Monday 15 August 2011

ခရက်ဒစ်ကတ် အရွယ် သွေးစစ်ကိရိယာက အိတ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိ မိနစ်ပိုင်းအတွင်း စစ်ဆေးနိုင်

ခရက်ဒစ်ကတ် အရွယ်သာ ရှိသော သွေးစစ်ကိရိယာဖြင့် အိတ်ခ်ျအိုင်ဗွီပိုး ရှိ၊ မရှိကို မိနစ်ပိုင်း အတွင်း စစ်ဆေးတွေ့ရှိနိုင်ပြီ ဖြစ်ကြောင်း သိရသည်။
mChip ဟုခေါ်သော ယင်းသွေးစစ်ကိရိယာဖြင့် အာဖရိကတိုက်ရှိ ရ၀မ်ဒါနိုင်ငံတွင် စမ်းသပ်မှုများ ပြုလုပ်ခဲ့ရာ ရာနှုန်းပြည့်နီးပါး မှန်ကန်ကြောင်း တွေ့ရှိခဲ့ရသည်။ စမ်းသပ်မှု ရာနှင့်ချီ ပြုလုပ်ခဲ့ရာ အိတ်ခ်ျအိုင်ဗွီ ပိုးရှိကြောင်း

စစ်ဆေးမှုတွင် ၉၅ ရာခိုင်နှုန်း၊ ဆစ်ဖလစ်ရောဂါ စစ်ဆေးမှုတွင် ၇၆ ရာခိုင်နှုန်း မှန်ကန်မှု ရှိခဲ့ကြောင်း တွေ့ရှိခဲ့သည်။ အမေရိကန်နိုင်ငံ၊ နယူးယောက်ရှိ ကိုလံဘီယာ တက္ကသိုလ်မှ သိပ္ပံပညာရှင်များက ပလတ်စတစ်ဖြင့် ဖန်တီး ပြုလုပ်ခဲ့သော ယင်းကိရိယာ တစ်ခုလျှင် တစ်ဒေါ်လာ ခန့်သာ ကုန်ကျသည်ဟု သိရသည်။ ယင်းသွေးစစ်ကိရိယာဖြင့် မည်သည့်နေရာတွင် မဆို ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ရန်၊ သွေးစစ်ရန် ဆေးခန်းကို ဆန္ဒမပါဘဲ သွားရခြင်းနှင့် ရလဒ်ကို ရက်အတန်ကြာ စောင့်ဆိုင်းရခြင်းကို ရှောင်လွှဲနိုင်ရန် အတွက် စိတ်ကူး

လုပ်ဆောင်ခဲ့ခြင်း ဖြစ်ကြောင်း သုတေသနတွင် ဦးဆောင်သူ ပါမောက္ခ ဆန်မြူရယ်ဆီယာက ပြောကြားသည်။ ယင်းကိရိယာတွင် အာရုံစနစ် ပါဝင်ပြီး အနည်းငယ်သောသွေးကို စစ်ဆေးကြည့်နိုင်သည်။
ယင်းကိရိယာတွင် သွေးဖြတ်စဉ် စစ်ဆေးသည့်နေရာ ၁၀ ခု ပါဝင်ပြီး ၁၅ မိနစ် အတွင်း အိတ်ခ်ျအိုင်ဗွီပိုး၊ ဆစ်ဖလစ် စသည် တို့ကို ရှိ၊မရှိ အဖြေ ထုတ်ပေးနိုင်ကြောင်း သိရသည်။ အဖြေထုတ်ပေးရာတွင် ကိုယ်ဝန် ရှိ၊မရှိ စစ်သည့် ကိရိယာတွင် ပြသကဲ့သို့ ရိုးရှင်းသော အရောင်ဖြင့် ပြသထားသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်