယ်လိုမှတောင်မခံစားရတော့ ပါဘူး...
တစ်ခါတစ်လေတော့လည်းအမွှေးတွေအရမ်းရှည်လာယင်နည်းနည်းတော့ ဒုက္ခရောက်ရပါတယ်...
တစ်နေ့ နေ့ ကျယင်တော့ ပျောက်သွားလိမ်မယ်လို့ မျှော်လင့် မိပါတယ်..." လို့ သူမကဆိုခဲ့ ပါတယ်...

( ယခုလိုအမွှေးအမျှင်တွေပေါက်နေတာကလွဲလို့ ) ဆူပထရာကလေးဟာ တစ်ခြားကလေးတွေနဲ့ မခြားပါပဲ..
သူမဟာ ရေကူးဝါသနာပါတယ်၊ သူမအကြိုက်ဆုံးတေးသွား၊ သီချင်းတွေနဲ့ ကရတာကိုလည်းနှစ်သက်ပြီး သူ
ငယ်ချင်းတွေနဲ့ ကစားရတာကိုလည်းခုံမင်ပါတယ်...
နောက်ပြီး ဘန်ကောက်မြို့ စွန်၊ ပရနခွန်အရပ်က သူမရဲ့ အိပ်ခန်းတစ်ခန်းပါ မိသားစုအိမ်ကလေးမှာ တီဗီ
ရှေ့ ထိုင်ပြီး ကာတွန်းကားတွေကြည့် နေရတာကိုလည်း အကြိုက်ဆုံးဖြစ်ပါတယ်...
တစ်စိမ်းတွေကတော့ ဘန်ကောက်မြို့ လမ်းတွေပေါ်မှာတွေ့ ယင်အထူးအဆန်းဖြစ်လို့ သမင်လည်ပြန်
လှည့် ကြည့် ရစမြဲပါပဲ...ရပ်ကွက်ထဲမှာတော့သူမရဲ့ ချစ်စရာအမူအရာလေးတွေကြောင့် 
အားလုံးကသူမကိုချစ်ကြပါတယ်
" သမီးကတီဗီကိုတော့အရမ်းကြိုက်တယ်...ဘာပဲလာလာကြည့် ချင်တာပါပဲ...ကာတွန်းကားဆိုယင်တော့
ပြောမနေနဲ့ တော့ပဲ...သချာင်္လည်းလေ့ လာရတာနှစ်သက်ပါတယ်...အဲဒါမှကိုယ့်ထက်ငယ်တဲ့ သူတွေကိုပြန်
သင်ပေနိုင်မှာဖြစ်ပါတယ်...
သမီးကြီးယင်ဆရာဝန်တစ်ယောက်ဖြစ်ချင်ပါတယ်...ဒါမှ မိဘတွေအနာတ၇ဖြစ်ယင်ကုသပေးနိုင်မှာဖြစ်ပါ
တယ်...ထိခိုက်ဒါဏ်ရာရတဲ့ သူတွေကို ပြုစုကုသပေးချင်ပတယ်..." လို့ သူမကပြောကြားခဲ့ ပါတယ်...
စကားတွေဖောင်အောင်ပြောတတ်တဲ့ ကလေးမလေးဟာ ယခုကဲ့ သို့ ထူးဆန်းတဲ့ အခြေအနေကြောင့် သူ
မရဲ့ ဘ၀ကို မထိခိုက်အောင်နေဖို့ ဆုံးဖြတ်ချက်ချထားပါတယ်...

သို့ သော်လည်းသူမရဲ့ အနာဂတ်ဟာတော့အမြဲတမ်းမဖြောင်ဖြူးခဲ့ ၇ပါဘူး...သူမကိုပထမဦးဆုံးမွေးခဲ့ ပြီး
နောက်မှာပဲ သူမပုံမှန်အသက်ရှုနိုင်ဖို့ နှစ်ကြိမ် ခွဲစိတ်ကုသခဲ့ ရပါတယ်...
