Tuesday 13 December 2011

သွေးရှားပါးမှု ပြဿနာကိုသွေးအတု ဖြေရှင်းပေးမည်

လူတွေရဲ့ ပင်မဆဲလ်မှ ပြုလုပ်ထားတဲ့ သွေးတုကို ဗြိတိန် နိုင်ငံမှာ လာမယ့်(၃)နှစ် အတွင်း စမ်းသပ် အသုံးပြုနိုင်တော့ မှာ ဖြစ်ပြီး လာမယ့် ဆယ်နှစ်အတွင်း ဆေးရုံတွေမှာ တွင်တွင်ကျယ်ကျယ် အသုံးပြုနိုင်တော့မှာ ဖြစ်တယ်လို့ သိရပါတယ်။ အရွယ်ရောက်ပြီး သူတွေရဲ့ ရိုးတွင်း ချဉ်ဆီနဲ့ သန္ဓေသား ပင်မဆဲလ်တွေမှ ထုတ်လုပ်ထားတဲ့ သွေးကို တီထွင်ရတာဟာ သွေးအလှူရှင် နည်းပါးမှုကြောင့်ေ သွးရှားပါးမှု ပြဿနာကို ဖြေရှင်းနိုင်မှာ ဖြစ်ပါတယ်။

ဒါ့အပြင် လူတွေ ဖန်တီးလိုက်တဲ့ သွေးအတုဟာ သွေးမသွင်းမီ လူနာကို သွေးအမျိုးအစား စစ်ဆေးစရာ မလိုတဲ့အတွက် စစ်မြေပြင်နဲ့ အရေးပေါ် အခြေအေ နတွေမှာ လူတွေရဲ့ အသက်ကို ကယ်တင်နိုင်မှာ ဖြစ်ပါတယ်။ အဆိုပါ သွေးတု စမ်းသပ်မှု အစီအစဉ်ကို Edinburgh တက္ကသိုလ်မှ သုတေသီတွေက ဦးဆောင် ပြုလုပ်တာ ဖြစ်ပြီး အရွယ် ရောက်ပြီး သူတွေရဲ့ ရိုးတွင်းချဉ်ဆီမှ ထုတ်လုပ်ထားတဲ့ အဆိုပါ သွေးတုကို ပထမဆုံး အနေနဲ့ လူသားတွေကို စမ်းသပ်မှာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း စမ်းသပ်မှုတွေကို နောက်ထပ် အချိန် တစ်နှစ်မှ (၁၈)လအထိ ကြာမြင့်ဦးမှာ ဖြစ်ပြီး သန္ဓေသား ပင်မဆဲလ်နဲ့ အရွယ်ရောက်ပြီး သူတွေရဲ့ အရေပြား ဆဲလ်တွေက ရရှိတဲ့ အနီရောင် သွေးဆဲလ်တွေ ထုတ်လုပ်နိုင်ဖို့ အထိ သုတေသီတွေက ကြိုးစား နေကြပါတယ်။ အခုလို သွေးအတု တီထွင်နိုင် တာဟာ လူသားတွေ အတွက် အကျိုးကျေးဇူး များစွာ ရရှိမှာ ဖြစ်တဲ့အပြင် HIV နဲ့ အသည်းရောင် အသားဝါလို ကူးစက်ရောဂါတွေ ကူးစက်ခံရမယ့် အန္တရာယ်မှ ကင်းလွတ်နိုင်မယ့် အကျိုးကျေးဇူးတွေ ရရှိမှာ ဖြစ်တယ်လို့ သိရပါတယ်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်