Sunday 18 December 2011

ကိုယ့်ကိုယ်ကို သတ်သေမှု တားဆီးနိုင်မည့် စနစ်တစ်မျိုး Facebook လွှတ်တင်

လွန်ခဲ့သည့် အင်္ဂါနေ့က လူမှုရေး ကွန်ရက်ဝက်ဆိုက်ဖြစ်သော Facebook မှာ ၎င်း၏ အဖွဲ့ဝင်များအကြားတွင် ကိုယ့်ကိုယ်ကို သတ်သေစေမည့် လုပ်ရပ်များကို တားဆီးနိုင်စေမည့် လုပ်ဆောင်ချက် အသစ်တစ်ရပ်ကို လွှတ်တင်နိုင်ခဲ့ကြောင်း သိသည်။ အဆိုပါစနစ်သစ်အရ ယင်းဆိုက်တွင် ဝင်ရောက်နေသည့် မည်သူမဆို အဆိုပါကဲ့သို့သော ဖြစ်ရပ်များ ဖြစ်စေနိုင်သည့် အရေးအသား ပုံစံမျိုးပေါ်ပေါက်လာပါက Facebook မှယင်းပုဂ္ဂိုလ်အား email ပေးပို့ပြီး သီးသန့်ဆွေးနွေးခန်း သဘောမျိုး ပြောဆိုနိုင်မည့် နှစ်သိမ့်ဆွေးနွေးသူနှင့် တိုက်ရိုက် ပြောကြားစေ မည်ဖြစ်ကာ ကယ်တင်နိုင်ရန် စီစဉ်ထားခြင်း ဖြစ်သည်။ အလားတူပင် ယင်းဖြစ်ရပ်ကို အသိပေးသူရှိပါက ယင်းလူ၏ အမည်ကို လျှို့ဝှက်ထားမည် ဖြစ်ကြောင်းလည်း သိရသည်။

No comments:

Post a Comment

အပြင်းပြေ Drum တီးရအောင်