Sunday 21 August 2011

လှပသော အမျိုးသမီးနှင့် တွေ့ဆုံရခြင်းသည် ကျန်းမာရေး အတွက် ဆိုးရွားစေနိုင်

နှလုံးခုန်မြန်လာခြင်းနှင့် ခြေဖဝါး၊ လက်ဖဝါးများ၌ ချွေးပြန်လာခြင်းသည် ဆွဲဆောင်မှူရှိလွန်းသော အမျိုးသမီးများနှင့် 
တွေ့ဆုံရသည့်အခါ ဖြစ်တက်ကြောင်း အမျိုးသားအပေါင်းတို့ သတိပြုမိပြီးဖြစ်သည်။

ယခုအခါ သုသေသန အသစ်တရပ်အရ အမျိုးသားများသည် လှပသော သူစိမ်းအမျိုးသမီးတဦးနှင့် ငါးမိနစ်သာ တွေ့ဆုံရုံနှင့် စိတ်ဖိစီးမှု လွန်စွာမြင့်တက်လာပြီး ယင်းသည် ကျန်းမာရေးအတွက် ဆိုးရွားစေနိုင်ကြောင်းသိရသည်။ ' ငါဒီလိုလူစားမျိုး မဟုတ်ဘူး ' ဟု တွေးမိလိုက်သော
အခါ၊ အဆိုပါ အမျိုးသမီးက အနားတိုးကပ်ထိုင်သောအခါ၊ သို့မဟုတ် အဆိုပါအမျိုးသမီး မှ စိတ်ဝင်စားမှူ ရရှိအောင် ကြိုးစားသောအခါ အကြင်ပုရိသ၏ အခြေအနေသည် အဆိုးရွားဆုံးသို့ ရောက်ရှိသွားသည်ဟု ပညာရှင်တို့က အခိုင်အမာပြောကြားခဲ့သည်။
အဆိုပါ အမျိုးသားတို့၏ စိုးရိမ်သောကဖြစ်မှူနှုန်းသည် လေယဉ်ပျံတစင်းပေါ်မှ ခုန်ချရသည့်အခါ ဖြစ်ပေါ်လာသောနှုန်းနှင့် ညီမျှသည်ဟု ဆိုသည်။  အဆိုပါအမျိုးသားတို့၏ ကော်တီဆောဟော်မုန်း ပါဝင်မှူနှုန်းသည် လေယဉ်ပျံမှခုန်ချရသည်ထက်ပင် ပိုမို၍ မြင့်မားနိုင်သည်ဟု ပညာရှင်တို့ကဆို၏။
ယင်းသို့ ကော်တီဆာဟော်မုန်းမြင့်တတ်လာမှူက နှလုံးရောဂါဖြင့် အမောဖောက်လာနိုင်ခြေကို လွန်စွာမြင့်မားစေသည်ဟုဆိုသည်။
စပိန်နိုင်ငံ ဗလင်စီယာ တက္က္ကသိုလ်မှ ပညာရှင်များသည် ၎င်းတို့၏ သုသေသနတွင် အမျိုးသား ၈၄ ဦးကိုပါဝင်စေလျှက် တဦးတည်း ရှိနေစဉ်နှင့် လှပသော အမျိုးသမီးများနှင့် တွေ့ဆုံပြီးနောက် ကော်တီဆောဟော်မုန်း ပါဝင်မှူနှုန်းကို တိုင်းတာကာ တွက်ချက် သုသေသနပြုခဲ့ကြသည်။
                                ဟုတ်မဟုတ်တော့ နောက်နေ့မှ စမ်းသပ်ကြည့်ရမယ်..... :D

6 comments:

  1. ကျနော်တော့ အဲလိုမထင်ဘူးဗျာ...စိတ်တွေ ပေါ့ပါးပြီး ၊ သွက်လက်လာသလိုဘဲ အဟီး

    ReplyDelete
  2. I don't think so...

    ReplyDelete
  3. ကျွန်တော်ကတော့ ကြည့်မရဲဘူး....တော်ကြာအဲဒီလိုဖြစ်သွားရင် ဒုက္ခ

    ReplyDelete
  4. အိုကွာ...သ၇ဲတွေ့တာနဲ့စာ၇င်..အဲဒါကိုပဲရွေးမှာပေါ့..ဟီး

    ReplyDelete
  5. ဟဟဟ....တော်တော်အကြောင်းပြချက်ကောင်းတယ် LoL

    ReplyDelete

အပြင်းပြေ Drum တီးရအောင်