Monday 15 August 2011

ရုရှား သမ္မတဟောင်း ပူတင် ရေငုပ်ရင်း ရှေးခေတ် ဂရိအိုးများ ရှာဖွေတွေ့ရှိ

လာမည့်နှစ် ရွေးကောက်ပွဲများ မတိုင်မီ လူကြိုက်များ အာရုံထားစေသည့် စတန့်ထွင်မှုတစ်ခု အနေဖြင့် ရုရှားဝန်ကြီးချူပ်
 ပူတင်သည် ဂရိပင်လယ်နက် ရှေးဟောင်း နေရာတစ်နေရာသို့
ရေငုပ်ခဲ့ရာ ရှေးခေတ် ဂရိအိုးကြီး နှစ်လုံး ရှာဖွေ တွေ့ရှိခဲ့ကြောင်း
နိုင်ငံပိုင် သတင်းဌာနက သြဂုတ်လ ၁၀ ရက်နေ့တွင် ဖော်ပြခဲ့သည်။

ပူတင်သည် ၂ မီတာ (၆ ဒသမ ၆ ပေ)သာ ငုပ်ရသေးပြီး ရေကလည်း ထူးထူးခြားခြား ကြည်လင်နေခဲ့သောကြောင့် ၆ ရာစုခေတ် အိုးနှစ်လုံးကို ရှာဖွေတွေ့ရှိခဲ့ကြောင်း နိုင်ငံပိုင် မီဒီယာများက ဖော်ပြခဲ့သည်။
နားရွက်ပုံလက်ကိုင်ပါသော အိုးဟောင်းကြီး နှစ်လုံးကို ပူတင် ကိုင်ထားသည့် ဗီဒီယို အပိုင်းအစကို နိုင်ငံပိုင် ရုပ်မြင်ဌာနက ထုတ်လွှင့် ပြသခဲ့သည်။ ပူတင်က 'ရတနာတွေ'ဟု ရေစိုနေသော ရေငုပ် ၀တ်စုံဖြင့် သတင်းထောက်များကို ပြောကြားခဲ့သည်။ ပူတင်သည် ရေငုပ်ရန် အခုမှ ကြိုးပမ်းနေသူသာ ဖြစ်ပြီး သုံးကြိမ်မြောက် ရေငုပ်စဉ် ရှေးဟောင်းအိုးများကို တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ကမ္ဘာ့ဘဏ္ဍာရေး အကျပ်အတည်း အကြောင်းကို နိုင်ငံပိုင်ရုပ်သံများက ဖော်ပြနေချိန်တွင် ပူတင်၏ အကြောင်းကို ထုတ်လွှင့်ခဲ့ခြင်းက ပူတင်သည် ရုရှားနိုင်ငံရေးတွင် ဆက်လက် လွှမ်းမိုးထားဆဲ ဖြစ်ကြောင်း လက္ခဏာတစ်ရပ်ကို
ထင်ဟပ်စေခဲ့သည်။ သို့သော်လည်း အချို့ မီဒီယာများက အသက် ၅၈ နှစ်အရွယ် ပူတင်၏ စတန့်ထွင်မှုကို ဝေဖန်ခဲ့ကြသည်။ ''ဖုံးရုံသာ ဖုံးထားသော အိုးများသည် ရှင်းနေသည့် နေရာတွင် ရှိနေခဲ့ကြပြီး မြင်သာကြောင်း'' newsru.com က ဖော်ပြခဲ့သည်။ ထို့ပြင် ၀န်ကြီးချုပ် ပူတင်နှင့်အတူ လိုက်ပါသူများသည် ရေမငုပ်ခဲ့ကြဘဲ ပူတင်ကသာ အံ့သြဖွယ်ရာ တွေ့ရှိမှုကို ဆောင်ရွက်နိုင်စေခဲ့ကြောင်း
ရေးသားခဲ့သည်။ လေ့လာရေး ခရီး၏ ခေါင်းဆောင်က ထိုရှာဖွေတွေ့ရှိခဲ့ သော အိုးများသည် အေဒီ ၆ ရာစုက အိုးများ ဖြစ်ကြောင်း ပြောကြားခဲ့သည်ဟု ပူတင်က ဆိုသည်။ သင်္ဘောများ ဆိပ်ကမ်းသို့ ကပ်စဉ် ထိုအိုးများ ထိခိုက်ကျိုးပဲ့ခဲ့ခြင်း ဖြစ်နိုင်ကြောင်း ပူတင်က ရှင်းပြခဲ့သည်

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်