Sunday 28 August 2011

မယ်ပြိုင်ပွဲဝင်မိလို့ ကျောက်တုံးဖြင့် ထုသတ်ခံရသည့် ယူကရိန်းနိုင်ငံသူ မွတ်ဆလင်မိန်းကလေး

ယူကရိန်းနိုင်ငံတွင် လှယဉ်ကျေးမယ်ပြိုင်ပွဲတွင်ပါဝင်ခဲ့ မိသည့် မွတ်ဆလင်မိန်းကလေးတစ်ဦးအား အစ္စလာမ်
ဘာသာရေးဥပဒေ ရှာရီးယား အရကျောက်တုံးဖြင့် ပစ်ပေါက်ကာ သတ်ဖြတ်ခဲ့ သည်ဟုဆိုပါတယ်...
အသက် ၁၉ နှစ်အရွယ်ရှိ ကက်တရာကိုရင် ရဲ့ ရုပ်အလောင်းကို ကရိုင်းမီးယားဒေသမှ ရွာကလေးတစ်ရွာရှိ
သူမနေထိုင်ရာအိမ်အနီးတွင်တွေ့ ရှိခဲ့ ကြရတာဖြစ်ပါတယ်...
သူမဟာ ခေတ်ဆန်သည့် ဆယ်ကျော်သက်အရွယ်ကြိုက်အ၀တ်အစားများကိုဝတ်ဆင်ရတာကိုနှစ်သက်ပါ
တယ်လို့ သူမရဲ့ သူငယ်ချင်းများကဆိုကြပြီး မွတ်ဆလင်လူငယ်သုံးဦးက သူမကိုသတ်ဖြတ်ခဲ့ တာဖြစ်ပြီး ၎င်း
တို့ ရဲ့ လုပ်ရပ်ဟာ အစ္စလာမ်ဘာသာထုံးစံအရ တရားမျှတမှုရှိတယ်လို့ ဆိုခဲ့ ကြသည့် အတွက် ရဲတပ်ဖွဲ့ က
ယခုအခါစုံစမ်းစစ်ဆေးမှုတွေပြုလုပ်နေခဲ့ ပါတယ်...
အဆိုပါလူငယ်သုံးဦးထဲမှ တစ်ဦးဖြစ်သည့် အသက် ၁၆ နှစ်အရွယ်ရှိ ဘီဟယ်လ်ဂါဇီယေ့ ဗ် ကိုတော့ ရဲတပ်
ဖွဲ့ ကယခုအခါဖမ်းဆီးထားခဲ့ြ့ပီဖြစ်ပြီး သူမဟာ ရှာရီးယား ဘာသာရေးဥပဒေကိုချိုးဖောက်ခဲ့ တာဖြစ်တယ်
လို့ ၎င်းက ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ပါတယ်...
သူမဟာ ဒေသဆိုင်ရာမယ်ပြိုင်ပွဲမှာ သတ္တမနေရာရရှိခဲ့ ပါတယ်...
သူမဟာ အစ္စလာမ်ဥပဒေကိုချိုးဖောက်ခဲ့ တာမို့ ( သူမကိုသတ်ဖြတ်ခဲ့ မှုအပေါ် ) ၎င်းအနေနှင့်နောင်တမရ
ရှိကြောင်း ဂါဇီယေ့ ဗ် ကဆိုပါတယ်...
ရိုက်နှိက်ကန်ကျောက်၊ ထုနှက်ထားလို့ ဒါဏ်ရာများဖြင့် ပြည့် နေသည့် သူမရဲ့ ရုပ်အလောင်းကို တောအုပ်
တစ်ခုအတွင်းမြုပ်နှံထားခဲ့ သည်ကို သူမသေဆုံးပြီး ရက်သတ္တပါတ်တစ်ပါတ်အကြာမှာတွေ့ ရှိခဲ့ ကြရတာဖြစ်
ပါတယ်...
ရဲတပ်ဖွဲ့ ကတော့ လူသတ်မှုဖြင့်အမှုဖွင့် ဆိုစုံစမ်းစစ်ဆေးနေပါတယ်...
ကျောက်တုံးဖြင့် ပစ်ပေါက်ထုသတ်ကာအပြစ်ပေးခြင်းဟာ မွတ်ဆလင်ဘာသာဝင်များအတွင်း သဘောထား
ကွဲလွဲကြသည့်အကြောင်းအချက်တစ်ခုဖြစ်ပြီး တစ်ချို့ ကအစ္စလာမ်ဘာသာရေးဥပဒေအရ တရားမျှတမှုရှိ
တယ် ( ယခုလိုကျောက်တုံးဖြင့် ထုသတ်ရတာ ) လို့ ယူဆကြပြီး တစ်ချို့ ကတော့ ထိုယူဆချက်ကို သဘော
မတူကြပါဘူး....

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်