Friday 5 August 2011

မေ့လွယ်ခြင်း ကင်းဝေးစေရန်

 အရာရာကို မေ့လွယ်တတ်နေလို့ စိတ်ညစ် နေပါသလား။ အမြဲအသုံးပြုနေကျ အိမ်သော့ တွေ၊ မျက်မှန်တွေ၊ လက်ကိုင်ဖုန်းတွေကို ဘယ်နေရာမှာ ထားမိမှန်းမသိလို့ မကြာခဏ လိုက်ရှာနေရပါသလား။
အလုပ်တွေများလွန်းလို့ စိတ်တွေရှုပ်ပြီး မှတ်သားနိုင်စွမ်း လျော့ကျနေပါသလား။ လျော့နည်းနေတဲ့ မှတ်ဥာဏ်ပြန်ကောင်း ဖို့ရာအတွက် မှော်အတတ်လို ဆေးဝါးမျိုး တော့ မရှိပါဘူး။
ဒါပေမယ့် မှတ်ဥာဏ်ထက်မြက်လာပြီး မေ့လွယ်ခြင်း မဖြစ်အောင် လုပ်ပေးနိုင်တဲ့ နည်းလမ်းတွေတော့ ရှိပါတယ်။
အသုံးအဆောင်များကို ထားနေကျနေရာမှာ ထားပါ
မကြာခဏ အသုံးများနေတဲ့ အသုံးအဆောင်တွေကို ထားနေကျနေရာမှာပဲ ထားပါ။ ဥပမာ - သော့တွေ၊ ဖန်ခွက်တွေ၊ ပိုက်ဆံအိတ်နဲ့ မျက်မှန်စတဲ့ အသေးစား အသုံးအဆောင်တွေကို နေရာတစ်ခု သတ်မှတ်ပြီး ထားရှိပေးပါ။

ပြက္ခဒိန်မှာ ရေးမှတ်ပါ
ချိန်းဆိုထားတဲ့ အလုပ်ကိစ္စတွေနဲ့ တခြားအရေးကြီးတဲ့ နေ့ရက်တွေကို မမေ့အောင် ပြက္ခဒိန်မှာ ရေးမှတ်ထားပါ။ ဒါဆိုရင် အဲဒီနေ့ရက်တွေမှာ အရေးကြီးတဲ့ ကိစ္စတွေကို မေ့လွယ်တော့မှာ မဟုတ်ပါဘူး။
နေ့စဉ် အစီအစဉ် ရေးဆွဲထားပါ
နေ့စဉ်လုပ်ရမယ့် အစီအစဉ်တွေကို ဖုန်းခေါ်မယ့်သူတွေ၊ ပေးဆောင်ရမယ့် အခွန်တွေ၊ လုပ်ရမယ့် တောက်တိုမယ်ရ အလုပ်တွေ . . . စသဖြင့် အသေးစိတ် ရေးမှတ်ထားပါ။
အမည်နှင့် ဖုန်းနံပါတ်ကို စာအုပ်ထဲမှာ အက္ခရာစဉ်လိုက် ရေးမှတ်ထားပါ
ဖုန်းခေါ်တဲ့အခါ နံပါတ်မှားခေါ်မိရင် သင်ကော၊ ဖုန်းကိုင်သူပါ စိတ်ရှုပ်ရတတ်ပါတယ်။ အဲဒီလို မဖြစ်အောင် အစကတည်းက ဖုန်းနံပါတ်နဲ့ နာမည်မှတ်ထားတဲ့ စာအုပ်ကိုကြည့်ပြီး အရင်စစ်ဆေးပါ။
စိတ်ဖိစီးမှု လျှော့ပါ
စိတ်ဖိစီးမှုများနေရင် အရာရာကို အာရုံစူးစိုက်နိုင်စွမ်းအား လျော့နည်းသွားပါတယ်။ အာရုံ စူးစိုက်နိုင်စွမ်းအား လျော့နည်းလေလေ၊ မှတ်မိနိုင်စွမ်းအား လျော့နည်းလေလေပါပဲ။ အဲဒီလိုမဖြစ်အောင် စိတ်ဖိစီးမှုကို တတ်နိုင်သမျှ လျှော့ချပေးပါ။
ဆေးလိပ်မသောက်ပါနှင့်
ဆေးလိပ်သောက်တာဟာ မှတ်မိနိုင်စွမ်းအား လျော့ကျစေတဲ့အပြင် ဆေးလိပ်ကြောင့် ဖြစ်တဲ့ နောက်ဆက်တွဲ ရောဂါဟာလည်း မှတ်ဥာဏ်ကို ထိခိုက်စေနိုင်တာပါပဲ။ လေ့လာမှု တွေအရ ဆေးလိပ်သောက်တဲ့သူတွေထက် လူအမည်နဲ့ မျက်နှာပုံစံကို မှတ်မိနိုင်စွမ်းအား လျော့နည်းကြောင်း သိရပါတယ်။ ဒါကြောင့် မေ့လွယ်ခြင်း မဖြစ်အောင် ဆေးလိပ်ကို ရှောင်ပါ။
အရက်ကို အလွန်အကျွံမသောက်သင့်ပါ
ဆားနှင့် သကြားလျှော့စားပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပါ
ကိုယ်လက်လှုပ်ရှားမှု လုပ်ဆောင်တာဟာ အသက်ကြီးတဲ့အထိ မှတ်ဥာဏ်စွမ်းအား ကောင်းမွန်နေစေကြောင်း လေ့လာမှုတွေက ဆိုပါတယ်။ ဒါကြောင့် တစ်နေ့ကို မိနစ် ၃၀ ကြာ ကိယ်လက်လှုပ်ရှားမှု လုပ်ဆောင်ပေးဖို့ လိုပါတယ်။

2 comments:

  1. မော်ဒယ်ငှားထားတာနဲ့ တူတယ်

    ReplyDelete
  2. wanna watch model more than read article.

    ReplyDelete

အပြင်းပြေ Drum တီးရအောင်