Monday 5 December 2011

ကမ္ဘာ့ ပထမဦးဆုံး Helicopter


၁၉၇၁ ခုနှစ်တွင် Kamov Design Bureau ဆိုတဲ့လူဟာ ကာကွယ်ရေးအတွက် အထူးပေါ့ပါးတဲ့ ဟယ်လီကော်ပတာကို မှာယူခဲ့ပါတယ်။ ဒီဇိုင်နာချူပ်နဲ့တပ်ထိန်းတို့ကို ဒီ project အတွက် ဦးဆောင်ဖို့တာဝန်ပေးခဲ့ပါတယ်။
အထူးပြုလုပ်ထားတဲ့ ဟယ်လီကော်ပတာကို 500 မီလီမီတာထက် မပိုပဲ သွားလာနိုင်ဖို့ ဖန်တီးခဲ့ပါတယ်။
အကြောင်းကတော့ ရေတပ် ရေငုပ်သင်္ဘော တွေရဲ့ တိုပီဒို ရန်ကနေ
ရှောင်လွှဲနိုင်အောင်ပဲဖြစ်ပါတယ်။
အခြားအကြောင်းကတော့ ၁၅ မိနစ်အတွင်း အပြီးတပ်ဆင်ပြီး ပျံသန်းနိုင်ဖို့ဖြစ်ပါတယ်။
အဲဒီ ဟယ်လီကော်ပတာကို မောင်းနှင်ဖို့အင်ဂျင်ကတော့ မြင်းကောင်ရေ ၄၀ အား ၊ လေနဲ့ အအေးခံတဲ့စနစ်ဖြစ်ပါတယ်။ အင်ဂျင်ကိုမောင်းနှင်ဖို့ ဆီကတော့ ကားတွေမှာ ထည့်သုံးတဲ့ ဓါတ်ဆီပါတဲ့။
အစိတ်အပိုင်းတွေ အားလုံးတပ်ဆင်အပြီးမှာတော့ ဟယ်လီကော်ပတာရဲ့ပုံစံကို ပိုမိုကောင်းမွန်တဲ့ အပြင်အဆင်နဲ့ ထုတ်လုပ်ဖို့ ဆုံးဖြတ်ခဲ့ကြပါတယ်။


No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်