" ဆူပထရာကိုမွေးမှပဲ သူ့ အဖြစ်အပျက်ကိုကျွန်တော်တို့ သိခဲ့ ရတာပါ...အယင်ကမမွေးခင်တုံးကမသိခဲ့ ရ
ပါဘူး...
သူမရဲ့ နှာခေါင်းပေါက်လေးတွေဟာ တစ်မီလီမီတာသာကျယ်တာမို့ သူမဟာမကျန်းမာလှပါဘူး...
မွေးပြီးပထမသုံးလမှာ သူမအသက်ပုံမှန်ရှူနိုင်ဖို့ သူမကိုအပူပေးစက်ထဲမှာထည့် ထားခဲ့ ၇ပါတယ်...ဆေးရုံ
မှာချည်းပဲဆယ်လ ကြာခဲ့ ရပါတယ်..ကျွန်တော်တို့ ဖြင့်သူ့ အတွက်တော်တော်ကိုစိုး၇ိမ်ခဲ့ ကြရတာပါ..." လို့ 
အသက် ၃၈ နှစ်ရှိ ဖခင်ဖြစ်သူ ဆမ်မ၇န်း ကပြောကြားခဲ့ ပါတယ်...
အမွှေးညှပ်ဖို့ အချိန်ရောက်ပြီ...အသက်ကလေးရလာလေ အမွှေးအမျှင်တွေကရှည်လာလေမို့ 
မိခင်ဖြစ်သူက ကတ်ကြေးနဲ့ ညှပ်ပေးနေရပါတယ်
အတန်းဖော်တွေနဲ့ ကာယလေ့ ကျင့် ခန်းလုပ်နေတဲ့ ဆုပါထရာ
 သူမအသက်နှစ်နှစ်မှာ နောက်ထပ်ခွဲစိတ်ကုသမှပြုလုပ်ခဲ့ ပြီးနောက်အခုအခါမှာတော့ ပုံမှန်အသက်ရှူလို့ 
ရနေပါပြီ...
သို့ သော်လည်း ဆန်မရန်းနဲ့ ဇနီးသည် ဆွန်ဖွန်တို့ ဟာ သမီးလေးဆူပထရာကို ယခုအခါအသက် ၁၅နှစ်ရှိ
ပြီဖြစ်တဲ့  သမီးကြီးဖြစ်သူ ဆူကန်ယာနဲ့ အတူနေဖို့ အိမ်ကိုခေါ်လာခဲ့ တဲ့ အခါမှာတော့ ပြဿနာတွေကြုံလာ
ခဲ့ ၇ပါတော့ တယ်...
" ကျွန်တော်တို့ ရဲ့ အိမ်နီးချင်းတွေက ပထမတော့ ကလေးကိုမြင်ပြီး ကျွန်တော်ဘာအကုသိုလ်တွေများလုပ်
ထားခဲ့ ပြီလည်းလို့ မေးကြပါတယ်...
သမီလေးကြီးလာလို့ တစ်ခြားကလေးတွေက စယင်ဘယ်လိုများနေပါလိမ့် မလည်းလို့ အလွန်ပဲစိုးရိမ်မိခဲ့ ရ
ပါတယ်..." လို့ ဖခင်ဖြစ်သူကဆိုပါတယ်...
ဒါပေမယ့် သူမရဲ့ ချစ်စရာစရိုက်လေးများက အိမ်နီးချင်းနဲ့ ရပ်ကွက်ထဲကလူတွေကို ဖမ်းစားနိုင်ခဲ့ ပါတယ်....
ပန်းထိမ်ဆရာဆန်မရွန်း က " သမီးလေးဟာ တစ်ခြားသူတွေနဲ့ အလွန်ကိုခင်မင်တတ်ပြီးအလွန်လည်းသ
ဘောကောင်းပါတယ်...သူငယ်ချင်တွေဆိုလည်းအများကြီးပါပဲ...သူနဲ့ သက်တူရွယ်တူတစ်ခြားကလေးတွေ
နဲ့ ဘာမှမခြားပဲ အတူတူပဲဖြစ်ပါတယ်...
