Wednesday 31 August 2011

ကုလသမဂ အေဆာက္အဦး ဗံုးခြဲမွဳ ၿဖစ္ပြား


နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် Abuja မြို့က ကုလသမဂ္ဂ ရုံးချုပ် အဆောက်အဦကို တိုက်ခိုက်ခံရမှုနဲ့ ပတ်သက်လို့ အပြစ် ကျူးလွန်သူတွေကို တရားဥပဒေ အတိုင်း အပြစ်ပေးဖို့ မြေလှန်ရှာမယ်လို့ နိုင်ဂျီးယား သမ္မတ Goodluck Jonathan က ပြောကြားလိုက်ပါတယ်။
အသေခံ ဗုံးခွဲသမား တယောက်က အဆောက်အဦ ထဲကို ကားနဲ့ အတင်းမောင်း ဝင်ရောက်ကာ ဖောက်ခွဲတိုက်ခိုက်ခဲ့တာကြောင်အနည်းဆုံး လူ ၁ဂ ယောက် သေဆုံးခဲ့ပါတယ်။
ဒီတိုက်ခိုက်မှုနဲ့ ပတ်သက်လို့ အစ္စလာမ် ဝါဒီ အကြမ်းဖက် အဖွဲ့ Boko Haram က သူတို့ လက်ချက်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဒီဗုံးခွဲမှုဟာ အများပြည်သူတွေကို ကူညီဖို့ အသက်စွန်, တာဝန်ထမ်းဆောင်နေသူတွေကို တိုက်ခိုက်တာဘဲလို့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ပြောပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်