Sunday 28 August 2011

ကမ္ဘာ့ ပထမဦးဆုံး 3D အချစ်အကြမ်းကား Avatar ကိုကျော်ဖြတ်ကာဝင်ငွေစံချိန်ချိုး

ကမ္ဘာ့ ပထမဦးဆုံ3းDအချစ်အကြမ်းဇတ်ကားဟာစတင်ရုံတင်သည့် နေ့ (ဖွင့် စနေ့ )မှာပင်Avatarဇာတ်ကားဝင်ငွေစံချိန်ထက်ပိုကာ ရောင်းရခဲ့ ပြီးအရောင်းစံချိန်တင်ခဲ့ ပါတယ်...
ရုပ်ရှင်ဝါသနာရှင်များဟာ ဟောင်ကောင်တစ်ဝှမ်းရုပ်ရှင်ရုံများတွင် စတင်ပြသခဲ့ သည့် အကြမ်းအရမ်းအချစ်
ဇတ်ကြမ်း ဇတ်ကားကို ပထမဦးဆုံးကြည့် ရှုနိုင်ကြဖို့ အတွက် အလုအယက်တိုးဝှေ့ ကြည့် ရှုခဲ့ ကြတယ်လို့ 
အင်္ဂလန်နိုင်ငံထုတ် သူရိယသတင်းစာကြီးကဖော်ပြခဲ့ ပါတယ်...

ဇတ်ကားစပြပြချင်းပထမဦးဆုံးနေ့ မှာပင် ဟောင်ကောင်တွင် ယခင်က ကမ္ဘာကျော်ဒါရိုက်တာ ဂျိမ်းစ်ကင်မ
ရွန်ရိုက်ကူးခဲ့ သည့်  ၂၀၀၉ ခုနှစ်တွင်ပြသခဲ့ သော 3D သိပ္ပံဇတ်ကား Avatar ပထမရက်လက်မှတ်ရောင်း
ရငွေ စတာလင်ပေါင် ၂၀၇၆၃၈ ( ဒေါ်လာ ၃၃၂၂၂၀ ) ထက်ကျော်လွန်ကာ စတာလင်ပေါင် ၂၁၉၈၅၂
( ဒေါ်လာ ၃၅၁၇၆၃ ) ဖြင့် ရရှိခဲ့ ပြီး စံချိန်သစ်တင်ခဲ့ ပါတယ်...
ကုန်ကျငွေ ၁.၉ ပေါင်စတာလင်သန်း ရှိခဲ့ သည့် ကန်တုံစကားပြော အဆိုပါလူကြီးကြိုက်ဇတ်ကားဟာ လုံးဝ
အ၀တ်အစားမပါ၊ ကိုယ်လုံးတီးအပြည့် ဖြင့် ရိုက်ကူးထားပြီး အချစ်ဇတ်ကြမ်း၊ ဇတ်ဝင်ခန်းများကိုတော့ ခပ်
မှိန်မှိန်အကာအကွယ်ဖြင့်ဖန်တီးရိုက်ကူးထားပါတယ်...
       
ဇတ်လမ်းသဘောကတော့ မင် မင်းဆက်ကာလကိုနောက်ခံပြုကာ အိမ်ထောင်မှုသုခမရရှိနိုင်သည့် ပညာရှိ
သုခမိန်တစ်ဦး ၎င်း၏ဇနီးဟောင်းထံတွင် အချစ်စစ်၊ သာယာမှုပြန်လည်ရရှိခံစားရသည့် အကြောင်းရိုက်ကူး
ထားခြင်းလည်းဖြစ်ပါတယ်....
ထိုဇတ်ကားဟာ ၁၉၉၁ ခုနှစ်ကလည်းဟောင်ကောင်တွင် ၎င်းအမည်နှင့် ပင်ရိုက်ကူးထုတ်လုပ်ခဲ့ သည့် ဇတ်
ကားကို ပြန်လည်ရိုက်ကူးထားတာဖြစ်ပါတယ်...
ထုတ်လုပ်သူ စတီဖင်ရှူး က " ကျွန်တော်တို့ ဟာ ပရိတ်သတ်ကြီးရဲ့ ဆန္ဒကိုဖြည့် ဆည်းပေးလိုက်နိုင်ပြီဖြစ်
ပါတယ်... လူတွေက ဒီလိုဇတ်ကားမျိုးကိုလည်း 3D နဲ့ ရိုက်ကူးသင့် တယ်လို့ အမြဲပဲတွေးထင်ခဲ့ ကြပါတယ်။
လူတွေက အသစ်အဆန်းဆိုစိတ်ဝင်စားကြတယ်လေ..." လို့ ပြောကြားခဲ့ ပါတယ်...
၁၉၉၁ ခုနှစ်ကရိုက်ကူးဖြန့် ချီခဲ့ စဉ်ကလည်း အဆိုပါ ဇင်နှင့် အချစ်ဇတ်ကြမ်း ဇတ်ကားဟာ ဟောင်ကောင်
လူကြီးကြိုက်ရုပ်ရှင်သမိုင်းမှာ ၀င်ငွေစံချိန်တင်ခဲ့ ပါတယ်...
စိတ်ဆိုသည်မှာ မကောင်းမှု၌သာအစဉ်မွေ့ လျော်သည် ဆိုတာတယ်မှန်တာပဲ....
ဒါကြောင့် လည်း ဖွင့် သမျှဘီယာဆိုင်၊ အရက်ဆိုင်၊ အနှိပ်ခန်း အလုပ်မဖြစ်တာခပ်ရှားရှားပါပဲ

သူ့အကြောင်းပြောပြတာကို သိချင်ရင်တော့

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်