ဒါပေမယ့် သူမသွားလေးတွေပေါက်တာနှေးပြီး မျက်စေ့ လည်းနည်းနည်းမှုံပါတယ်..." လို့ သူကဆက်ပြော
ပြခဲ့ ပါတယ်...
သူမအသက် ၂ နှစ်အရွယ်မှာ ဆရာဝန်တွေအနေနှင့် သူမရဲ့ အမွှေးအမျှင်များကို လေဆာကုထုံးဖြင့် အကြိမ်
ကြိမ်ဖယ်ရှားကုသပေးခဲ့ ပေမယ့် ယခင်ကထက်ပိုပြီးအမွှေးများလျင်မြန်စွာပြန်ပေါက်လာလေ့ ရှိခဲ့ ပါတယ်...
သူမအသက်ကြီးလာတာနှင့်အမျှ အမွှေးအမျှင်များလည်းပိုမိုထူထဲစွာပေါက်လာနေတာမို့ သူမရဲ့ မိခင်ဖြစ်သူ
အနေနှင့်ပုံမှန် ညှပ်ပေးနေခဲ့ ရပါတယ်....
ခေါင်းလျှော်ရည်အပြင်းစားများနှင့် လည်းမတည့် တာမို့ သူမဟာ ကလေးငယ်များအတွက်သုံးသည့် ခေါင်း
လျှော်ရည်ကိုသာသုံးနေရပါတယ်...
" တစ်နေ့ တော့  သမီးလေးရဲ့ ရောဂါ ( အမွှေးအမျှင်တွေ ) ပျောက်သွားလိမ့် မယ်လို့ ကျွန်တော်ကတော့ 
ယုံကြည်မျှော်လင့် ပါတယ်...ရောဂါပျောက်ကင်းသက်သာမယ်ဆိုဘာပဲလုပ်ရလုပ်ရ ကျွန်တော်တို့ လုပ်မှာ
ဖြစ်ပါတယ်..." လို့ ဖခင်ဖြစ်သူ ဆန်မ၇ွန်း ကပြောကြားခဲ့ ပါတယ်...
မြန်မာနိုင်ငံမှ တစ်ခေတ်တစ်ခါက လူမျောက်မောင်ရွှေမောင်မိသားစု
( အခုတော့ မျိုးရိုးဗီဇချွတ်ယွင်းမှုကြောင့် လို့ ဖြစ်တာသိကြရပြီပေါ့ ဗျာ...)
မြန်မာနိုင်ငံမှာလည်း ကုန်းဘောင်ခေတ်၊ဘိုးတော်ဘုရားလက်ထက်တွင် မျက်နှာအပါအ၀င်တစ်ကိုယ်လုံးအ
မွှေးအမျှင်များဖုံးလွှမ်းပေါက်ရောက်နေသည့် လူမျောက် မောင်ရွှေမောင်ဆိုသူရှိခဲ့ ပြီး ထိုသူမှတစ်ဆင့် အိမ်
ထောင်ပြုကာ သမီးမယ်ပုံဆိုသူသည်လည်းဖခင်ကဲ့ သို့ ပင်တစ်ကိုယ်လုံးအမွှေးအမျှင်များဖုံးလွှမ်းပေါက်နေ
ခဲ့ ကာ ထိုမယ်ပုံမှမွေးသောသား မောင်ဆယ်နှင့် သမီးမယ်မိ တို့ မှာလည်း တစ်ကိုယ်လုံးအမွှေးအမျှင်များ
ပေါက်နေခဲ့ တယ်လို့ ဆိုပါတယ်...
နောက်ဆုံး ၎င်းမယ်ပုံတို့ မိသားစု ပြင်သစ်နိုင်ငံမှ ဆပ်ကပ်အဖွဲ့ တစ်ခုသို့ ရောက်ရှိသွားခဲ့ ကြောင်းမှတ်သား
သိရှိခဲ့ ရဖူးပါတယ်....

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်