Thursday 25 August 2011

ငြင်းမရတဲ့ သက်သေ

မုဒိန်းကျင့် ဖို့ ကြိုးစားခံခဲ့ ရသည့် အမျိုးသမီးတစ်ဦးဟာ ထိုမုဒိန်းကောင်ရဲ့ အဓိကအင်္ဂါအစိတ်အပိုင်းကို ဓါး
ဖြင့် ဖြတ်ကာ သက်သေအဖြစ် ရဲစခန်းသို့ ယူဆောင်လာခဲ့ တယ်လို့ 
ဘင်္ဂလားဒေ့ ရှ်နိုင်ငံတာင်ပိုင်းရှိ ရဲစခန်းမှ ရဲတပ်ဖွဲ့ ဝင်များကဆိုပါတယ်...
အဆိုပါအဖြစ်အပျက်ဟာ ဘင်္ဂလားဒေ့ ရှ်နိုင်ငံ မြို့ တော် ဒါကာမြို့ ရဲ့
တောင်ဘက်ကီလိုမီတာ၂၀၀(၁၂၄မိုင်)အကွာရှိဂျာလာကာသီအရပ်၊မီယာဇာပါရွာကလေးမှာဖြစ်ပွားခဲ့ တာပါ...
အသက် ၄၀ အရွယ်ရှိ ကလေး ၃ ယောက်တို့ ၏မိခင်ဖြစ်သူ မွန်ဂျူဘီဂမ် က ရဲတပ်ဖွဲ့ ကိုပြောကြားခဲ့ ရာ
မှာ သူမရဲ့ အိမ်နီးနားချင်း မိုဇမ်မဲလ်ဟက်မာဇီ ဟာ သူမရဲ့ တဲအိမ်ထဲကိုအတင်းအဓမ္မ၀င်ရောက်လာခဲ့ ပြီး
မတော်မတရားပြုကျင့် ဖို့ ကြိုးစားခဲ့ တယ်လို့ ဆိုပါတယ်....
ထိုသို့ မပြုလုပ်ခဲ့ ကြောင်း ငြင်းဆန်ခဲ့ သည့် မစ္စတာမာဇီ ကိုတော့ အနီးအနားက ဆေးရုံမှာလက်ခံကုသပေး
နေခဲ့ ရပါတယ်...
သူ့ ရဲ့ အခြေအနေသက်သာလာတာနဲ့ ကျွန်တော်တို့ သူ့ ကိုဖမ်းဆီးအရေးယူမှာဖြစ်ပါတယ်လို့ ရဲတပ်ဖွဲ့ ပြော
ရေးဆိုခွင့် ရှိသူ အဘူခယား ကဆိုပါတယ်...
" သူမဟာ အဓမ္မပြုကျင့် သူကို ပြန်လည်ခုခံတိုက်ခိုက်ပြီး သူ့ ရဲ့ အဓိကသက်သေပစ္စည်းကိုဖြတ်ပြီး သူမအား
မုဒိန်းကျင့် ခဲ့ ကြောင်း သက်သေပြဖို့ ပလတ်စတစ်အိတ်ဖြင့် ထည့် ကာ ကျွန်တော်တို့ ရဲစခန်းကိုယူဆောင်
လာခဲ့ တာဖြစ်ပါတယ်.....
သူမကိုမုဒိန်းကျင့် ဖို့ ကြိုးပမ်းခဲ့ တယ်လို့ စွပ်ဆွဲချက်ဖြင့် ထိုသူကို တိုင်ချက်ဖွင့် ခဲ့ ပါတယ်..." လို့ အဆိုပါ
ပြောရေးဆိုခွင့် ရှိသူကဆိုပါတယ်...
" ကျွန်တော့် လုပ်သက်တစ်လျှောက်တော့ ဒါဟာတော်တော်ထူးဆန်းတဲ့ ၊ တစ်မူထူးခြားတဲ့ အဖြစ်အပျက်ပါ
ပဲ....အမျိုးသမီးတစ်ဦးအနေနှင့် ( သူမကိုအဓမ္မပြုကျင့် သူရဲ့ အဓိကတရားခံ ) အင်္ဂါအစိတ်အပိုင်းကိုဖြတ်ပြီး
သက်သေအထောက်အထားအဖြစ် ရဲစခန်းကိုယူလာခဲ့ တာဟာ ပထမဦးဆုံးအဖြစ်အပျက်ပါပဲ...." လို့ သူက
ပြောကြားခဲ့ ပါတယ်...
ဘာရီဆယ် မြို့ ၊ ရှာနဘင်္ဂလာ ဆေးကောလိပ်နှင့် ဆေးရုံမှ အထက်တန်းခွဲစိတ်ဆရာဝန်ကြီး ပါမောက္ခ ရှာ
ဖူဇာမန် ကတော့ ပြတ်သွားသည့် အင်္ဂါအစိတ်အပိုင်းကိုတော့ ပြန်ဆက်ပေးလို့ ရမှာမဟုတ်တော့ ပါဘူးလို့ 
ဆိုခဲ့ ပါတယ်.....

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်