Tuesday 2 August 2011

ဗီယက်နမ် တောနက်တွင်းမှ ကမ္ဘာ့အကြီးဆုံး ဂူကွန်ရက် ကြီးမား ကျယ်ပြန့် လွန်းသောကြောင့် အဆုံးကို ရှာမတွေ့သေး

၂၀၀၉ ခုနှစ်က ဗီယက်နမ် တောနက်အတွင်း ရှာဖွေ တွေ့ရှိခဲ့သော ကမ္ဘာ့အကြီးဆုံး ဂူကွန်ရက်ကြီးမှာ ကြီးမား ကျယ်ပြန့်လွန်းသောကြောင့် လေ့လာသူများမှာ အချို့ ဂူလမ်းကြောင်းများကို ယနေ့အထိ အဆုံးတိုင် ၀င်ရောက် လေ့လာ ရှာဖွေနိုင်သေးခြင်း မရှိသေးကြောင်း သိရသည်။
ဂူ ၁၅၀ ကျော် ပါဝင်သည့် ဂူကွန်ရက်ကြီးကို ၂၀၀၉ ခုနှစ်က ဗြိတိန်မှ လေ့လာသူများက ရှာဖွေတွေ့ရှိခဲ့ခြင်း ဖြစ်သည်။ စတင် တွေ့ရှိစဉ်က Phong Nha-Ke Bang အမျိုးသားဥယျာဉ် အတွင်းရှိ ဂူလမ်းကြောင်း၏ အလွန် မြင့်မားမှုမှာ စိတ်ဝင်စားစရာ ဖြစ်ခဲ့ရသည်။ အမြင့်ပေ ၈၀၀ ရှိပြီး အနံ ပေ ၃၃၀ အထိ ကျယ်ကြောင်း ထပ်မံ လေ့လာမှုများအရ တွေ့ရှိခဲ့ပြီးနောက် ကမ္ဘာ့အကြီးဆုံး ဂူကြီး အဖြစ် မှတ်တမ်းဝင်ခဲ့သလို ထူးခြား ဆန်းကြယ်သည့် ဂူလမ်းကြောင်းများကို ထပ်မံ တွေ့ရှိခဲ့ရသည်။ ဂျာမနီနှင့် ဗြိတိန်မှ လေ့လာသူများ ပူးပေါင်းပြီး ၂၀၁၀ ပြည့်နှစ်တွင် ထပ်မံ လေ့လာမှုများကို တောင်မြစ်ဂူ (Hang Son Doong) အတွင်း ပြုလုပ်နိုင်ခဲ့သည်။ ဂူကြီးအတွင်း မြစ်တစ်စင်း စီးဆင်းနေသလို ရေတံခွန်များ ရှိနေသည်ကိုလည်း မှတ်တမ်း တင်နိုင်ခဲ့သည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်