Saturday, 17 December 2011

ရက်စက်ယုတ်မာကောက်ကျစ်တဲ့ ခင်ပွန်းတစ်ယောက်အကြောင်း

ဘင်္ဂလားဒေ့ရှိနိုင်ငံက အဖြစ်အပျက်လေးတစ်ခုဖြစ်ပါသည်။
အထက်တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဘွဲ့ဒီဂရီတစ်ခုရဖို့ လေ့လာနေတဲ့ ဇနီးဖြစ်သူရဲ့ ညာဘက်လက် (၅)ချောင်းစလုံးကို ခုတ်ဖြတ်လိုက်တယ်လို့ ဆိုပါတယ်...
အသက် (၃၀) အရွယ်ရှိ ခင်ပွန်း Rafiqul Islam ဟာ UAE မှာ သွားရောက်အလုပ်လုပ်ကိုင်နေ သူ ဖြစ်ပါတယ်...သူဟာ ဘင်္ဂလားဒေ့ရှ်ကို ပြန်လာပြီး ဇနီးဖြစ်သူ Hawa Akhter ကို အံ့သြစရာလက်ဆောင် တခုပေးမယ်ဆိုပြီး...ရုတ်တရက် ဇနီးရဲ့မျက်လုံးနဲ့ ပါးစပ်တွေကို ပိတ်စည်းပြီး လက်တွေကိုလည်း ကြိုးနဲ့တုတ်ချည်လိုက်ပါတယ်...အဲဒီနောက် ညာဘက်လက်(၅)ချောင်းလုံးကို ခုတ်ဖြတ်လိုက်တာပါ..
ပြတ်သွားတဲ့ လက်ချောင်းတွေကိုလည်း ဆရာဝန်က ပြန်ပြီးမဆက်နိုင်အောင်ဆိုပြီး အမှိုက်ပုံးထဲကို ပစ်ထည့်ခဲ့ပါတယ်...
၈ တန်းပညာရေးအဆင့်သာရှိတဲ့ ခင်ပွန်းဖြစ်သူဟာ ဇနီးဖြစ်သူ ပညာတတ် ဖြစ်လာမှာကို မနာလိုဝန်တိုဖြစ်ပြီး အခုလိုလုပ်ခဲ့တာလို့ ဆိုပါတယ်...သူ့ဟာ အဖမ်းခံရပြီး ထောင်ဒဏ် တသက်တကျွန်း ကျခံဖို့ ရှိနေပါတယ်...လူ့အခွင့်အရေးအဖွဲ့တွေကလည်း သူ့ကို ထောင်ဒဏ်တသက်တကျွန်း ပြစ်ဒဏ်ပေးဖို့
တောင်းဆိုနေကြပါတယ်...သူမကတော့ ညာဘက်လက်ချောင်းတွေ မရှိတော့ပေမဲ့လည်း ဘယ်ဘက်လက်နဲ့ စာရေးလေ့ကျင့်ပြီး ဘွဲ့ဒီဂရီ ရအောင် ကြိုးစားမယ်လို့ ဆိုပါတယ်...
@ daily mail

5 comments:

  1. ya...u go,gurl...its not worthy to give up for that stupid shit-like guy >.<

    ReplyDelete
  2. လူမဆန်လိုက်တာ၊ အားမလျှော့တဲ့ မိန်းမလဲလေးစားတယ်။

    ReplyDelete
  3. မိုက်ရိုင်းလိုက်တာနော်..
    ပြန်ရှယ်သွားလိုက်တယ်

    ReplyDelete
  4. ဒါကတော့လည်း ပြောလို့မရနိုင်တာရှိမှာပေါ့ မိန်းကဒီဂရီရသွားရင် ဘာဖြစ်မယ် ရှင့်ကို ဘာလုပ်မယ်လို့ ပြောလားမှ မသိတာ ဘယ်ကိစ္စမဆို အကြောင်းမဲ့တော့ ဖြစ်မလာနိုင်ဘူးလေ ဒါပေမဲ့ ပိာုယောက်ျားက တဖက်သတ်ဖြစ်တာဆိုရင်တော့လွန်တာပေါ့ လောကမှာ တချို့မိန်းမတွေက ကိုယ်ပညာတတ်တာနဲ့ ကိုယ့်ယောက်ျားကို မလေးမစားလုပ်တာလေးတွေရှိလို့ အိမ်ထောင်ရေး အဆင်မပြေတာတွေလည်း အများကြီးပါ။

    ReplyDelete
  5. အင်း....ဘယ်လိုပြောရမလဲ။ လူတစ်ယောက်နဲ့ တစ်ယောက် မတူသလိုပေါ့
    လူဆိုးဖြစ်လို့ရတယ်...လူယုတ်မာတစ်ယောက်တော့ မဖြစ်တာ အကောင်းဆုံးပေါ့။ ဒါက ကျွန်တော့ ခံယူချက်ပါ ။

    ReplyDelete

အပြင်းပြေ Drum တီးရအောင်