Thursday 29 December 2011

နေမုန်တိုင်းကြောင့် ရေဒီယို ဆက်သွယ်မှုများ ပြတ်တောက်နိုင်

မကြာသေးမီက ဖြစ်ပွားခဲ့ရသည့် နေ လုံးကြီးအတွင်းမှ ဆိုလာမုန်တိုင်း ပေါက်ကွဲ မှုဖြစ်စဉ်ကြောင့် အမှုန် များ ဖြစ်ပေါ်လာပြီး ကမ္ဘာကြီးအတွင်းတွင် မိုးသောက် အလင်းတန်းများ ပေါ်ထွက်လာခြင်း သို့မဟုတ် ရောင်ခြည်ဖြာ ထွက် မှုဖြစ်စဉ် ဖြစ်ပွားပြီး ရေဒီယိုလှိုင်းများ ယာယီ အနေဖြင့်ပြတ်တောက်သွားနိုင်
ကြောင်း သိရသည်။
လွန်ခဲ့သည့် ဒီဇင်ဘာလ ၂၆ ရက်နေ့က ဖြစ်ပွားခဲ့ရသည့် coronal mass ejection (CME) ခေါ် ဆိုလာပေါက်ကွဲမှု အကြီးစားဖြစ်စဉ် တစ်ခုကြောင့် လျှပ်စစ် သံလိုက်မှုန်များမှာ ကမ္ဘာဆီသို့ လွင့်စင်လာပြီး ဗုဒ္ဓဟူးနေ့တွင်  ကမ္ဘာ့သံလိုက် စက်ကွင်ကို ၇ နာရီခန့်ကြာမြင့်သည့်  ထိခိုက်မှုဖြစ်စေနိုင်မည် ဖြစ်သည်ဟု ကျွမ်းကျင်သူများမှ ခန့်မှန်းခဲ့ကြသည်။ အလားတူပင် နောက်ထပ် CME တစ်ခုမှာလည်း  ယင်းနေ့တွင်ပင်
နောက်တစ်ကြိမ် ထပ်ဖြစ်လာနိုင်ပြီး ကမ္ဘာကြီး၏ သံလိုက်စက်ကွင်းကို ထိခိုက်စေနိုင်မည် ဖြစ်သည်ဟု သိရသည်။

ယင်းသို့ နှစ်ကြိမ်ဖြစ်ပေါ်မှုကြောင့်  ပထဝီ သံလိုက်လှိုင်းများ ဖြစ်လာကာ ဗုဒ္ဓဟူးနေ့နှင့် ကြာသပတေးနေ့များတွင် ကမ္ဘာကြီး၏ ရေဒီယို လှိုင်းများကို ထိခိုက်မှုဖြစ်စေနိုင်မည် ဖြစ်သည်ဟုလည်း ကျွမ်းကျင်သူများမှ ခန့်မှန်းခဲ့ကြကြောင်း သိရသည်။ အလားတူပင် ဒီဇင်ဘာ ၂၈ နှင့် ၂၉ ရက်များတွင်လည်း အဆိုပါ ပေါက်ကွဲမှု အသေးစားများ နေလုံးကြီးတွင် ဖြစ်လာနိုင်ကြောင်း National Oceanic and Atmospheric Administration's Space Weather Prediction Center မှ ကြာသပတေးနေ့က ထုတ်ပြန်ခဲ့သည်။ ယခုလို ပထဝီသံလိုက် မုန်တိုင်းများကြောင့် ကမ္ဘာကြီး၏ တိမ်သားများထက်တွင် Aurora ဟုခေါ်သည့် မိုးသောက်အလင်းတန်း များ ဖြစ်လာစေကြာင်းလည်း သိရသည်။

1 comment:

  1. အဲ့ဒါကြောင့်ဟိုတနေ့က ရေဒီယိုဖွင့်လို့မရတာကိုး။
    ခုမှဘဲအဖြေပေါ်တော့တယ်။

    ReplyDelete

အပြင်းပြေ Drum တီးရအောင်