Tuesday 23 August 2011

ဟစ်တလာ မိန်းမစိတ် ပေါက်သွားစေရန် မဟာမိတ်တို့ စီစဉ်ခဲ့ကြောင်း မှတ်တမ်းများပေါ်ထွက်

နာဇီခေါင်းဆောင်ကြီး ဟစ်တလာ မိန်းမစိတ်ပေါက်စေရေး အတွက် သူစားသော အစားအသောက် များထဲတွင် 'မ' ဟော်မုန်းဓာတ် ဖြစ်သော အက်စထရိုဂျင်ကို ခိုးထည့်ပေးမည့် အစီအစဉ်အား မဟာမိတ်တပ်များက
စီစဉ်ခဲ့ကြကြောင်း မကြာသေးမီက ဖွင့်ချလိုက်သည့် လျို့ဝှက်မှတ်တမ်းများကို ကိုးကားပြီး ထုတ်ဝေခဲ့သော ဗြိတိန် ပါမောက္ခတစ်ဦး၏ စာအုပ်တွင် ဖော်ပြထားသည်။
အက်စထရိုဂျင်ကို ဟစ်တလာ စားမည့် အစားထဲ ခိုးထည့်ပြီး လိင်စိတ်ပြောင်းစေကာ မိန်းမပိုဆန်စေခြင်းဖြင့် ခက်ထန်တင်းမာမှု လျော့ပါးစေမည့် အစီအစဉ်ကို မဟာမိတ်တပ်များ စီစဉ်ခဲ့ကြသည်ဟု ကာဒစ်ဖ် တက္ကသိုလ်မှ ပါမောက္ခ ဘရိုင်ယန်ဖို့ဒ်က ရေးသားခဲ့သည်။ လန်ဒန်ရှိ လိင်မှုကုထုံးများတွင် ထိုခေတ်က စသုံးနေပြီ ဖြစ်သည့် လိင်စိတ်နှင့်ဆိုင်သော ဟော်မုန်းများ၏ အရေးပါမှုကို လေ့လာခဲ့ကြကြောင်း ဖို့ဒ်၏ Secret Weapons:Technology, Science and The Race To Win World War II စာအုပ်တွင် ဖော်ပြထားသည်။
ယင်းဟော်မုန်းများ ခိုးထည့်ရန် လုံလောက်သည့် နီးစပ်မှု ရှိသော သူလျှိုများလည်း ရှိပြီး ဖြစ်ကြောင်း၊ အဆိပ်ခတ်ခြင်းကို ဟစ်တလာ၏ အစားအသောက် စစ်ဆေးသော ကေဒါများ သိရှိနိုင်သည့် ကိစ္စလည်း မဟုတ်သောကြောင့် အလုပ်ဖြစ်နိုင်ကြောင်း ဗြိတိန်သူလျှိုများက သုံးသပ်ခဲ့ကြသည်ဟု ဆိုသည်။ ယင်းအပြင် နာဇီ တပ်များပေါ်သို့ ကော်များ၊ မြွေများ ဗုံးကြဲသလို ကြဲချရန်၊ ဂျာမနီနိုင်ငံအတွင်းသို့ စည်သွပ်ဗူးဗျားထဲ ဗုံးထည့်ပြီးပို့ရန်တို့ပါ စီစဉ်ခဲ့ကြသည်ဟု ဆိုသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်