Thursday 8 December 2011

နှစ်ပေါင်း ၂၄၁၈ သက်တမ်းရှိသည့် ဂရိငွေဒင်္ဂါးပြားအား စတာလင်ပေါင် ၂ သန်းဖြင့် လေလံတင်ရောင်းချမည်

ကမ္ဘာပေါ်တွင် ရှေးအကျဆုံး ဂရိငွေဒင်္ဂါးပြားကို စတာလင်ပေါင် ၂ သန်းဖြင့် လေ့လံတင်ရောင်းချနိုင်ရန် စီစဉ်လျက်ရှိသောကြောင့် ယင်းငွေဒင်္ဂါးပြားသည် ကမ္ဘာပေါ်တွင် ဈေးအကြီးဆုံးအဖြစ် ထွက်ပေါ်လာခဲ့သည်ဟု သိရသည်။ အဆိုပါ ဂရိငွေဒင်္ဂါးပြားသည် လွန်ခဲ့သည့် နှစ်ပေါင်း ၂၄၁၈ နှစ်က ပထမဆုံးအကြိမ် သွန်းလုပ်ထုတ်ဝေခဲ့သည့် ငွေဒင်္ဂါးပြားဖြစ်ပြီး ၄င်း၏ တန်ဖိုးသည် တစ်နှစ်လျှင် စတာလင်ပေါင် ၁၀၀၀ နီးပါး မြင့်တက်လာခဲ့သည်။ ၄င်းငွေဒင်္ဂါးပြား၏ တစ်ဖက်တွင် လင်းယုန်ငှက်ပုံတစ်ပုံနှင့် အခြာတးစ်ဖက်တွင် ငယ်ရွယ်သော လုလင်ပျိုတစ်ဦးက မြင်းလေးကောင်ဆွဲသော စစ်မြင်းရထားကို မောင်းနှင်နေသည့်ပုံများ ထွင်းထုထားသည်။ ကမ္ဘာပေါ်တွင် ယင်းငွေဒင်္ဂါးပြားပုံစံမျိုး ၁၂ ခုရှိသည့်အနက် ယင်းငွေဒင်္ဂါးသည် တစ်ခုအပါအ၀င်ဖြစ်ပြီး ပြတိုက်များတွင် ၄င်းငွေဒင်္ဂါးပြားပုံစံ ခြောက်ခုကို ပြသထားကြောင်း သိရသည်။ အဆိုပါ ငွေဒင်္ဂါးအား ရှေးဟောင်း ပစ္စည်းများစုဆောင်းရာတွင် ၀ါသနာပါသူ အမေရိကန်နိုင်ငံသားတစ်ဦးက သိမ်းဆည်းထားခဲ့ခြင်းဖြစ်သည်။ အဆိုပါ ငွေဒင်္ဂါးပြားကို ဒင်္ဂါးနှင့် တံဆိပ်လေ့လာမှုဆိုင်ရာ အဖွဲ့အစည်းက နယူးယောက်ခ်မြို့၌ ဇန်န၀ါရီ ၄ ရက်တွင် လေလံတင်ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်